အခန်း ၃

272 37 1
                                    

အပိုင်း ၃

စုဝမ် စာပို့သည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းရှိသူများကို ရှောင်မနေဘဲ ပို့ခဲ့သောကြောင့် ပရိသတ်များကလည်း ထိုပြန်စာကိုမြင်တွေ့သွားခဲ့သည် ။

(ဒါကို မစ္စတာ ဟော် ကိုယ်တိုင်ပို့တာမဟုတ်လောက်ဘူး)

(ပါတနာရှိုးကြည့်ထားပြီးတဲ့ဖန်တိုင်း မစ္စတာ ဟော်က အေးစက်ပြီးစကားနည်းမှန်း သိထားပြီးသားလေ ၊ ဒီလိုစာအရှည်ကြီးသူဘယ်လိုပြန်နိုင်ရတာလဲ?)

(နင် ဘယ်သူ့ကို မစ္စတာ ဟော် ဟန်ဆောင်ခိုင်းပြီး စာပြန်ပို့ခိုင်းလိုက်တာလဲ?)

Black fan များ ခုန်ပေါက်နေစဉ်၌ ထိုစာကို ပို့ခဲ့သောသူ၏ လက်က ဖုန်းကိုကိုင်ရင်း အနည်းငယ်တုန်လှုပ်သွားခဲ့သည် ။

အထူးလက်ထောက်က ဆေးရုံကုတင်ပေါ်ရှိ ဖြူဖျော့နေသောလူထံ သံသယဖြစ်စွာ လှမ်းကြည့်လိုက်သည်။ “မစ္စတာ ဟော် ၊ ကျွန်တော် မစ္စတာညွှန်ကြားတဲ့အတိုင်း စာပြန်ပြီးပါပြီခင်ဗျ”

ဟော်ချန်း က ပြောခဲ့ခြင်းဖြစ်နေသည် ၊ နေမကောင်းဖြစ်နေသည်မှာ မျက်နှာထက် အသိအသာ ပေါ်လွင်နေလျက် ဆေးရုံကုတင်ပေါ် လှဲနေသော်ငြား အရှိန်အဝါကတော့ဖြင့် တစ်စက်မျှ လျော့သွားခြင်းမရှိခဲ့ပါ ၊ အမြဲလိုပင် မျက်နှာပေါ် အမူအရာမရှိနေပေမဲ့ နတ်ဘုရားထံမှ ကောင်းချီအပြည့်နှင့် နမ်းမွှေးခံထားရသလိုသာ ဖြစ်နေဆဲဖြစ်သည် ။

ဤသို့သောမျက်နှာသည် ကမ္ဘာကို တုန်လှုပ်စေနိုင်သော မျက်နှာမျိုးဖြစ်သည့်တိုင် နှမြောစရာမှာ သူ့သွင်ပြင်က ဤနှစ်များတစ်လျှောက် အမူအရာတစ်ချက်ပြဖို့ တွန့်တိုလှသည့်အလား မည်သူကမျှ ထိုအမူအရာများကို မြင်တွေ့ထို့ မထိုက်တန်သလို ဖြစ်နေခဲ့သည် ။

သူ့ကြည့်ရသည်က အလိုလိုက်မတတ်ဖြစ်နေသော “မင်းကြိုက်တာသာဝယ် ၊ ကိုယ် ရှာနိုင်တယ်” လို့ပြောမည့် လူဖြစ်ပုံမရနေပါချေ ။

ကြွယ်ဝချမ်းသာသောသူဌေးဇနီးမောင်နှံ၏ ချိုမြိန်သောနေ့စဥ်ဘဝWhere stories live. Discover now