အခန်း ၄

257 38 0
                                    

အပိုင်း ၄

သူမ ပုံရိပ်ယောင်နယ်မြေထဲ ဝင်ရောက်လိုက်သည်နှင့်တပြိုင်နက် အံ့အားသင့်သွားခဲ့ရသည် ။

သူ့ရှေ့တွင် ဂီတတူရိယာအမျိုးမျိုး ၊ အကဖိနပ်ပေါင်းများစွာနှင့် လက်ရာမြောက်လက်ဖက်ရည်ခွက်များ ၊ ပန်းအလှပေါင်းမြောက်များစွာလည်း ရှိနေခဲ့သည် ။

လက်ဖက်ရည်ခွက်များက လက်ဖက်ရည်ပွဲတည်ခင်းခြင်းအနုပညာအတန်းအတွက် ပြင်ဆင်ထားသည့်အတိုင်း ၊ ထို့အပြင် ပန်းများကိုလည်း ပန်းစီစဉ်စည်းနှောင်သည့်အတန်းအတွက် ပြင်ဆင်ထားပုံရသည် ။

စုဝမ်က အံ့ဩသွားပုံရသည်။ “ဒါက….”

(ဒီနေရာမှာ host သင်ချင်တဲ့အရာအားလုံးကို သင်ယူနိုင်ပါတယ်)

စုဝမ်က ရွှေရောင်ဖိနပ်လေးကို ကောက်ယူလိုက်သည် ၊ ဖိနပ်က သူမနှင့်တိုင်းချုပ်ထားသည့်အလား သူမဝတ်လိုက်သောအခါ ကွက်တိဖြစ်နေခဲ့သည် ။

စုဝမ်သည် သူ့စိတ်ထဲ တွေးမိသည့်အရာအားလုံးကို ဖိနှိပ်ကာ ဖြည်းဖြည်းချင်း စိတ်ကိုလျှော့လိုက်နိုင်သည် ၊ ဤကမ္ဘာကြီးပေါ်၌ အလေအလွင့်ဖြစ်သော အစာဟူ၍မရှိကြောင်း ၊ ထိုထက်ပို၍ ကောင်းကင်ပေါ်မှကျလာသော ပိုင်မုန့်ကို လက်လွှတ်ဖို့မဖြစ်နိုင်ကြောင်း သူမ သိသည် ၊ system က သူမကို အရာများစွာ ထောက်ပံ့ထားသောကြောင့် ထပ်တောင်းဆိုဖို့မဖြစ်နိုင်ပါတော့ချေ ။

စုဝမ် မမေးမိဘဲ မနေနိုင် ။ “ရှင့်ဘက်က ကျွန်မကို ဘာပြန်ပေးစေချင်တာလဲ?”

System က မဖြေဘဲ ဆက်ပြောသည်။ (မင်ယွဲ့က ကျော်ကြားမှုတန်ဖိုး system နဲ့ ချည်နှောင်ထားတယ်မလား? သူ့ရဲ့ ကျော်ကြားမှုတန်ဖိုး အဆင့်တစ်ခုကိုရောက်တိုင်း သူက system ကနေ ဆုတောင်းတစ်ခုတောင်းတယ်)

စုဝမ် ဝတ္ထုကိုဖတ်နေခဲ့စဉ်က ဇာတ်လိုက်သည် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပြီးတိုင်း ပိုပိုပြီး အောင်မြင်ကျော်ကြားလာရင်း သူ၏ ပရိသတ်များကို ဆွဲဆောင်နိုင်သောစွမ်းရည်က တော်လွန်းလှသည်ကိုသာ သူမ သတိထားမိခဲ့သည် ၊ system နှင့်ချည်နှောင်ထားသည်ဟု သူမ သတိမထားမိခဲ့ပေ ။

ကြွယ်ဝချမ်းသာသောသူဌေးဇနီးမောင်နှံ၏ ချိုမြိန်သောနေ့စဥ်ဘဝKde žijí příběhy. Začni objevovat