Part-(2)

77 9 0
                                    

Part-(2)

~~~ နေ့လည်ပိုင်း ~~~

B:လီမင်းကြီး ကျွန်တော်မျိုးတို့ ဧကရာဇ်က
ဝေါယာဉ်နဲ့အတူ တင်တောင်းငွေ လက်ဝတ်
တန်ဆာ တွေနဲ့ ရွှေ ငွေ တွေ ဆက်သဖို့ ပေးပို့
လိုက်ပါတယ် ဒါဆို ကျွန်တော်မျိုး လီမင်းသား
ကို ခေါ်သွားပါတော့မယ်
L.P:ကောင်းပါပြီ အမတ်ကြီး ငါကိုယ်တော်
တောင်းဆိုထားတဲ့ ကိစ္စကော
B:ဧကရာဇ်မင်း က အကြောင်းမပြန်သေးပါဘူး
မင်းကြီး
L.P:ကောင်းပါပြီ အဖြေသိရင်တော့
အကြောင်းပြန်ပေးပါ ပြီးတော့
သားတော်လေး အတွက်
အထိန်းတော်ကြီး ကိုပါ
ထည့်ပေးလိုက်ချင်တယ်
B:ကောင်းပါပြီ မင်းကြီး
L.P:ကိုယ်တော် သားတော်လေးကို
သွားခေါ်လိုက်ဦးမယ်
B:ကောင်းပါပြီ မင်းကြီး

နောက်ဆုံးတော့ သားတော်လေးကို တိုင်းတစ်ပါး လက်ထဲ ပို့ဆောင်ရမဲ့အချိန် ရောက်လာပြီပဲ
မိဖုရားကြီးလဲ သားတော်လေး စိတ်နဲ့
စသိတဲ့အချိန် ထဲက မစားနိုင် မအိပ်နိုင်
သူ ကိုယ်တိုင်လည်း သားတော်လေးကို
မပေးရက်ပေ ကိုယ့်မှာ သွေးသားရင်းချာ ဆိုလို့
သားတော်လေး တစ်ပါးသာ ရှိသည် မဟုတ်လား
ဖန်းနိုင်ငံ ၏ အင်အားကို မယှဉ်နိုင်၍သာ
သားတော်လေးကို ထည့်ပေးလိုက်ရခြင်း
ဖြစ်သည် ဖန်းနိုင်ငံ ၏ ဧကရာဇ် သည်
မောက်မာလွန်းလှသည် သားတော်လေးကို
လာရောက် တောင်းရမ်းရာတွင် ဖန်းအမတ်ကြီး
တစ်ယောက်ထဲကိုသာ စေလွှတ်ပြီး လာရောက်
ခေါ်ဆောင်ရာ တွင်လည်း ဝေါယာဉ်တော် နှင့်
တောင်းရမ်းခ သဘောမျိုးသာ ရွှေ ငွေ လက်ဝတ်
တန်ဆာများကို ထည့်ပေးလိုက်သည် သူ ကိုယ်တိုင်
လာရောက်ခေါ်ဆောင်ခြင်း မရှိ ဖန်းဧကရာဇ် ကိုလဲ
တစ်ခါမှ မမြင်ဖူးပေ ငယ်ရွယ်သည် စစ်ရေးစစ်ရာ
တွင် အလွန်ကျွမ်းကျင်သည် ဟူ၍သာ ကြားဖူးသည်
အဘယ်ကြောင့် သူက သားတော်လေး ကို လိုချင်
လာသနည်း လီဟွမ်လဲ အတွေးထဲ နစ်မြောလာ
လိုက်ရာ သားတော်လေး နန်းဆောင်ရှေ့ ရောက်မှ
အထိန်းတော်ကြီး အသံကြောင့် အသိပြန်ဝင်လာ၏
မိဖုရားကြီးကတော့ ရောက်နှင့်နေပြီး
သားတော်လေး ကိုဖက်ကာ တရှုံ့ရှုံ့
ငိုကြွေးနေချေပြီ

ကြာပန်းလေးရဲ့အရှင် (Lotus's Owner)Where stories live. Discover now