Part-(4)

54 10 0
                                    

Part-(4)

F.B:ဧကရာဇ် ဧကရာဇ်
Fang:ဟမ် ... အင်း

     ဖန်းသော့ပင်းလဲ သူ့အထိန်းတော်ကြီး၏
ခေါ်သံကြောင့် အတွေးထဲမှ
ရုန်းထွက်လာလိုက်တယ် ...

F.B:ကြင်ယာတော်ဟွား နဲ့ ကျွန်တော်တို့
       စောင့်နေတာ ကြာပါပြီ အရှင် ...
       ကျွန်တော်မျိုးတို့က အဆင်ပြေပေမဲ့
       ကြင်ယာတော်ဟွား အတွက်က ..
Hua:ကျွန်တော်လဲ အဆင်ပြေပါတယ်
Fang:ရတယ် မင်းသွားတော့ လီလျန်ဟွား အော်
          ဒါနဲ့ ဒီည အလှဆုံး ပြင်ထားပါ ငါကိုယ်တော်
          လာရင် လာခဲ့မယ် ... ဒီညမှ မဟုတ်ဘူး
          ညတိုင်း ပြင်ထားပါ လီလျန်ဟွား ပြီးတော့
          မင်း ငါ့ခွင့်ပြုချက်မရဘဲ အဆောင်အပြင်ကို
          တောင် မထွက်ပါနဲ့ တွေ့ရင် အပြစ်ပေးခံရမယ်
Hua:ကောင်းပါပြီ အရှင် ဒါဆို ဟွားကို ခွင့်ပြုပါဦး

    လီလျန်ဟွား လဲ ဖန်းဧကရာဇ်ကို
အရိုအသေပေးပြီး ဥယျာဥ်ထဲက
ထွက်လာလိုက်တယ် ...  ဥယျာဥ်နဲ့
ခပ်လှမ်းလှမ်းအရောက်မှာ လှပတဲ့
လက်ဝတ်တန်ဆာတွေ အခြွေအရံတွေ
အများကြီး အပြင် နောက်မှာ မိဖုရားပုံစံ
4 ယောက်လောက်နဲ့ သူတစ်ယောက် ကို
တွေ့လိုက်တယ် ... သူ့အထင် တော့ ရှေ့ကသူက
မိဖုရားကြီး ဖြစ်လောက်တယ် ... အဲ့ချိန် သူလဲ
ကြောင်ပြီး ရပ်နေမိပြီး တခြား မိဖုရားလို့
ထင်ရတဲ့ မိဖုရား 4 ယောက်ထဲက 1 ယောက်က
ထအော်မှသာ အသိဝင်လာတယ် ...

J:မိဖုရားကြီး တစ်ယောက်လုံး ရှေ့ရောက်နေတာ
   တောင် အရိုအသေပြုရကောင်းမှန်း မသိဘူးလား
Hua:ဟွား ... ဟွား တောင်းပန်ပါတယ် ဟွား
        အရိုအသေပေးပါတယ် မိဖုရာကြီး

   အဲ့ချိန် နောက်တစ်ယောက်က ထပ်ပြောတယ် ..

H:ယောက်ျားလေး ကြင်ယာတော် ဖြစ်တဲ့အပြင်
    ဘာမဟုတ်တဲ့ လီတိုင်းပြည်လို နေရာမျိုးကဆို
    တော့လဲ ဒီလောက်ပဲ ရှိမှာပေါ့ လွှတ်ထားလိုက်ပါ
    ဂျူမိဖုရား ရယ် ဟက်

  သူ့အပြင် သူ့တိုင်းပြည်ကိုပါ စော်ကားနေပေမဲ့
သူ့မှာ ဝတ်စုံကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရုံသာ
တတ်နိုင်တယ် ... မိဖုရားကြီးဆိုသူက သူ့ကို ကြည့်
ပြီး တစ်ခုခု စဥ်းစားနေပုံပဲ

ကြာပန်းလေးရဲ့အရှင် (Lotus's Owner)Donde viven las historias. Descúbrelo ahora