Part-(7)

89 11 0
                                    

Part-(7)

~ တစ်လခန့် ကြာသောအခါ ~

လီလျန်ဟွား ဖန်းနိုင်ငံတော် ကို ရောက်တာ
တစ်လခန့်ပင် ရှိတော့မည် ... ဒီ တစ်လ အတွင်း
အဆောင် အပြင်တောင် ထွက်ခွင့်မရခဲ့ပေမဲ့
စူးစူး က နေ့တိုင်း လာလည်ပေးလို့သာ
အဆင်ပြေတော့သည် ... အရှင်ကလဲ ...
ညတိုင်းလိုလို ကြွလာတတ်ပေမဲ့
မနက်စာ တူတူစားပြီးတဲ့နေ့ထဲက မနက်
သူ နိုးလာတာနဲ့ အရှင် မရှိတော့ပေ ...
တူတူလာအိပ်ပေးတဲ့ ညကတောင်
သူနိုးလာတဲ့အချိန် အရှင် ကမရှိတော့ဘူး ...
အဲ့အချိန်တိုင်း သူ့မှာ ကြိတ် ဝမ်းနည်း
ရပြန်သည် ... အဲ့ဒါကြောင့်ပဲ သူ့
ပန်းချီကားလေးကိုတောင် အရှင့်ကို
လက်ဆောင် မပေးရသေးပေ ...
အထိန်းတော်ကြီး ကို ရင်ဖွင့်၍
ရသော်လည်း သူ့အတွက်ကြောင့်
တခြားသူ တစ်ယောက်ကို စိတ်မရှုပ်စေလိုဘူး ...
သူလဲ အရှင့်ရဲ့ ဂရုစိုက်မှုတွေကို အနည်း နဲ့ အများ
တော့ လိုချင်မိပါတယ် ... ဒါမဲ့ အရှင် က သူ့ကို
တကယ် မုန်းနေတဲ့ ပုံပဲ ... သူ အဲ့ ကိစ္စကို
တွေးမိတိုင်း မျက်ရည်က သူ့အလိုလို ဝဲလာမိတယ် ...
စူးစူး ကို အကူအညီတောင်းထားသည့် ကိစ္စ
ကလဲ အခုထိ သူငယ်ချင်း က အဲ့အလည်လာတဲ့
တစ်ယောက် နဲ့အတူ ရေနစ်ပြီး ဆုံးပါးသွားသည်
က လွဲလို့ ဘာမှမသိရသေးပေ ... သူလဲ
ဒီအတောအတွင်း အရှင် နဲ့ တွေ့တိုင်း ဖြစ်ပေါ်လာတဲ့
ခံစားချက် တွေကို အဖြေရှာကြည့်တိုင်း ' အချစ် '
လို့ပဲ ခေါင်းစဥ် တပ်ချင်လာတယ် ... ဒါပေမဲ့လဲ
အရှင့်မှာ ကြင်ယာတော် တွေ မိဖုရားတွေ
အများကြီး အပြင် မိဖုရားခေါင်ကြီးပါ ရှိသေးသည်
မဟုတ်လား ... သူ့လို ကြင်ယာတော် တစ်ယောက်
ကို အရှင်က ဘယ်လိုလုပ် ...

S:ဟိတ် ... ဘာတွေ စဥ်းစားနေတာလဲ ဟွား ရဲ့

သူတွေးနေတုံး စူးစူး ခေါ်လိုက်တာကြောင့်
လန့်သွားမိသည် ...

Hua:လန့်လိုက်တာ စူးစူး ရယ် ဟင် ဘယ်တုံးက
ရောက်နေတာလဲ အထိန်းတော်ကြီး တို့
အသံ လဲ မကြားမိပါဘူး
S:ခေါ်ပါတယ်ရှင် .. ရှင်လေး ကသာ
အတွေးတွေလွန်ပြီး မကြားတာပါနော်
Hua:အော် အဲ့လိုလား ဟီး တောင်းပန်ပါတယ် နော်
စူးစူး ဟွား အတွေးလွန်သွားလို့
S:ရပါတယ်ရှင် မလိုတာတွေကို ... ဒါနဲ့ ဘာတွေ
တွေးနေတာလဲ ဟွားရဲ့ စူး ကိုလဲ ပြောပြပါဦး
Hua:ဒီအတိုင်း ဟိုတွေး ဒီတွေးပါပဲ စူးစူး ရယ်
S:အရှင့် အကြောင်းရော ပါတယ်ပေါ့
Hua:ဟီး ပါတယ် ပြီးတော့ ဟိုကိစ္စရောပဲ
S:အွန်း အဲ့ ကိစ္စကလေ မိဖုရားကြီး နဲ့လဲ
ဆိုင်မယ် ထင်တယ်
Hua:ဟင် ဘာလို့လဲ စူးစူးရဲ့
S:စူး သိရသလောက် ဧကရာဇ် ရယ်
အဲ့ အချစ်ဆုံး သူငယ်ချင်း ဆိုတဲ့
တစ်ယောက် ရယ် မိဖုရားကြီးရယ် က
သူငယ်ချင်း တွေတဲ့
Hua:အဲ့ဆို မိဖုရားကြီး လဲ ဒီကိစ္စ သိလောက်မယ်
S:ဟုတ်တယ် ပြီးတော့ ဟွမ် ဥယျာဥ်တော် နဲ့လဲ
ဆက်စပ်နေလိမ့်မယ် ထင်တယ်
Hua:ဘာလို့လဲ စူးစူး ရဲ့ ပြီးတော့ အဲ့
ဟွမ် ဥယျာဥ်တော် က ဘယ်နားမှာလဲ
S:အွန်းး ဟွား ရောက်ဖူးမှာပဲ အရင်တစ်ခါ
ဟွား ကို ဟို မိဖုရားတွေ ပြဿနာ ရှာတုံးက
ဟွား ထွက်လာတဲ့ ဥယျာဥ်တော် က
ဟွမ် ဥယျာဥ်တော် ပဲ
Hua:အော် အဲ့ဒါလား အဲ့ဆို ဘာလို့ အဲ့လို
ထင်တာလဲ အဲ့ ဥယျာဥ်တော် က
တော်တော်လဲ လှတယ်လေ
S:အွန်း လှတာကတော့ အမှန်ပဲ အဲ့ ဥယျာဥ်တော်
မှာ ရှိတဲ့ ရေကန်မှာ ကောင်လေး တစ်ယောက်
ရေနစ်ပြီး ဆုံးသွားဖူးတယ်လို့ စူး ကြားဖူးတယ်
ပြီးတော့ အဲ့ ရေကန် က ဟိုး ဖန်းဧကရာဇ်
ငယ်ငယ်လေးထဲက ရှိတာဆိုတော့
ဆက်စပ်ကြည့်ရင် ဖြစ်နိုင်တယ်
Hua:သေချာတွေးကြည့်ရင် ဟုတ်တယ်နော်
ပြီးတော့ အဲ့နေ့က ဟွားတို့ သွားတုံးကလဲ
အရှင် က တစ်ခုခုကို တွေးနေသလိုမျိုး
ရေကန်ကို အကြာကြီး ရပ်ကြည့်နေဖူးတယ်
S:အဲ့ဆို ဟုတ်တယ် ဒီထပ် သိရအောင် စူး
ဆက်စုံစမ်းလိုက်ဦးမယ်
Hua:အွန်း ကျေးဇူးပါနော် စူးစူး
S:ရပါတယ်ရှင် ... ဒါနဲ့လေ ဟွား ဒီ အဆောင်
ထဲမှာပဲ နေနေရတာ မပျင်းဘူးလား ဟွားရဲ့
Hua:ပျင်းတာပေါ့ စူးစူး ရယ် ဒါမဲ့လဲ
ဘယ်တတ်နိုင်မလဲ အရှင့်အမိန့် က
ရှိသေးတာကို
S:အင်းနော် ဒါဆို .... ခိုးထွက်ကြည့်ကြမလား
Hua:အာ ... စူးစူး ကလဲ ပြဿနာ တတ်သွားမှာပေါ့
S:ခဏပဲလေ ဟွားလဲ ဒီလောက် ပျင်းနေမှာကို
Hua:ခိုးထွက်တာက ဟုတ်ပါပြီ ဘယ်သွားကြမှာလဲ
အရှင်က နေရာတိုင်း ရှိနေနိုင်မှာကို ...
S:ဟွမ် ဥယျာဥ်တော် ကို သွားမယ်လေ
Hua:ဒါမဲ့ အဲ့မှာလဲ ရှိနေနိုင်တာပဲလေ
S:အရှင်က အဲ့ ဥယျာဥ်တော် ကို မသွားဘူး ဟွား ရဲ့
ဟွား နဲ့ တုံးကတောင် ရောက်နေလို့ အကုန်လုံး
အံ့သြနေကြတာ ဟွား ရဲ့
Hua:ဟင် တကယ်လား
S:ဟုတ်တယ် ဟွား ရဲ့ ဒီ နန်းတော်ထဲမှာ
ဥယျာဥ်တော် သုံးခု ရှိတယ် ဟွား တစ်ခုက
ဟွမ် ဥယျာဥ်တော် အဲ့ကို ဖန်းဧကရာဇ် က
မသွားဘူး နောက်တစ်ခုက ရုံ ဥယျာဥ်တော်
အဲ့ကိုတော့ များသောအားဖြင့်တော့ သွားတယ်
နောက်ဆုံးတစ်ခုက လျန်ဟွား ဥယျာဥ်တော်
အဲ့ဟာကတော့ ဘယ်သူ့မှ ဝင်ခွင့်မရှိဘူး
အရှင် တစ်ယောက်ထဲပဲ သွားလေ့ရှိတယ်
အဲ့ ဥယျာဥ်တော် မှာ အဆောင်ကြီးလဲ
ရှိတယ် ပြောတယ် အဲ့ အဆောင် ကို
လျန်ဟွားလုံ လို့ ခေါ်တယ်တဲ့
အဲ့ ဥယျာဥ်တော် က အဝင်ဝက
လှမ်းကြည့်ရင်တောင် သိပ်လှတယ် ဆိုပဲ
ကြာပန်းတွေဆိုတာလဲ ရေကန် အပြည့်တဲ့
Hua:အော် သွားဖူးချင်လိုက်တာ ဟွား က
ကြာပန်း ဆို အရမ်းကြိုက်တာ ဟီး
S:စူးရော အရမ်းသွားချင်တာ ဒါမဲ့ အဲ့ ဥယျာဥ်တော်
ကို အမြဲတမ်း အစောင့်တွေ တင်းတင်းကြပ်ကြပ်
ချထားတယ်ရယ် ဘယ်သူမှ ဝင်လို့ မရဘူး
Hua:အော် အဲ့ဆိုလဲ ဟွမ် ဥယျာဥ်တော် ပဲ
သွားတာပေါ့နော်
S:အွန်း ဟွား သွားကြမလား
Hua:အင်း စူး မျက်နှာ အုပ်တာ ယူဦးမလား
S:ရတယ် ဟွား စူး အဝတ်နဲ့ပဲ ခဏ အုပ်လိုက်မယ်

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

ကြာပန်းလေးရဲ့အရှင် (Lotus's Owner)Where stories live. Discover now