Part-(5)

67 6 2
                                    

Part-(5)

      ဖန်းသော့ပင်း စာလွှာတွေ ဖတ်နေရင်း
အချိန်တောင် တော်တော် ကြာသွားတယ် ...
နောက်တော့မှ စာလွှာတွေ ဖတ်နေရင်း
ဒီနေ့မနက်က ခြေမြန်တော်နှင့် ရောက်ရှိလာသော
လိီတိုင်းပြည်က စာပေလွှာကို ဖတ်ရန်
သတိရသွားတယ်

Fang:ဟမ့် လီအဘိုးအိုကြီးက ဘာတွေများ
          အရေးတကြီး တောင်းဆိုစရာရှိလို့လဲ
          သူ့သား ဒီရောက်တာမှ မကြာသေးဘူး
          ငါကိုယ်တော် စီ ဘာလို့ စာလွှာပို့ရတာပါလိမ့်
          ဖတ်ကြည့်လိုက်ဦးမယ်

      ဖန်းသောပင်း လည်း ဖတ်လက်စ စာလိပ်ကို
ဘေးချ၍ လီတိုင်းပြည်က စာလိပ်ကို ဖြည်၍
ဖတ်လိုက်သည် ... စာထဲတွင် လီမင်းကြီးသည်
သူ့သားတော် လီလျန်ဟွား အား တစ်နှစ်တစ်ကြိမ်
လီတိုင်းပြည်ကို ပြန်လာစေချင်လိုကြောင်း
တောင်းဆိုထားတာ ဖြစ်သည်

Fang pov:ဒါပဲ ခဏခဏ တောင်းဆိုနေတာဘဲ
                 လီလျန်ဟွား ရောက်တဲ့နေ့ ကလည်း
                 အမတ်ကြီးနဲ့ လျှောက်တင်ခိုင်းလိုက်
                 သေးတယ် သူတို့ သားတော်ကျ
                 လွမ်းတတ်လိုက်ကြတာ အရင်ကလို
                 လွယ်လွယ်တောင်းဆိုတိုင်း အလျော့ပေး
                 ပြီး ပြန်လွှတ်မယ် ထင်နေလားမသိဘူး

    တွေးရင်း အတိတ်က အဖြစ်အပျက်များ
ပြန်မြင်ယောင်လာပြီး ဒေါသက ထွက်လာရပြန်သည်

Fang pov:ဒီနေ့ လီလျန်ဟွား စီ ငါကိုယ်တော်
                 သွားမယ် ပြောထားတာဘဲ တွေ့မယ်
                 ကောင်းကောင်း စိတ်ဒုက္ခ ပေးပြမယ်

Fang:လာကြစမ်း ငါကိုယ်တော် ကြင်ယာတော်
          လီလျန်ဟွား စီသွားမယ် အသင့်ပြင်ထားကြ
F.B:ကောင်းပါပြီ ဧကရာဇ်မင်း

---------

~~ ကြင်ယာတော် လီလျန်ဟွား အဆောင်တော် ~~

L.B:ဟွား
Hua:ဗျာ အထိန်းတော်ကြီး

    လီလျန်ဟွား က စာအုပ် ဖတ်နေရင်း ခေါင်းလေး
မော့ကြည့်ပြီး အထိန်းတော်ကြီး ကို ထူးလိုက်တယ် ..

L.B:ညရောက်တော့မယ် ဟွား ဧကရာဇ်မင်း က
      ကြွလာမယ် ပြောထားတယ်မလား
Hua:အော် ... ဟုတ်သားပဲ ဟီး ဟွား စာအုပ်ထဲ
        အာရုံရောက်နေမိလို့
L.B:ဟုတ်ပါပြီရှင် အခုတော့ ပြင်ဆင်ကြရအောင်
      နော်
Hua:ဟုတ် အထိန်းတော်ကြီး

ကြာပန်းလေးရဲ့အရှင် (Lotus's Owner)Where stories live. Discover now