Part-(6)

47 8 0
                                    

Part-(6)

>>> မိဖုရားကြီး နန်းဆောင် <<

H:ဟဲ့ ဂျူမိဖုရား ကြားပြီးပြီလား မနေ့ညကလဲ
    အရှင်မင်းကြီးက ဟို လီတိုင်းပြည်က
    ကြင်ယာတော် စီ သွားအိပ်ဆောင်ဝင်တယ်တဲ့

  ဟွေ့မိဖုရား ပြောလိုက်သည်နှင့်
ဂျူမိဖုရားကလဲ သောက်လက်စ
လက်ဖက်ရည်ခွက်အား ချလိုက်ပြီး မဲ့ရွဲ့ကာ

J:ကြားသားပဲ မနက်စာပါ တူတူစားပြီးမှ
   အိပ်ဆောင်ကနေ ပြန်ပြီး ညီလာခံ
   တက်​ရောက်တယ်တဲ့လေ ...

  ရှန်မိဖုရားကလဲ

X:တစ်ကယ်ပဲ အဲ့ကြင်ယာတော်စုတ်က
     ဘာတွေနဲ့ မြူဆွယ်ထားလဲ မသိဘူး
     ဘာလို့ အရှင် က သူ့စီပဲ သွားနေရတာလဲ
     ငါတို့စီဆို မဂ်လာဦးည ထဲက မလာတာမလား
     ဟိုတစ်နေ့က ဟွမ် ဥယျာဥ်တော်ရှေ့
     တွေ့လိုက်တာ မှတ်မိကြရဲ့လား မျက်နှာက
     ပဝါအုပ်ထားပြီး ရိုးသားတဲ့ပုံကို မပေါ်ဘူး
     မိဖုရားကြီး ကိုလဲ မလေးစားဘူး တရားဝင်လဲ
     လာမနှုတ်ဆက်ဘူး မလှုပ်တလှုပ်နဲ့
     သဘောကိုမကျပါဘူး ...
H:မိဖုရားကြီး သူ့ကို ဒီတိုင်းပဲ
     ကြည့်နေတော့မှာလား ပညာတော့
     ပေးသင့်နေပြီနော်
J:ဟုတ်တယ် မိဖုရားကြီး
   ကောင်းကောင်းဆုံးမပေးဖို့ လိုနေပြီ

  မိဖုရားတွေရဲ့ တစ်ယောက်တစ်ခွန်း
စကားတွေကို နားထောင်ရင်း ချိိီယွဲ့လင်း
ဒေါသကို မနည်းထိန်းချုပ်နေရသည် ...
မျက်နှာမှာလည်း ဒေါသကြောင့်
နီမြန်းနေသော်လည်း ဟန်ဆောင်ပြုံးလိုက်ရင်း
လက်ဖက်ရည်ခွက်ကို အသာချကာ ...

Lin:သူက တိုင်းတစ်ပါးက မလား ဒီက
       စည်းမျဥ်းတွေကို မသိတာ
       လက်ခံနိုင်စရာပါပဲ ဒါပေမဲ့ စည်းမျဥ်းတွေ
       သိအောင်တော့ သင်ပေးရမှာပေါ့ ပြီးတော့
       သူက အမျိုးသားကြင်ယာတော် မလား
       ကလေး လဲ ရနိုင်တာ မဟုတ်ဘူး
       အရှင်မင်းကြီး သူ့စီ သွားလည်ပြီး
       အိပ်ဆောင်ဝင်တာကို စိတ်ပူမနေကြပါနဲ့
       တစ်ချိန်တော့ ရိုးသွားမှာပါပဲ
       အသစ်အဆန်းမို့သာ ခဏသဘောကျနေရုံပဲ
       မလား နန်းသွေးကို မွေးရမှာ က တို့တာဝန်ပဲလေ
       အဲ့ဒါကို စိတ်ပူမနေကြပါနဲ့တော့ ကဲ ဒီလောက်နဲ့
       သွားနား​ကြတော့ ငါလဲ ပင်ပန်းလို့ နားချင်နေပြီ
All:ကောင်းပါပြီ မိဖုရားကြီး

ကြာပန်းလေးရဲ့အရှင် (Lotus's Owner)Where stories live. Discover now