Part2

23 1 0
                                    


"အားး!!!"
မှိုင်း၏ ကျယ်လောင်လှသည့် အော်သံကြောင့်  ဆိုင်ဖွင့်ဖို့ပြင်ဆင်နေသည့် ဒေါ်တင်တင်ညိုနှင့် ထမင်းဟင်းချက်နေသော ခင်စန္ဒာတို့ အပြေးအလွှားရောက်လာသည်။
"ဟဲ့ သား ဘာဖြစ်တာလဲ..!!"
"ဘာဖြစ်လို့လဲ အလန့်တကြား.."
အခန်းထောင့်တွင်ရောက်နေသည့် ကြောင်ပေါက်လေးဟာ တကယ်တော့ ချစ်စရာလေးပါ။ တစ်စုံတစ်ယောက်သော သူအတွက်မှ လွဲ၍။
"ကြည့်ဦး ကျွန်တော့်အိပ်ယာပေါ်မှာ အမွှေးတွေ ဒီကောင်ဘယ်အပေါက်ကဝင်လာလဲ မသိဘူး .."
"ယောကျာ်းကြီးတန်မဲ့ ကြောင်လေးတစ်ကောင်ကို ဟယ်.."
အစ်မက မဲ့ရွဲ့ကာပြောပြီး ထွက်သွားသည်။
"အမေ့ မောင်းပေးဦး ဒီကောင်အဲ့နားကကို မခွာဘူး.."
"ဪ ငါ့သားနှယ် မင်းက သူ့လမ်းကိုပိတ်ထားတာကိုး ဖယ်လိုက် အမေမောင်းလိုက်မယ်.."
"ဟေ့ ရှူး ရှူး ."
ကြောင်လေးက ကြောက်အားလန့်အားဖြင့် လွတ်ရာသို့ ခုန်ဆင်းသွားသည်။
သားဖြစ်သူကိုကြည့်ရင်း ဒေါ်တင်တင်ညိုတစ်ယောက် ပြုံးစစဖြင့်သာ ခေါင်းရမ်းမိတော့သည်။
မှိုင်းက ကျန်တာတွေကို သိပ်ပြီးဇီဇာမကြောင်တတ်သော်လည်း  ကြောင်နဲ့ပတ်သတ်လျှင်တော့မရပေ။ ​သားငယ်ငယ်တုန်းက ကြောင်ကုတ်တာခံလိုက်သည့်အချိန်မှစ၍ ကြောင်ကိုကြောက်ပြီးမုန်းသွားခြင်းဖြစ်သည်။ သူဒီလောက် ကြောင်တွေကိုမုန်းတာတောင်မှ ကြောင်တွေက မကြောက်မလန့်ဖြင့် မှိုင်းအနားကိုကပ်ချင်ကြသည် မှိုင်းအခန်းထဲသို့လည်း တဝင်ဝင်။
မှိုင်းက ဘယ်လောက်ဘဲကြောင်တွေကို မုန်းမုန်း ရိုက်ပုတ်မလွှတ်တတ်ပေ။
ထိုသို့သော ကြောင်နှင့်သဟဇာတမဖြစ်သည့်ကလေး၏ ရင်ဘတ်တွင်မှ ကြောင်လက်ရာအမှတ်အသားလေး ပါနေသည်မှာ ထူးခြားသည့်ဖြစ်ရပ်ပင်။
~~~~~~~လွန်ခဲ့သော အတိတ်တစ်ချို့
"ဒီနေ့ကျမှ ကောင်းကင်တစ်ခုလုံးကလည်း အုံ့မှိုင်းနေတာပဲ မိုးရွာမယ်ထင်တယ်.."
ဒေါ်တင်တင်ညိုတစ်ယောက် တစ်ကိုယ်တည်း ငြီးတွားရင်း သမီးလေးလက်ကို တင်းနေအောင်ဆွဲထားရသည်ည်။ ထိုအချိန်တုန်းက သမီးလေးဟာ ၇နှစ်သာသာအရွယ်လေးပင်။ စျေးထဲမှာ မိုးအုံ့လာတာကြောင့် ဝယ်သူတွေရော ရောင်းသူတွေရော ပြာယာခတ်နေကြသည်။
"အမြန်ပြန်မှပါ.."
ဝယ်စရာခြမ်းစရာတွေလည်း ကုန်ပြီမို့ စျေးထဲတွင်ကျိတ်ကျိတ်တိုးနေသောလူတွေကို အတင်းတိုး၍ စျေးအပြင်သို့ထွက်ရန် အားစိုက်နေရသည်။
"သမီး မငေးနဲ့ အမေ့လက်ကိုသေချာကိုင်ထား.."
ဟိုငေးဒီငေးလုပ်နေသည့် သမီးဖြစ်သူကို မန်ရသေးသည်။
"ဟုတ်ဘူးအမေရဲ့ ဟိုမှာကလေးလေးတစ်ယောက်ငိုနေလို့..."
သမီးရဲ့စကားကြောင့် ဒေါ်တင်တင်ညိုလည်း ဘေးဘီဝဲယာကို အာရုံထားမိတော့သည်။
ဖွေးဖွေးသန့်သန့် ကလေးလေးတစ်ယောက် ထိုင်ငိုနေသည်ကိုတွေ့တော့ ဒေါ်တင်တင်ညိုတစ်ယောက် ကလေးနားသွားမိသည်။ မိုးမိမှာစိုး၍ စျေးဝယ်သူကလည်း အပြေးအလွှား ရောင်းသူကလည်း အပြေးအလွှားဖြစ်နေတာကြောင့် ကလေးကိုဘယ်သူမှသတိမထားမိကြချေ။
"သားသား ဘာဖြစ်လို့လဲ သားသားမေမေတို့ရော.."
၂နှစ်သာသာ၃နှစ်အရွယ်မို့ စကားကိုလိပ်ပတ်အောင်မပြောတတ်သည့်အပြင် ​ငိုပဲငိုနေတာကြောင့် ဒေါ်တင်တင်ညိုမှာ စိတ်အိုက်နေရသည်။
ထားခဲ့ဖို့ကျပြန်တော့လည်း သားသမီးချင်းကိုယ်ချင်းစာသည့်စိတ်ကြောင့် ခြေလှမ်းတို့ကမရွေ့ဖြစ်ချေ။ အနီးအနားက စျေးသည်တွေကိုမေးကြည့်မိသည်။
"အစ်မ အစ်မ ဒီကလေးရဲ့မိဘတွေကို သိလိုက်လားဟင်.."
"ဟိုအစ်မ အအမ်းယူသွားအုန်း ..ဟမ် ဘယ်ကကလေးလည်း ဒီမှာအအမ်း ၅၀၀.."
စျေးရောင်းရင်းဖြင့် သူမ၏ အမေးဆီသို့ အာရုံသိပ်မရချေ။
"မသိဘူးတော်ရေ ကျုပ်တို့လည်း မိုးကတစ်ဖက် စျေးဝယ်ကတစ်ဖက်နဲ့ဆိုတော့ အာရုံမထားမိလိုက်ဘူး ပျောက်သွားမှတော့ ပြန်လာရှာမှာပါ.."
စျေးသည်က  အာပေါင်အာရင်းသန်စွာပြောလေသည်။
ဒေါ်တင်တင်ညိုလည်း ကလေးနှစ်ယောက်ကို လက်ကဆွဲရင်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
အချိန်အတော်ကြာစောင့်နေသော်လည်း ကလေးမိဘတွေပေါ်မလာတာကြောင့် အိမ်သို့သာခေါ်လာခဲ့ရတော့သည်။နောက်ရက်တွေလည်း စျေးထဲမှာ ကလေးနှင့်သွားစောင့်ပါသော်လည်း ကလေးမိဘတွေနှင့်မတွေ့ခဲချေ။ ထို့ကြောင့် သနားစရာကလေးငယ်လေးအား သူမပဲခေါ်ယူမွေးစားလိုက်ရတော့သည်။ကလေးတစ်ယောက်အမေမုဆိုးမဖြစ်သည့် သူမတို့ဘဝထဲသို့ သားလေးရောက်လာချိန်ဟာ မိုးတွေအုံ့မှိုင်းနေတာကြောင့် သားလေးနာမည်ကို သူမက "မှိုင်းလုံးညို"ဟု မှည့်ပေးခဲ့ခြင်းဖြစ်သည်။
~~~~~~~~~~~~~
"မေမေ ကျွန်တော့်အတွက် မုန့်ဖိုး..."
အနားကပ်ကာ ချွဲနေသည့် သားဖြစ်သူ ထက်မြတ်ညီအား ဒေါ်စုစုချစ်တစ်ယောက် ပြုံးပြီးကြည့်နေမိသည်။ "ကဲ ဘယ်လောက်လိုပြန်ပြီလဲ သားနော် ဒီရက်ပိုင်း အရမ််းသုံးတာပဲ..."
"မေမေကလည်း သင်တန်းတွေတက်နေရလို့ပါ..နည်းနည်းလေးသုံးတာကို.."
မေမေ့ခါးလေးကိုဖက်ကာ ချွဲတော့ သူ့ကိုအလိုလိုက်တတ်သည့် မေမေက သူလိုသည့်ပိုက်ဆံကို ထုတ်ပေးလေသည်။
"ဟီး ဒါကြောင့် မေမေ့ကိုချစ်တာ မွ... "
မေမေ့ပါးကို နမ်းလိုက်တော့ မေမေက သဘောတကျရယ်လေသည်။
"လိုတာရလို့ အမေကိုချွဲနေတာ ဟွန်း.."
သားမိနှစ်ယောက်အတိုင်အဖောက်ညီနေတုန်း ဦးသီဟပြည့်စုံဝင်လာသည်။ ပုံစံကြည့်ရတာ အလုပ်ကနေဝင်လာပုံရသည်။
သားမိနှစ်ယောက်လုံး မျက်နှာပိုးတွေသပ်လိုက်ရသည်ည်။
"ဟိုကောင် ဘယ်သွားမလို့လဲ.."
ဆိုဖာပေါ်သို့ ဆက်ခနဲဝင်ထိုင်ရင်း သားဖြစ်သူကို မေးလိုက်သည့်အမေးဖြစ်သည်။
ဖေဖေဟာ သူတို့သားမိအပေါ်ဆို ဘယ်တော့မှ မနုညံ့ချေ။
"ကျွန်တော် သင်တန်းသွားမလို့ပါဖေဖေ.."
ဦးသီဟက သားဖြစ်သူကို မျက်ခုံးနှစ်ဖက်စုကျုံ့ကာ ခြေဆုံးခေါင်းဆုံးကြည့်သည်။
အပေါ်မှာဝတ်ထားသည်က လည်ပင်းဟိုက်ဆွဲသားစွယ်တာလက်ရှည်ကိုမှ ပန်းဖျော့ရောင် အောက်ကဘောင်းဘီကပေါင်လည်လောက်အတိုုအကပ်။
"မင်း ဒီပုံစံတွေဝတ်ပြန်ပြီလားကွ ဟမ် မင်းကိုအတိုုအကပ်ဘောင်းဘီတွေ အဲ့ဒီကျတ်သရေမရှိတဲ့ မိန်းမအရောင်တွေမဝတ်နဲ့ဆိုတာ မင်း နားမလည်ဘူးလား..ပုံစံကို အခြောက်လိုလိုဘာလိုလိုနဲ့ ဒါကြောင့်လည်း အမေကမင်းလိုကောင်မျိုးကို ဆက်ခံသူနေရာအတွက်လူရာမသွင်းတာ .."
ညီညီတစ်ယောက် ခေါင်းကိုငုံ့ကာ မေမေ့နောက်တွင် ရို့ရို့လေးရပ်နေမိသည်။  သူ ဖေဖေ့ကို တကယ်ကြောက်သည်။ သူငယ်ငယ်ကတည်း ဖေဖေဟာ စည်းကမ်းတင်းကြပ်လွန်းပြီး အချိန်တိုင်းလည်း စိတ်တိုနေတတ်သည်။
ညီညီ သိတတ်စအရွယ်ကတည်းက "ဆက်ခံသူနေရာ"ဆိုတာကို ဖေဖေတစ်ဖွဖွပြောတတ်သည်။အဲ့ဒီဆက်ခံသူနေရာကို ဖေဖေဘာကြောင့်မက်မောနေမှန်းမသိသော်လည်း ညီညီတို့သားမိကတော့ အမြဲတမ်းမာန်မဲခံရသည်သာ။
ဖေဖေကတော့ ထုံးစံတိုင်း သူ့ရဲ့ပျော့တိပျော့ဖက်ပုံစံကို ပစ်တင်ရှုံ့ချသည်။ ငယ်ငယ်ကဆို ဘောင်းဘီအတိုုကပ်တွေဝတ်ရင် ဒါမှမဟုတ် သူမကြိုက်တဲ့အရောင်တွေ (ဖေဖေမကြိုက်တဲ့အရောင်တွေက ညီညီအကြိုက်ဆုံးအရောင်တွေပါလေ)ဝတ်ရင် ဖေဖေက အရှိုးရာထင်အောင်ရိုက်တတ်သည်။
အရွယ်ရလာတော့ သိပ်မရိုက်တော့ပေမယ့် စိတ်မထင်ရင်မထင်သလို ထလုပ်တတ်တာကြောင့် သူကြောက်ရပါသည်။ ဒီနေ့လည်း အပြင်သွားရဖို့မသေချာတော့သလို အရိုက်မခံရဖို့ပါ ဆုတောင်းရမည့် အခြေအနေမို့ ညီညီတစ်ယောက် စိတ်ညစ်နေရပါတော့သည်။
ညီညီဟာ တစ်ကောင်ကြွက်တစ်မျက်နှာသမားလိုပဲ တစ်ခါတလေ အစ်ကိုဖြစ်ဖြစ် အစ်မဖြစ်ဖြစ်အရမ်းရှိချင်မိတယ်။ အစ်ကို။ ညီညီ့မှာ အစ်ကိုဝမ်းကွဲတစ်ယောက်ရှိခဲ့ဖူးသည်ပဲ အဲ့အစ်ကိုကို အမြန်ဆုံးရှာတွေ့ပါစေ။
~~~~~~~
"ငါ့မြေးကို ငါကိုယ်တိုင်ပဲရှာတော့မယ်..."
"မလုပ်ပါနဲ့မေမေရယ် မေမေ့ကျန်းမာရေးလည်းရှိသေးတယ်မဟုတ်လား.."
"ဟုတ်ပါတယ်မေမေရယ် အခုမှ နလန်ထခါစကို..."
"တော်စမ်းပါအေ..ညည်းတို့က သားအရင်းကိုတောင် အဖြစ်ရှိအောင်မရှာနိုင်ကြဘူး "
ခုမှနလန်ထခါစ အမေအိုက တောင်ဝှေးကူစရာမလို လူတွဲစရာမလိုအောင် သန်မာဖျတ်လတ်လှသည်။ စိတ်မြန်လက်မြန်ရှိလှသည်မှာလည်း သူမတို့လိုက်မမှီချေ။
မိဘရင်းဖြစ်သည့် သူတို့လည်း သောကရောက်ခဲ့ပါသည်။ အခုချိန်ထိလည်း သားလေးအတွက် မျက်ရည်မဆည်နိုင်ဖြစ်နေဆဲပါ။ သို့သော်လည်း မျက်ရည်တစ်စက်မှမကျသည့် အသက်၇၀ကျော်၈၀အရွယ် သူမယောက္ခမက ဇွဲကြီးစွာ ခုထိရှာဖွေနေဆဲ။ နှစ်ချီပြီး ပျောက်ဆုံးနေသည့်သားလေးကို သူမတို့စိတ်ထဲမှာတော့ သိပ်မမျှော်လင့်ရဲချေ။
ဆက်ခံသူနေရာကို လွှဲပေးဖို့ အချိန်တန်နေပြီ။ မိသားစုတွေသိုက်သိုက်ဝန်းဝန်းဖြင့် ရှိနေရမည့်အချိန်မှာ ​မြေးလေးကတော့ ဘယ်လို ဘဝမျိုးမှာနေနေရပါလိမ့်။
~~~~~~~~~
"မှိုင်းရေ ဒီမှာပါဆယ်လေးပို့ပေးပါဦး...နောက်ပြီး ဟိုချိုင့်သုံးချိုင့်က အပျိုကြီးအဆောင်ကိုပို့ရမှာ..."
"ဟာ လာပြန်ပြီ မိန်းကလေးအဆောင်ကို မပို့ချင်ပါဘူးဆို..."
"နင်ကလည်း ဘယ်သူမှနင့့်ကိုက်မစားားဘူး ဒီမှာလူကျနေလို့ကို ရစ်မနေနဲ့ မြန်မြန်သွားမြန်မြန်ပြန်ခဲ့..."
မပို့ချင်ပါသော်လည်း တကယ်ပဲဆိုင်မှာ လူကျနေသည်မို့ စက်ဘီးလေးခပ်သော့သော့နင်းကာ အော်ဒါလိုက်ပို့ရတော့သည်။
အစကတော့ အကြော်နှင့်မုန့်ဟင်းခါးလေးသာ ရောင်းခြင်းဖြစ်သည်။ အခုတော့ ထမင်းဟင်းလေးပါတွဲရောင်းဖြစ်တော့ ဆိုင်မှာရောင်းအားပိုတက်လာသည်။ အမေရော အစ်မကပါလက်ရာကောင်းကြတော့ စားသုံးသူလည်းမပျက်ပေ။
ရပ်ကွပ်အနီးအနားတွင် အဆောင်တွေလည်းပေါတော့ သူတို့ထမင်းဆိုင်လေးဟာ နေ့ချင်းညချင်းလူသိများကာ စည်ကားလှပေသည်။
"ကလင် ကလင်,,,"
လူခေါ်ဘဲလေးတီးလိုက်တော့ ခြံထဲမှ ဝဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦးထွက်လာသည်။
"မှိုင်းပါလား အော်ဒါလာပို့တာလား..."
အဆောင်ပိုင်ရှင်ဒေါ်အပျိုကြီး၏ အမေးကို ခေါင်းသာငြိမ့်ပြလိုက်သည်။
"ဒီနေ့တော့ ခင်စန္ဒာမအားလို့ထင်တယ် အပျိုကြီးဆောင်ကိုမလာစဖူးဆိုတော့ ဟင်း ဟင်း.."
"နာမည်ကဒ်တွေပါတယ်..."
ချိုင်တွေတွင် ချိတ်ထားသည့် နာမည်ကဒ်တွေကို မေးဆတ်ပြတော့ ဒေါ်အပျိုကြီးက သေချာကြည့်ယူသည်။
"အေးအေး .."
မှိုင်း၏ ကျောပြင်ကိုကြည့်ရင်း အပျိုကြီးတစ်ယောက် မျက်ခုံးကျုံ့ရင်းခေါင်းခါမိတော့သည်။
"စကားကလည်း နည်းပါဘိ.."
*************-----------********-------*****------******
Part3
Continue>>>>
9:17PM(Saturaday)
27.1.2024
AN/ကြောင်လူသားလေးကတော့ မပေါ်သေးပါဘူးနော်😸😻အစပိုင်းလေးတွေမှာ မှိုင်းရဲ့ဇာတ်ကြောင်းလေးတွေကိုရှင်းသွားမှာမို့ ပျင်းမသွားကြနဲ့ဦးနော်😥😥😶

"မေတ္တာရိုင်း" or"My Boy is the Cat"😻😻😻Where stories live. Discover now