Part4

12 0 0
                                    

ပတ်ဝန်းကျင်ဟာ တည်ငြိမ်တိတ်ဆိတ်နေ၏။ နန်းရိပ်မြိုင်အိမ်တော်ကြီး၏ ဧည့်ခန်းထဲတွင်တော့ လူစုံလျှက်ရှိသည်။ အိမ်တော်တွင် အကြီးဆုံးဖြစ်သည့် ဖွားနန်းဟာ ကျွန်းစာပွဲရှည်ကြီး၏ ထိပ်ဆုံးတွင် တည်ငြိမ်ထည်ဝါစွာ ထိုင်နေ၍ သားကြီးဖြစ်သည့် ဦးကောင်းပြည့်စုံတို့ ဇနီးမောင်နှံဟာ ညာဘက်တွင်ထိုင်၍ သားငယ်ဖြစ်သည့် ဦးသီဟပြည့်စုံကတော့ ဘယ်ဖက်တွင်ထိုင်လေသည်။
အိမ်တော်ကြီး၏ လူယုံဖြစ်သည့် ဦးစံကောင်းဟာ ဖွားနန်း၏ နောက်ကျောဘက်တွင် ရပ်နေ၏။ အိမ်မှာရှိသည့် အလုပ်သမားများလည်း  အညီအညာ တန်းစီကာရပ်နေကြသည်။
"အဟမ်း..!"
ဒေါ်နန်းမြတ်သိင်္ဂီက ချောင်းတချက်ဟန့့်လိုက်သည်နှင့် အားလုံး သတိအနေအထားဖြစ်သွားကြသည်။
"ငါ ဒီနေ့ ခေါ်လိုက်တဲ့အကြောင်းအရင်းက ဒီအိမ်တော်ကြီးရဲ့ နောက်ဆုံးမျိုးဆက်လည်းဖြစ် ဆက်ခံသူလည်းဖြစ်တဲ့ မဟာသွေး ပြန်လာလိမ့်မယ်.."
"ဗျာ!"
ဦးသီဟ၏ အာမေဋိတ်သံဖြစ်သည်။
"အမေတို့ ပြန်ရှာတွေ့ပြီလို့ ဆိုလိုတာလား.."
မိဘရင်းတွေဖြစ်သည့့် ဦးကောင်းပြည့်စုံတို့ကလည်း ထိုမေးခွန်း၏ အဖြေကိုစိတ်ဝင်စားနေကြသည်။ မေမေက သူတို့ကို ဘာမှပြောပြမထားပေ။
"အေး ဟုတ်တယ် ဒီနေ့သွားခေါ်မှာ အဲ့တွက် ဒီနေ့ဒီအိမ်မှာ ငါ့မြေးပြန်ရောက်တဲ့အတွက် ကြိုဆိုပွဲလုပ်ပေးရမယ် အားလုံးကိုလည်း တစ်ခါတည်းမှာထားမယ် ငါ့မြေးပြန်ရောက်တာနဲ့ ငါ့မြေးကို သခင်လေးလို့ခေါ်ရမယ် နောက်ပြီး တရိုတသေ တလေးတစားဆက်ဆံရမယ် ငါ့မြေး တစ်ခုခုစိတ်အနှောင့်အယှက်ဖြစ်သွားရင် အားလုံးကို ငါကိုယ်တိုင်အပြစ်ပေးမယ် ကြားလား..."
"ဟုတ်!(အလုပ်သမားများ၏ အော်သံ)"
"သွားခေါ်မှာဆိုတော့ ကျွန်တော်တို့လိုက်ခဲ့လို့ရမလား.."
"မင်းတို့က မိဘရင်းတွေလေ မင်းတို့မပါလို့ဖြစ်မလား.."
ဦးကောင်းပြည့်စုံတို့လင်မယားကတော့ တစ်ယောက်လက်ကိုတစ်ယောက် ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။ နှစ်၂၀လောက်ဝေးကွာနေသည့်သူတို့သားလေးနဲ့ ပြန်တွေ့ရမည့်အရေးမို့ ပိုပြီးရင်ခုန်ရသလို ဝမ်းလည်းသာရပါသည်။
~~~~~~~~
ချောင်ကျကျ ရပ်ကွပ်လေးထဲသို့ အိမ်စီးကားအဖြူကြီးတစ်စီး ကြပ်ကြပ်တည်းတည်းဝင်လာနေသည်။
ဖုန်မှုန့်အလိမ်းလိမ်း ကပ်နေသည့်ကားကြီးဟာ အပြည့်အဝမဖြူစင်တော့ပေ။
ရပ်ကွပ်ထိပ်က ကွမ်းယာဆိုင်လေးတစ်ခုတွင်ရပ်ကာ ဒါရိုက်ဘာကဆင်း၍ လမ်းဆက်မေးရသည်။ သူတို့မေးနေတာ ဒါနဲ့ဆို သုံးဦးရှိပြီ။ သခင်လေးက ဘယ်လိုချောင်ကြိုချောင်ကြားမှာနေနေပါလိမ့်။
"အစ်မ အစ်မ ဒေါ်တင်တင်ညိုဆိုတာကိုသိလားဗျ.."
"ဒေါ်ကြီးတင်လား ရှင်ပြောတဲ့ဒေါ်တင်တင်ညိုက ထမင်းရောင်းတာလား.."
"ခင်ဗျာ..အဲ့ဒါတော့ ကျွန်တော်လည်း သေချာမသိဘူးဗျ ကျွန်တော်သိတာ နာမည်တစ်ခုထဲ... "
"အော် အဲ့လိုဆိုလည်း ထမင်းရောင်းတဲ့ဒေါ်တင်တင်ညိုဆီပဲညွှန်လိုက်မယ် ဒီရပ်ကွပ်မှာတော့ ဒေါ်တင်တင်ညိုက တစ်ယောက်ပဲရှိတာ.. "
ဒီလိုနှင့် ထိုအမျိုးသမီးပြောပြသည့် ထမင်းဆိုင်သို့ သူတို့ မောင်းလာခဲ့တော့သည်။
~~~~~~~
"ဟဲ့ သမီးရေ ထမင်းစားမယ့် ဧည့်သည်တွေထင်တယ် ဘာလိုလဲဘာစားမလဲမေးလိုက်ဦး..."
ကားပေါ်မှ ဖွားနန်း၊ ဦးကောင်းပြည့်စုံ၊ ဒေါ်မျိုးမြတ်ရတနာ၊ဦးသီဟပြည့်စုံ၊ဦးစံကောင်း၊ကားဒါရိုက်ဘာတို့ အသီးသီးဆင်းလာကြသည်။
ဦးသီဟကတော့ ဆိုင်ကိုအသေအချာအကဲခတ်နေ၏။
ဖွားနန်းနှင့်ဦးကောင်းပြည့်စုံတို့ကတော့  သားဖြစ်သူကိုသာ မျက်လုံးဖြင့်လိုက်ရှာနေ၏။
"ထိုင်ပါဦးရှင့် ဘာများသုံးဆောင်မလဲရှင့်..."
ခင်စန္ဒာက အလျှင်အမြန်လောကွတ်ပြုကာ ဧည့်ခံလေသည်။
ဖွားနန်းက ဦးကောင်းကိုကြည့်လိုက်သည်။ ပြောလိုက်ဆိုသည့် သဘောမှန်း ဦးစံကောင်းက သဘောပေါက်လေသည်။
"ဒီလိုပါ တူမကြီး ဒါကဒေါ်တင်တင်ညိုရဲ့ဆိုင် ဟုတ်ပါတယ်နော်.."
"ဟုတ်ပါတယ်  ဘာကိစ္စများရှိလို့လဲရှင်.."
"ဦးလေးတို့လာရင်းကိစ္စက ဒေါ်တင်တင်ညိုနဲ့ပြောမှအဆင်ပြေမှာမို့ပါ.."
"အမေ အမေနဲ့ပြောမှဖြစ်မှာတဲ့.."
ခင်စန္ဒာက အမေဖြစ်သူကို လှမ်းခေါ်တော့ ဒေါ်တင်တင်ညိုရှေ့ထွက်လာသည်။
"ကျွန်မကဒေါ်တင်တင်ညိုပါ ဘာကိစ္စများရှိလို့လည်းရှင့်..."
"ဒီလိုပါ အစ်မကြီး လွန်ခဲ့တဲ့နှစ်၂၀လောက်က စျေးတစ်ခုမှာ ကောက်ရခဲ့တဲ့ကလေးနဲ့ပတ်သတ်တာပါ.."
ဒေါ်တင်တင်ညိုတစ်ယောက်ရင်ထိတ်သွားသည်။
"အစ်မကြီးက စျေးရုံးမှာကလေးတွေ့ရှိကြောင်း တိုင်ထားခဲ့တာသိရပါတယ်.."
"ရှင်တို့က သားရဲ့မိဘအရင်းတွေဆိုတာ ကျွန်မကဘယ်လိုယုံရမှာလဲ "
"သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံပါပါတယ်..ကလေးက အစ်မကြီးမွေးစားထားတာကိုတော့ ဝန်ခံတယ်ပေါ့.."
"အို ဘာကိုဝန်ခံတာလဲ ကျွန်မကို ကလေးသူခိုးပုံစံ လာဆက်ဆံမနေနဲ့ ကျွန်မက မွေးစားခဲ့တာ မိခင်စိတ်သပ်သပ်နဲ့ပါ ကျွန်မကမွေးစားအမေဆိုတာ သားလေးကိုလည်း ဖွင့်ပြောထားပြီးသား သူလည်းအားလုံးသိတယ် ရှင်တို့တွေ ဘယ်အချိန်ပြန်လာခေါ်မလဲ သူ့မိဘရင်းတွေ ဘယ်သူလဲဆိုတာ သူအမြဲသိချင်နေခဲ့တာ.."
ဒေါ်တင်တင်ညိုက မျက်ရည်ဝဲလာသည်။ မျှော်နေရတဲ့ခလေးကိုတော့ အားမနာ သူတို့ဘက်ကပဲ မာရေကျောရေနဲ့။
"ကျွန်တော်က အဲ့သဘောမျိုးပြောတာမဟုတ်ပါဘူး အတည်ပြုချင်တဲ့သဘောပါ.."
"နေစမ်းပါဦး သားရဲ့မိဘရင်းတွေက ဘယ်သူလဲ .."
"မိဘရင်းတွေက ကျွန်တော်တို့ပါ.."
ဦးကောင်းပြည့်စုံ၏ အဖြေစကားဖြစ်သည်။
"ရှင်တို့ကမိဘရင်းတွေသာပြောတယ် အေးတိအေးစက်နဲ့ပါလား..ကျွန်မသားကို ရှင်တို့နဲ့ပြန်ထည့်ပေးဖို့ ကျွန်မသေချာစဥ်းစားရဦးမယ်"
"ဒီမှာ ရှင် ဘယ်​​ေလာက်လိုချင်လို့လဲ ကျွန်မတို့သားကို ကျွန်မတို့လက်ထဲပြန်ထည့်​ေပးဖို့ "
"သမီး"
"မျိုး.."
ဦးကောင်းပြည့်စုံနှင့် ဒေါ်နန်းမြတ်သိင်္ဂီတို့၏ အသီးသီးတားမြစ်သံဖြစ်သည်။
"ကျွန်တော့်ဇနီးရဲ့ စကားအမှားအတွက်တောင်းပန်ပါတယ် အစ်မကြီးယုံအောင်လဲ ကျွန်တော်တို့သက်သေပြလို့ရပါတယ် သားလေးဟာ ကျွန်တော်တို့ အိမ်တော်ရဲ့ နောက်ဆုံးမျိုးဆက်ပါ ဒါက ကျွန်တော့်အမေပါ အမေကလည်း သူ့မြေးလေးစိတ်နဲ့တစ်ရက်မှ အိပ်မရခဲ့ပါဘူး နှစ်၂၀ဆိုတဲ့အားကို အစ်မကြီး ကိုယ်ချင်းစာကြည့်လို့ ရမယ်ထင်ပါတယ်.. "
ဦးကောင်းပြည့်စုံ၏ စကားကြောင့် ဒေါ်တင်တင်ညိုရဲ့ဒေါသတချို့ပြေပျောက်သွားရသည်ည်။ သူတို့သာမိဘရင်းတွေဆိုရင် တကယ်ကို ရင်နင့်နေရှာလိမ့်မည်။
ဦးစံကောင်းက မဟာသွေး ငယ်ငယ်ကပုံလေးတွေချပြသည်။ ထို့နောက်မိသားစုလိုက်ဓာတ်ပုံပါချပြလေသည်။ ဒေါ်တင်တင်ညိုတို့သားမိလည်း သေချာယူကြည့်နေမိသည်။ မွေးကင်းစကနေ သူမတို့စျေးထဲမှာတွေ့သည့်အရွယ်ထိ ပုံလေးတွေဖြစ်သည်။
သားက တကယ်ကို လူချမ်းသာလေးပဲ။ ဝမ်းနည်းဝမ်းသာခံစားချက်ကြောင့် မျက်ရည်တို့အလိုလိုစီးကျလာသည်။
"သားရဲ့ ဘယ်ဘက်ရင်အုံမှာ ကြောင်လက်ရာအမှတ်အသားပါတယ်မလား.."
"ဟုတ်ပါတယ် ကျွန်မယုံပါတယ် "
"သူအခုဘယ်မှာလဲ.."
စရောက်ကတည်းက ဘာစကားတစ်ခွန်းမှမဆိုသည့် ဖွားနန်းဆီမှ စကားသံဖြစ်သည်။
"သူ အော်ဒါသွားပို့ပါတယ်.."
"ဒါနဲ့ မှိုင်းကို တစ်ခါတည်းခေါ်သွားကြတော့မှာလား."
ခင်စန္ဒာ၏ အမေးစကားကို ဖွားနန်းက နာူမလည်သလိုကြည့်သည်။
"မှိုင်းဆိုတာ?"
"မှိုင်းလုံးညို လို့သားကိုနာမည်ပေးထားတာပါ.."
"သူ့နာမည်အရင်းက မဟာသွေးပါ..သူ့ကို ပြန်ခေါ်သွားမှာပါ. "
"ကျွန်တော်ကတော့ မလိုက်နိုင်ဘူး..."
ဘယ်ချိန်ကတည်းက နောက်မှာရောက်နေမှန်းမသိသော မှိုင်း၏ အသံဖြစ်သည်။ အားလုံး၏ အကြည့်တို့က မှိုင်းထံသို့ဖြစ်သည်။
အညိုရောင်တောက်တောက်မျက်လုံးတွေကြောင့်သာမဟုတ်ရင် သူမတို့သားလေးဟု မှတ်မိရန်မလွယ်ကူပေ။
"သားရာယ်.."
ဒေါ်မျိုးမြတ်ရတနာက ဟန်မဆောင်နိုင်စွာဖြင့် သားဖြစ်သူပြေးဖက်လေသည်။ ဦးကောင်းပြည့်စုံလည်း မျက်မှန်အောက်မှ မျက်ရည်တို့ကို ပုတ်ခတ်သိမ်းနေရသည်။ မှိုင်းမျက်နှာကတော့ ခံစားချက်မဲ့နေလျှက်ရှိသည်။ဦးသီဟကတော့ သူ့သားထက် ယောကျာ်းပီသလှသည့့် တူတော်မောင်ကို စူးစမ်းကြည့်ဖြင့်ကြည့်နေမိသည်။မနာလိုာလိုမှုတစ်စွန်းတစ်စလည်းပါဝင်လျှက်ရှိ၏။
ဒေါ်တင်တင်ညိုကတော့ အံ့သြနေလျှက်
"သား ဒါမင်းရဲ့မိဘအရင်းတွေလေ မင်းအမြဲတမ်းမျှော်နေတဲ့ မင်းရဲ့မိဘတွေ.."
"မြေး ဘာကြောင့်မလိုက်ချင်တာလဲ.."
ဖွားနန်းကတည်ငြိမ်စွာမေးလိုက်သည်။
"ကျွန်တော်ပြန်လိုက်ရင် ကျွန်တော့်အမေတို့ကိုပါခေါ်မှာလား.."
"အို ဒါကတော့.."
ဒေါ်မျိုးမြတ်ရတနာ၏ စကားကို ဖွားနန်းက မျက်လုံးအကြည့်တစ်ချက်ဖြင့်သာ တားလိုက်သည်။
"မြေးဖြစ်ချင်တာသာပြောပါ အားလုံးမြေးရဲ့စိတ်တိုင်းကျဖြစ်စေရမယ်"
ဒေါ်နန်းမြတ်သိင်္ဂီစကားကြောင့် မျက်ခုံးကျုံ့သွားသူက ဒေါ်မျိုးမြတ်ရတနာဖြစ်သည်။ အလိုမကျသော်လည်း  ယောက္ခမဖြစ်သူ၏ အာဏာကြောင့် နှုတ်ဆိတ်နေရသည်။
ထိုအချိန်တွင် ထပြောသူက ဦးသီဟပြည့်စုံဖြစ်သည်။
"နန်းရိပ်မြိုင်အိမ်တော်ကစည်းကမ်းချက်တွေထဲမှာ အိမ်တော်တွင်း လူစိမ်းတွေမဝင်ရဘူးဆိုပြီးပါသလားလို့..."
ဦးသီဟ၏ မျက်လုံးတွေက ဒေါ်တင်တင်ညိုတို့သားမိဆီတွင်ဖြစ်သည်။
"ငါ့မြေးက နန်းရိပ်မြိုင်အိမ်တော်ရဲ့ သခင်လေးဘဲ သူ့အတွက်ဆိုရင် အဲ့ဒီစည်းမျဥ်းတွေမလိုဘူး မင်းကားပေါ်မှာသွားစောင့်နေပါ..."
အမေ့ရဲ့ ခွဲခြားမှုတွေကို ဦးသီဟ အတော်လေးစိတ်ကုန်နေမိသည်။ သခင်လေး ဟုတ်လား။
ဦးသီဟတစ်ယောက် မှိုင်းကိုစိုက်ကြည့်ကာ ကားပေါ်သို့ထွက်သွားသည်။
"မနက်ဖြန်မနက်ကျရင် အိမ်တော်ကနေ အကြိုလွှတ်လိုက်ပါ့မယ် အားလုံးအဆင်သင့်လုပ်ထားကြပါ..."
"သား အမေတို့နဲ့အခုတစ်ခါတည်းလိုက်ခဲ့ပါ့လား...."
"ကျွန်တော် မနက်ဖြန်မှ လာခဲ့ပါ့မယ်..."
ဒေါ်မျိုးမြတ်၏ ဝမ်းနည်းရိပ်စွန်းသည့် မျက်နှာက မှိုင်းရင်ကိုပူလောင်စေသည်။
ဒါဟာ သွေးကစကားပြောခြင်းလား။
~~~~~~~~~~~~~~~~~
Part5
Continue>>>>
12:56Pm
18.2.2024
AN/Upမမှန်ပြန်ဘူး☹️ စိတ်နည်းနည်းရှုပ်တာနဲ့ စာရေးမရတဲ့ ကိုယ့်ကိုယ်ကိုစိတ်တိုမိတယ်😕 အကြံလေးပေးကြပါအူး😓စိတ်ကိုဘယ်လိုပျော်အောင်ထားရမလဲလို့😿

"မေတ္တာရိုင်း" or"My Boy is the Cat"😻😻😻Where stories live. Discover now