Part7

17 0 0
                                    


လူတစ်ယောက်လုံးသယ်လာသည်ကို ဘယ်သူမှ မမြင်အောင်လုပ်ရသည်မှာ ထင်ထားတာထက် ပိုခက်လှသည်။
သူ့ရဲ့အခန်းကလည်း ထိပ်ဆုံးမှာဖြစ်လေတော့ ဒီကောင်လေး အခန်းထဲရောက်ဖို့အရေး သူအတော်လေး အလုပ်ရှုပ်ရသည်။ ကံကောင်းသည်က ကောင်လေးကပေါ့ပေါ့လေးမို့သာ။
သူ့အခန်းထဲသို့ ရောက်သည်အထိ ကောင်လေးဟာ နိုးမလာခဲ့သည်ကြောင့်  သူတတ်သလောက်မှတ်သလောက်နှင့်ပြုစုနေရသည်။
အချိန်အတော်ကြာမှ ထိုဖြူစုပ်စုပ်ကောင်လေးဟာ နိုးလာသည်။ မျက်လုံးတွေ ဖွင်လိုက်သည့် အချိန်
"ဟင်!!"
သူ့ပါးစပ်မှ အာမေဋိတ်သံထွက်သည်အထိ အံ့သြသွားရသည်မှာ ပြာလဲ့တောက်ပနေသည့် မျက်ဝန်းတစ်စုံကြောင့်ဖြစ်သည်။
ကောင်လေးကတော့ သူ့ကို စိတ်မဝင်စား။ ပတ်ဝန်းကျင်ကိုသာ ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေသည်။
သူရောက်နေတာ တကယ် တကယ်ကို လူ့ကမ္ဘာလား။
မျက်ဝန်းစိတ်ထဲမှာ အံ့သြဝမ်းသာစိတ်များဖြစ်နေမိသည်။
သူရှေ့တွင် ထိုင်ကာ သူ့ကိုကြောင်အပြီးကြည့်နေသူက အမှန်စင်စစ်လူသားဖြစ်ရမည်။
မဟာ တစ်ယောက် သူ့ကိုလက်ညှိုးလေးဖြင့် တို့ကြည့်လိုက် သူ့ခန္ဓာကိုယ်ကိုလက်ဖြင့်တို့ကြည့်လိုက်ဖြင့် ပျော်နေသည့်ပုံစံပေါက်နေသည့် ကောင်လေးကိုကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။
စိတ်ရောမှန်ရဲ့လား ဟူသည့်ပုံစံဖြင့် မဟာက ခေါင်းရမ်းလေတော့ ထိုကောင်လေးကလည်း ခေါင်းလိုက်ရမ်းကာ ဖြူဖွေးနေသည့် သွားတန်းညီညီလေးများ ပေါ်သည်အထိ သဘောတကျပြုံးနေလေသည်။
"ဟေ့..မင်းနာမည် ဘယ်သူလဲ ဘယ်ကလာတာလဲ ဘယ်လိုလုပ်ငါတို့အိမ်တော်ထဲရောက်နေရတာလဲ.."
မဟာရဲ့မေးခွန်းပေါင်းများစွာကို ကောင်လေးက တစ်ခွန်းမှမဖြေဘဲ သူ့ကိုသာစိုက်ကြည့်နေသည်။
"မင်းစကားမပြောတတ်ဘူးလား ငါမေးနေတယ်လေ.."
ထိုကောင်လေးက သူ့ကိုပြူးကြောင်ကြောင်လေးသာကြည့်နေ၏။
"ဒေါက် ဒေါက် ဒေါက်.."
ထိုစဥ် တံခါးခေါက်သံကြောင့် ကောင်လေးကို အသံမထွက်ရန် သတိပေးလိုက်သည်။
"ဘယ်သူလဲ.."
"ဒေါ်ထားပါသခင်လေး..."
"ဘာကိစ္စရှိလို့လဲဗျ.."
"မယ်တော်ကြီးကအခေါ်လွှတ်လိုက်လို့ပါ.."
"ကျွန်တော်ခဏနေလာခဲ့မယ် ဒေါ်ထားသွားလို့ရပြီ.. "
"ဟုတ်ကဲ့ သခင်လေး..."
ဒေါ်ထားထွက်သွားလောက်သည့်အချိန်မှ အပြင်သို့ ခေါင်းထွက်ကြည့်မိသည်။ ဒေါ်ထားမရှိတော့တာ သေချာမှ သက်ပြင်းချနိုင်သည့် မဟာ။
တံခါးပြန်ပိတ်ပြီး ကောင်လေးကိုကြည့်လိုက်တော့ သူလုပ်သမျှကို မျက်လုံးဝိုင်းလေးတွေဖြင့်လိုက်ကြည့်နေသည့် ကောင်လေးကြောင့် သူပြောချင်သည့်စကားတွေ လေထဲတွင်ရပ်တန့်ကုန်သည်။
အပြာရောင်တောက်တောက် မျက်လုံးလေးတွေက ပိုမိုဝိုင်းစက်နေပြီး နှုတ်ခမ်းရဲရဲလေးတွေကလည်း လုံးလုံးလေးဖြစ်နေသည်။ ဖြူဖွေးလွန်းသည့်အသားအရည်ကြောင့် ဒီကောင်လေးက ရုပ်ဆိုးမသွားပေ။
"ဟေ့ ဒီမှာ မင်းဒီအခန်းထဲမှာ လိမ်လိမ်မာမာနေခဲ့ ငါအပြင်ခဏ သွားလိုက်ဦးမယ် ငါပြန်လာရင် မင်းဆီက အသံကြားချင်တယ်..."
ကောင်လေးကတော့ နှုတ်ဆိတ်နေဆဲ။
မဟာ အဖွားအခန်းသို့ ရောက်ချိန်တွင် အဖွားက သူ့ကို ဧည့်ခန့့်ဆောင်တွင် ထိုင်စောင့်နေ၏။ အဖွားအခန်းနှင့်တကွ တခြားအခန်းတချို့ဟာ ရေချိုးခန်း အိမ်သာပါသည့့်အပြင် ဧည့်ခန်းပါထည့့်ပေးထားသည်မို့ အခန်းတစ်ခန်းဟာ အိမ်တစ်လုံးစာကျယ်ဝန်းလှပေသည်။
"မြေးရောက်လာပြီလား ထိုင်ပါဦး..."
သူ အဖွားရှေ့တွင် ရို့ကျိုးစွာထိုင်လိုက်သည်။
"အဖွား ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ပါ..."
"ဟုတ်တယ်မြေး အရေးကိစ္စပြောစရာရှိလို့.."
သူနားစွင့်နေမိသည်။
"မြေးကို အဖွားပြောပြခဲ့ဖူးတဲ့ ကြောင်ကမ္ဘာက သခင်လေးပျောက်သွားလို့.."
"ဗျာ.."
မဟာ အံ့သြသွားသည်က အဖွားပြောသည့့် ပုံပြင်လိုလိုဟာတွေက တကယ်ရှိသည်ဆိုတာကြောင်ပင်။ နောက်တစ်ခုက ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် ဟိုကောင်လေးက သူ့ဆီရောက်လာသည်။
"ဟုတ်တယ်မြေး အဲ့ကိစ္စကြောင့် သူတို့ဘက်မှာ အတော်လေးအခက်အခဲဖြစ်နေတယ် အထူးသဖြင့် သူ့ရဲ့မိခင်ပေါ့..ဟင်းး"
အဖွားကသက်ပြင်းမောကြီးချကာ အတော်လေးစိတ်မောနေဟန်ဖြစ်နေသည်။
"မြေးကို တစ်ခုလောက်သတိပေးချင်တယ် "
"ဟုတ်ကဲ့ အဖွား..."
"အကယ်၍များ မြေးသူ့ကိုတွေ့ခဲ့ရင် သူ့ကို အိမ်ပြန်ဖို့ဖျောင်းဖျပေးပါ...."
"ဗျ ဗျာ ကျွန်တော်က ကျွန်တော်နဲ့ ဘယ်လိုလုပ်ဆုံမှာလဲမဖြစ်နိုင်တာ.."
အဖွားက ခေါင်းကို ဖြေးညင်းစွာခါလိုက်ပြီးနောက်
"မဟုတ်ဘူးမြေး ငါ့မြေးက အဖွားနေရာကိုယူမယ့့် ဆက်ခံသူဖြစ်သလို သူကလည်း သူ့မိဘနေရာကိုယူမယ့်ဆက်ခံသူပဲ ဒါကြောင့် ဆက်ခံသူအချင်းချင်း ချိတ်ဆတ်မိနိုင်တယ်  အဖွားပြောသလိုပဲ သူ့ကိုတွေ့ခဲ့ရင် အဖွားကို အကြောင်းကြားပါ နောက်ပြီး ဖျောင်းဖျပေးပါ..."
အဖွားက သူ့ကို အတိအကျမှာနေတာမို့ သူခေါင်းငြိမ့်ပြမိသော်လည်း စိတ်ထဲမှာတော့ ဟိုကောင်လေးရဲ့ပုံရိပ်တွေသာဝဲနေသည်။
"သူဆိုတာ ကျွန်တော်ဘယ်လိုလုပ်သိပါ့မလဲ အဖွားရယ်.."
"မခက်ခဲပါဘူး သူ့မှာ အများနဲ့မတူတဲ့ မျက်ဝန်းပြာပြာလေးတွေရှိတယ်..."
"ဟင်!"
ခပ်တိုးတိုးထွက်သွားသည့့် အာမေဋိတ်မို့ အဖွားကမကြားပေ။
"ကဲကဲ မြေးသွားလို့ရပြီ..."
"ဟုတ်.."
သူ့ခြေလှမ်းတွေသွက်နေတာကိုတော့ အဖွားရိပ်မိမည်မထင်။
အခန်းထဲရောက်တော့ ကောင်လေးကိုမတွေ့ပဲ သူခြုံထားသည့့်စောင်ပုံကိုသာတွေ့သည်။ စောင်ပုံကလှုပ်နေတာကြောင့် အနီးကပ်သွားကြည့်လိုက်တော့
"ဟာ..!ကြောင်..."
ရုတ်တရက်လန့့်ပြီး နောက်ကို ခြေတစ်လှမ်းဆုတ်သွားမိသည်။ သူက ကြောင်တွေကို အရမ်းမုန်းတဲ့သူမလား။
"ကြောင်ကမ္ဘာက သခင်လေးပျောက်သွားလို့.. "
အဖွားရဲ့စကားတချို့နားထဲဝင်လာသည်။ ကြောင်က အရွယ်အတော်ထွားသည့့် မျက်လုံးပြာပြာနှင့် ချစ်စရာကြောင်လေးပင်။
ကြောင်တစ်ကောင်ကို ချစ်စရာကောင်းတယ်ဟု မြင်မိတာ ပထမဆုံးအကြိမ်ပင်။
"မင်း မင်းက ဟိုကောင်လေးလား.."
ထိုကြောင်လေးက ငုတ်တုပ်လေးထိုင်ကာ အမြှီးကိုဖြေးဖြေးချင်း လှုပ်ရမ်းနေလေ၏။
မဟာ တစ်ယောက် သူ့ဆံပင်တွေကို ဆွဲဖွကာ အောက်တွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်မိသည်။
ဒါတွေက အိမ်မက်လား တကယ်ပဲလား။ဂမ္ဘီရဆန်လွန်းသည့့်ဖြစ်ရပ်က ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်တွေ့ရသည့်တိုင် မယုံချင်သလိုဖြစ်နေသည်။
ကြောင်လေးဟာ ကုတင်အောက်သို့ဆင်းကာ သူ့အနားသို့တိုးကပ်လာသည်။
သူ့ကိုတိုးဝှေ့ပွတ်သပ်ကာနေပြန်သည်။ မဟာ့့ရဲ့ကြောင် ကြောက်တဲ့စိတ်က မ​ပျောက်သေးတာမို့ ကြောင်လေးကို ခြောက်လွှတ်မိသည်။
"ဟေး ရှူး ဝေးဝေးသွား.."
ကြောင်လေးက သူ့ကိုပွတ်သပ်နေရာမှရပ်ကာ ကုတင်အောက်သို့ ဝင်သွားတာကြောင့် သူ့စိတ်ထဲအနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားမိသည်။
**သူက ကြောင်ကမ္ဘာက သခင်လေးလား ငါဘာဆက်လုပ်ရမလဲ အဘွားကိုပြောပြရမလား**
အတွေးတချို့က မျက်ဝန်းပြာပြာလေးတွေကြောင့် ဝေးဝါးနေရသည်ည်။
*******---------********--------******--------********
Part8
Continue>>>>
9.3.2024
Saturday(4:43PM)
AN/အလုပ်ပိတ်ရက်လေးမှာ လက်စသတ်ပြီးတင်ပေးလိုက်တယ်နော် တစ်ပိုင်းဆိုရင် တော်တော်အရှိန်ယူနေရတယ်ကွယ် စိတ်မအား လူမအားနဲ့မို့ စောင့်နေတဲ့ဒါဒါလေးတွေကို အားနာရတယ်ကွာ🥺😿
Zawgyi

You've reached the end of published parts.

⏰ Last updated: Mar 10 ⏰

Add this story to your Library to get notified about new parts!

"မေတ္တာရိုင်း" or"My Boy is the Cat"😻😻😻Where stories live. Discover now