Part6

12 0 0
                                    


မဟာသွေး ဟူသည့်အမည်နာမနှင့်အတူ သခင်လေးဟူသည့် ဂုဏ်ပုဒ်နှင့်တကွ ဒီအိမ်တော်ကြီးသို့ သူရောက်လာသည်မှာ ၁လတိတိပြည့်ခဲ့ပေပြီ။
ဖွားနန်းဟာ သူ့အပေါ်မှာ ဘယ်လောက်အားကိုးပြီး အများကြီး ရည်မှန်းထားသည့် အကြောင်းကို သူနားလည်ခံစားမိသလို သူ့မိဘတွေ သူ့အပေါ်မှာထားသည့် မေတ္တာကိုလည်း ခံစားမိခဲ့သည်။ ဘယ်သူက မလိုမုန်းတီးနေလဲဆိုတာကိုပါ ရိပ်စားမိသည်အထိ သူပါးနပ်လေသည်။
အလုပ်သမားတွေထဲမှာလည်း သူ့ကိုအလိုမကျသူတွေရှိနေသည်။
အဖွားနန်းက သူနှင့်အနီးကပ်အခန်းမှာနေရာချထားပေးသည်။ ညတိုင်း အနီးကပ်သင်ကြားပို့ချသည့် ဆက်ခံသူရာထူးနှင့် ပတ်သတ်သည့် လိုအပ်ချက်တွေအပါအဝင် သမိုင်းလိုလို ရာဇဝင်လိုလို ပုံပြင်လိုလို ဇာတ်လမ်းတွေအား သူညတိုင်းနားထောင်ရ၍ နားရည်ဝနေချေပြီ။
"အစ်ကိုက မဟာသွေးလားဟင်!"
ဥယျာဥ်ထဲတွင် လမ်းလျှောက်ရင်း အတွေးလွန်နေသည့် သူ့အားရည်ညွှန်းညွှန်းသည့်စကားသံကြောင့် လှည့်ကြည့်လိုက်သည်။ မိတ်ဆုံစားပွဲမှာ တစ်ကြိမ်တစ်ခါသာဆုံဖူးသော သူ့ရဲ့ ဝမ်းကွဲညီတော်သည့်ကောင်လေး။
"အင်း.."
ညီညီ့ရဲ့အမေးကို အတော်ကြာမှ "အင်း"တစ်လုံးသာဖြေသည့် အစ်ကို့ကို ခင်မင်ဖို့ သူဘယ်လိုများ မိတ်စဖွဲ့ရမလဲ။
"ဟို ကျွန်တော့်နာမည်က ထက်မြတ်ညီပါ အစ်ကိုနဲ့ဆို ညီတစ်ဝမ်းကွဲတော်တယ်..."
သိပြီးသားကိစ္စကို အမျိုးလာစပ်ပြနေသော သူ့ရှေ့ကဖြူဖြူနွဲ့နွဲ့ကောင်လေးအား သူစိတ်မရှည်သလို တစ်ချက်ကြည့်ကာ
"မင်းပြောချင်တဲ့ဆိုလိုရင်းကဘာလဲ..."ဟုသာ ခပ်မာမာပြောလိုက်တော့ ကောင်လေး ဇက်လေးပုသွားသည်။
"ဒီ ဒီလိုပါ ကျွန်တော် အစ်ကိုနဲ့ခင်ချင်လို့..."
ပြောပြီးသည်နှင့် မျက်လွှာလေးချကာ အသံပါတိမ်ဝင်သွားသည်။
"ကျွန်တော်က အစ်ကို့ထက် ၃နှစ်လောက်ငယ်ယ်တော့ ကျွန်တော်မွေးတဲ့အချိန်မှာ အစ်ကိုကပျောက်သွားပြီလေ ..."
"............."
"ကျွန်တော့်မှာ ညီကိုမောင်နှမလည်းမရှိဘူး ရင်ဖွင့်စရာလူလည်းမရှိခဲ့ဘူး အဲ့ဒါကြောင့် အစ်ကို့ကိုအမြန် ပြန်တွေ့ပါစေလို့ နေ့တိုင်းဆုတောင်းခဲ့ရတာ..."
"..............."
"အစ်ကို့ကို ပြန်တွေ့ပြီပြောတော့ ကျွန်တော် အရမ်းဝမ်းသာသွားတာ...."
"ဟုတ်ပြီ မင်းပြောတာတွေကို ငါခံစားလို့ရတယ် နားလည်တယ် နားမလည်တာက လိုရင်းကို မင်းဘာဖြစ်ချင်တာလဲ..."
"အစ်ကိုနဲ့ ညီကိုလိုရော သူငယ်ချင်းလိုပါ ခင်ချင်တာပါ..."
တတ်တတ်ကြွကြွဖြေလိုက်သည့်ကောင်လေးကြောင့် သူ့မျက်ခုံးတို့ ပင့်သက်သွားရသည်။
"မင်းငါနဲ့တကယ်ခင်ချင်တယ်ပေါ့..."
"ဟုတ်..."
"သေချာရဲ့လား မင်းအဖေ ငါ့ဦးလေးကတော့ ငါ့ကိုသဘောကျပုံမပေါ်ဘူးနော်..မင်းအဆူခံနေရမယ်..."
ကောင်လေးက ခေတ္တတွေဝေသွားသည်။
အစ်ကိုရောက်လာတာတောင် သူတို့သားမိကို ဘာမှမသိရကောင်းလားဆိုပြီး ဆူလို့မပြီးပေ။သူငယ်ချင်းလုပ်ပြီး ခင်ခင်မင်မင်နေတာသာသိရင် ။
ဒါပေမယ့် အစ်ကိုက သူ့ရဲ့အစ်ကိုပဲ။ အဖေကလည်း အဲ့လောက်တော့ပြောမယ်မထင်ပါဘူး။
"အရင်ဆုံး မင်းပြန်စဥ်းစားလိုက်ဦး..."
"ကျွန်တော်အစ်ကိုနဲ့တစ်ကယ်ခင်ချင်တယ် အဖေမသိအောင်နေရင်ရပါတယ်..."
မဟာ နည်းနည်းတော့ သဘောကျသွားသည်။ ကောင်လေးကြည့်ရတာ ဇွဲကြီးမယ့်ပုံပင်။လိုချင်တာကို တောင်းဆိုရဲတယ် ဖြစ်အောင်လည်းလုပ်တယ်။
"ငါသဘောတူတယ် ကျန်တာမင်းအပိုင်းပဲ..."
"ဗျာ"
အစ်ကိုက ပြောပြီးသည်နှင့်ထွက်သွားသည်မို့ သူ့မှာ ဝမ်းနည်း ဝမ်းသာစိတ်ဖြင့်တစ်ယောက်တည်းကျန်ခဲ့ရသည်ည်။
သူအခုဆိုတစ်ယောက်ထဲမဟုတ်တော့ဘူး သူ့မှာ အစ်ကိုတစ်ယောက်ရှိပြီ။
~~~~~~~~~~
😻😻ကြောင်လူသားကမ္ဘာတွင်ဖြစ်သည်။
"အခိုင်းတော်တို့ သားတော်လေး ပျောက်နေတဲ့သတင်းဟာ အမှန်ပဲလား..."
ကြောင်လူသားကမ္ဘာ၏ သခင်မ၏ သြဇာကြီးလှသည့်အသံကြောင့် အခစားဝင်နေကြသော အခိုင်းတော်များ ခေါင်းကိုသာ ငုံ့ထားမိကြသည်။
"မှန် မှန်ပါတယ် သခင်မကြီး...သခင်လေး"မျက်ဝန်း"က ကျွန်တော်မျိုးတို့ကို လှည့်ဖျားပြီး ကိုယ်ယောင်ဖျောက်သွားတာပါ...."
"ဒီကလေးနှယ်..."
သခင်မကြီးမှာ သားတော်ဖြစ်သူကို စိတ်ဆိုးသော်လည်း ချစ်သည့်စိတ်ကြောင့် အမြတ်တော်ရှသည်မှာမပီသပေ။
သခင်မကြီးချစ်မယ်ဆိုလည်း ချစ်လောက်ပါသည်။ သခင်လေးမျက်ဝန်းဟာ နူးညံ့သည့့်အသွင်နှင့်ပါးနပ်လိမ္မာသည့့်ပုံစံဟာ တွဲလျှက်ရှိပြီး ချစ်ခင်နှစ်လိုဖွယ်ကောင်းလှပေသည်။
ကြောင်အသွင်မှ လူအသွင်သို့ အလွယ်တကူမပြောင်းနိုင်သေးသည့့် သကတမ်း၈၀သာရှိသည့့် ကြောင်ပေါက်လေးပေမယ့့် သင်ယူတတ်မြောက်လွယ်လှသည်။
စည်ကမ်းတွေကို မုန်းတီးတတ်သည့့် သခင်လေးဟာ သူတို့ကို ခုလိုပဲ အမြဲတမ်းပညာပြကာ ကစားတတ်သေးသည်။ သခင်လေးဟာ ချစ်စရာကောင်းသော်လည်း ကြောင်ဆိုးလေးဖြစ်သည်။
"အထိန်းတော်ကြီး သားလေးက ပုံမှန်ဆို မိုးချုပ်ထိတိုင်မနေပါဘူး သားတော်လေးကို တွေ့အောင်ရှာပါဦးရှင် သားက ကလေးပဲရှိသေးတာ..."
သခင်မကြီးဟာ အထိန်းတော်ကြီးကိုတော့ အားကိုတကြီးဖြင့် ပြောရှာသည်။ မိခင်တစ်ယောက်၏ သောကကို သူနားလည်ပါသော်လည်း သခင်လေးပျောက်သွားတဲ့အချိန်မှာ သူရှိမနေသည့်အပြင် သခင်လေးဟာ ကြောင်ကမ္ဘာကနေပင် အာရုံခံ၍မရချေ။
"အထိန်းတော်ကြီး သားတော်ရဲ့ အနံ့ရော အသံရော ကြောင်ကမ္ဘာအနှံ့ခြေရာခံပြီးရှာပေးပါ..ကျွန်မတောင်းဆိုပါတယ်..."
"ကောင်းပါပြီ သခင်မကြီး.."
အထိန်းတော်ကြီးနှင့် နောက်လိုက်တစ်စုဟာ ချက်ချင်းကြောင်အသွင်သို့ပြောင်းလိုက်ကြသည်။ ထို့နောက် တစ်ယောက် တစ်နေရာစီ ဖြန့်ကျတ်၍ ထွက်သွားတော့သည်။
"သားတော်လေး ဘေးကင်းပါစေ.."
~~~~~~
မျက်ဝန်း ဆိုတဲ့ အမည်ဟာ သူ့ရဲ့ပြာလဲ့ဝိုင်းစက်နေသည့် မျက်လုံးလေးတွေအား ရည်းညွှန်းမှည့်ထားသည့်လူသားဆန်ဆန် နာမည်လေး နုညံ့မှုတို့ ထုံလွှမ်းနေသည့် နာမည်လေးပင်။
"မယ်တော်.. "
သူတမ်းတမိသော်လည်း ခုတော့ သူဟာ မယ်တော်နှင့်အဝေးဆီသို့ရောက်နေချေပြီ။
မယ်တော်ဟာ သူ့ကို သိပ်ချစ်ပြီး အလိုလိုက်သည်။ သို့သော်လည်း သူ့ရဲ့စိတ်တို့ဟာ အမြဲတမ်း မွန်းကြပ်နေရ၏။ အကြောင်းကတော့ အစဥ်အလာ ထုံးတမ်း ဓလေ့ ရိုးရာ စတာတွေကြောင့်ပင်။ ဒီလိုနေပါ ဒီလိုထိုင်ပါ စသဖြင့် အစားအသောက် အနေအထိုင် အစစအရာရာကို ဆင်ခြင်ရ၏။ ​အခုတော့ သူဟာကြောင်အသွင်ဖြင့်သာရှိသည်။ လူအသွင်ကို အလွယ်တကူမပြောင်းတတ်သေးသလို အစွမ်းတွေကိုလည်း မထိန်းချုပ်တတ်သေးသည်မို့ အခိုင်းစေများနှင့် အထိန်းတော်ကြီးရှေ့ အထူးသဖြင့် မယ်တော့်ရှေ့တွင် သူသိမ်ငယ်ရသည်။ မယ်တော်ရော အထိန်းတော်ကြီးကပါ သူ့ကိုကြောင်ပေါက်လေးသဖွယ် ကလေးငယ်တစ်ဦးသဖွယ် ထင်ကြသည်။ သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို မယုံကြည်ကြချေ။
ထိုအချင်းအရာကို သက်သေပြရန်အတွက် အခုတော့ ကမ္ဘာမြေနှင့် ဆက်စပ်သည့် မှော်တံခါးဝသို့ သူရောက်နေချေပြီ။စေ့စေ့ပိတ်ထားသည့် တံခါး၏ နံရံတွင် လက်ဖဝါးရာတစ်ခုရှိနေသည်။ ဂါထာရွတ်မှ သွားလာလို့ရမှာဖြစ်ပြီး ထိုဂါထာကိုသိသူမှာ အထိန်းတော်ကြီးရယ် မယ်တော်ရယ် နောက်ပြီးသူရယ်သာဖြစ်သည်။
သူသိတာကတော့ ခိုးနားထောင်ခဲ့၍သာဖြစ်သည်။
ထို့နောက် မျက်ဝန်းဟာ လူအသွင်ပြောင်းလိုက်ကာ တံခါးနံရံမှ လက်ဖဝါးရာထဲသို့ သူ့လက်ကိုထည့်ကာ ခိုးကျတ်ထားသည့် ဂါထာကိုရွတ်လိုက်သည်။
သူဂါထာရွတ်ပြီးခဏအကြာတွင် မြေကြီးဟာ တုန်လှုပ်လာကာ တံခါးကြားမှ အလင်းရောင်တို့ ဖြာထွက်လာသည်။ အလင်းရောင်တွေက ပိုအားကြီးလာကာ လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်သွားပြီးနောက် တွင်းကြီးတစ်ခုထဲသို့ကျသွားသကဲ့သို့ သူ ပြုတ်ကျသွားတော့သည်။
~~~~~~~~~~~~
လူသားကမ္ဘာ>>>
ဒီအိမ်ကြီးကို ရောက်ကတည်းက စပ်စပ်စုစုမလုပ်တတ်သည့် မဟာသည် အိမ်ကြီးကို စိတ်ဝင်စားခြင်းမရှိခဲ့ချေ။ သို့သော်လည်း အမေနဲ့ အစ်မတို့ကိုမတွေ့ရသည်မှာ ရက်အတော်ကြာနေတာကြောင့် စိုးရိမ်စိတ်တို့ ဝင်လာမိသည်။
ထမင်းစားချိန်မှာ မတွေ့ရတော့တာကြောင့်လည်းပါသည်။ ထို့ကြောင့် အမေတို့နေသည့် အခန်းကိုရှာရန် တိတ်တဆိတ်ထွက်လာခဲ့သည်။
အခန်းဖွဲ့တွေက များလွန်းတာကြောင့် ဝင်္ကပါကဲ့သို့ဖြစ်နေသည်။ တစ်ချို့အခန်းတွေက သောခတ်ထားသော်လည်း တစ်ချို့အခန်းတွေက စေ့ထားရုံသာဖြစ်သည်။ တစ်ခန်းပြီးတစ်ခန်း ကျော်ဖြတ်ပြီးနောက်အခန်းတွေ ဆုံးသွားသည်။ နောက်ဆုံးအခန်းနှင့် မျက်နှာချင်းဆိုင်တွင် အောက်သို့ ဆင်းရသည့် ကြောင်လိမ်လှေကားတစ်ခုကို အမှတ်မထင်တွေ့လိုက်ရသည်။ သာမန်ကာ လျှံကာကြည့်လျှင် မသိသာသည့် ထိုလှေကားကို မဟာက မြင်ဖြစ်အောင်မြင်သွားသည်။
လှေကားအတိုင်းဆင်းသွားသည်အခါ နောက်ထပ် အခန်းများကို တွေ့လိုက်ရသည်။ အခန်းတွေက အရွယ်အစားတော့မတူချေ။ ကြီးတဲ့အခန်းတွေကကြီးပြီး ကျဥ်းတဲ့အခန်းတွေကကျဥ်းသည်။ စူးစမ်းလိုစိတ်ဖြင့် အခန်းတွေဆီသို့ တရွေ့ရွေ့သွားနေမိသည်။ ထိုအချိန် အကျဥ်းဆုံးအခန်းထဲမှ အလင်းရောင်တို့ဖြာထွက်လာတာကြောင့် မဟာ ထိုအခန်းဆီသို့ပြေးသွားမိသည်။
အခန်းတံခါးက သော့ခတ်ထားသော်လည်း ဆွဲစောင့်ရုံဖြင့်အလွယ်တကူပွင့်သွားသည်ကြောင့် သော့ခတ်ထားတာမဟုတ်ဘဲ ချိတ်ထားရုံသာဖြစ်ကြောင်းသိရသည်။
အလင်းရောင်တို့ မရှိတော့သည့်အခါ အခန်းဟာ ပကတိအမှောင်ဖုံးသွားတော့သည်။ ကံကောင်းထောက်မစွာပါလာသော ဖုန်းအားမီးဖွင့်ကြည့်သောအခါ..
"ဟာ!! လူ လူတစ်ယောက်ပါလား.."
မြေပြင်ပေါ်တွင် သွေးတွေဖြင့်လဲနေသည့် လူတစ်ဦးအား ထူးဆန်းစွာတွေ့လိုက်ရသည်။
"ဒီလူက ဘယ်ကနေဘယ်လို ဒီထဲကို..."
အထွေအထူးစဥ်းစားချိန်မရှိဘူးထင်တာကြောင့် ထိုလူကို အမြန်တွဲကာ အခန်းထဲမှ ထွက်လာခဲ့တော့သည်။
သူ့ထက်ငယ်ပုံပေါ်သည့် ဒီကောင်လေးဟာ ဒီမြေအောက်ခန်းထဲ ဘာကြောင့်ရောက်နေလဲဆိုတာကိုတော့ သူစဥ်းစား၍ မရခဲ့ချေ။

"မေတ္တာရိုင်း" or"My Boy is the Cat"😻😻😻Hikayelerin yaşadığı yer. Şimdi keşfedin