Part5

10 0 0
                                    

ထိန်ထိန်သာနေသည့် လမင်းကြီး၏ အလင်းရောင်သည် ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကာ အေးချမ်းမှုကို အပြည့်အဝ ပေးနေ၏။
လမင်းကြီးအား ငေးမောရင်း အတွေးနယ်ချဲ့နေသူက မှိုင်း ပင်ဖြစ်သည်။
သူ့ကို ဒီအရွယ်ထိရောက်အောင် ကျွေးမွေးစောင့်ရှောက်ပေးသည့် အမေတို့ကို သူပစ်ဖယ်မသွားနိုင်သည်မှာ သူမမှားပေ။ အမေက သူ့ရဲ့မွေးစားအမေဆိုတာကို သူငယ်ငယ်ကတည်းက ပေးသိခဲ့သည်။ မွေးစားအမေဆိုပေမယ့် သူ့ကိုသိမ်ငယ်စိတ်မဝင်အောင် အမေကအားပေးနှစ်သိမ့်ခဲ့သည်။
မိဘရင်းတွေကို သူအမှန်တကယ် မျှော်နေခဲ့မိတာဖြစ်သည်။ အပြင်မှာတကယ်တမ်းတွေ့ရသည့်အခါကျတော့ အနည်းငယ်စိမ်းသက်နေခဲ့သည်။ သူ့မိဘရင်းတွေဆီပြန်လိုက်သွားရမည့်အဖြစ်ဟာ မဖြစ်မနေ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့သွားရမည့် ခံစားချက်သာ ရနေသည်။
"သား မအိပ်သေးဘူးလား..."
ခြုံတဘက်တထည်ကိုခြုံကာ သူ့အနားသို့လာထိုင်သည်။
"ဟုတ် ကျွန်တော်အိပ်လို့မပျော်သေးလို့ပါ..."
"သား မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေတာလား..."
မှိုင်း ခေါင်းငြိမ့်ပြမိသည်။
"အဆင်ပြေမှာပါ သားရယ် သူတို့က သူစိမ်းတွေမှမဟုတ်ဘဲ သားရဲ့ မိဘအရင်းတွေပဲ နောက်ပြီး သားနဲ့အတူ အမေတို့လည်းပါမှာပါ..."
မှိုင်းက အမေ့လက်ကလေးကို နွေးထွေးစွာစုပ်ကိုင်လိုက်သည်။
"ဟုတ်ကဲ့ပါ အမေ ကျွန်တော့်အနားမှာ အမေရှိရင် ကျွန်တော် အားလုံးကို ရင်ဆိုင်ရဲပါတယ်..."
အရာရာဟာ ပုံမှန်တိုင်းသာ လည်ပတ်လျှင် အားလုံးဟာ အဆင်ပြေနိုင်လိမ့်မည်။
ပုံမှန်မဟုတ်သည့် အရာတွေရှိခဲ့လျှင်တော့။
~~~~~~~~
မှိုင်းတို့တစ်မိသားစုလုံး နန်းရိပ်မြိုင်အိမ်တော်ကြီးသို့ ပြောင်းရွှေ့လာရသည်။
အခန်းဖွဲ့ပေါင်းများစွာရှိသည့် ကြီးမားထည်ဝါလှသည့် အဆောက်အဦးကြီးကိုကြည့်၍ ခင်စန္ဒာတို့ သားမိ အလွန်တစ်ရာအံ့သြနေကြသည်။
သူတို့ထင်ထားသည်ထက် အစပေါင်းများစွာ ချမ်းသာနေသည်။ ခြံဝန်းအကျယ်ကြီးတွင်လည်း သူ့နေရာနှင့်သူ အကျအနစိုက်ပျိုးထားသည့် သီးပင်စားပင် ပန်းပင်များကို ကြည့်ခြင်းအားဖြင့် ဒီဥယျာဥ်ကြီးကို အသေအချာလေး ထိန်းသိမ်းထားမှန်း သိသာ၏။
"ဒေါ်ထား!"
"ရှိပါတယ် မယ်တော်ကြီး..."
အိမ်တော်ထိန်းဒေါ်ထားက ခါးကိုညွှတ်ကာ အရိုသေပေးလျှက် ပြန်ထူး၏။
သားသမီးများနှင့် လူယုံတော်ဦးစံကောင်းမှ လွဲ၍ အိမ်တော်ကြီးရှိ အစေခံအားလုံးက ဖွားနန်းအား မယ်တော်ကြီးဟုသာခေါ်ရသည်။
"မြေးလေးအတွက် ပြင်ထားတဲ့အခန်းမှာ အသေအချာနေရာချပေးလိုက်ပါ နောက်ပြီး ဒီက အမျိုးသမီးတွေတွေအတွက်လည်း အခန်းသေချာစီစဥ်ပေးလိုက်ပါ "
အမျိုးသမီးတွေဆိုတာ ဒေါ်တင်တင်ညိုတို့သားမိက သူတို့ကို ရည်ညွှန်းမှန်းသိတာကြောင့် အိမ်တော်ထိန်းအား ခေါင်းငြိမ့်ပြုံးပြလိုက်သည်။ သို့သော်လည်း အိမ်တော်ထိန်းမိန်းမကတော့ ရုပ်တည်ဖြင့်သာ။
ဒီအိမ်ကဟာတွေက ဘာတွေလည်း မယ်တော်ကြီးတွေရော အိမ်တော်ထိန်းတွေရော စိတ်ရှုပ်လိုက်တာ။ ခင်စန္ဒာ၏ စိတ်ထဲမှ အတွေးဖြစ်သည်။
မနက်ပိုင်း အိမ်တော်ကိုရောက်ကတည်းက မောင်လေးနှင့် လူစုကွဲသွားတာဖြစ်သည်။ အခန်းတွေရော အထပ်တွေရောများပြားလှသည့် ဒီအိမ်ကြီးတွင် သူတို့နှင့် မောင်လေးဟာ ဘယ်နှစ်ထပ်ကွာမှန်းမသိ။
အခုတော့ လူရိပ်လူယောင်တောင်မှမမြင်ရသည့် ဒီအိမ်က အမှန်ပင်ခြောက်ခြားဖွယ်ရာရှိလှသည်။
ကိုယ့်အိမ်မှာကတည်းက မရှင်းခဲ့သည့်ကိစ္စက အခုတော့ပြဿနာတက်ချေပြီ။
"အမေ အမေ အမေ့..."
အိပ်ပျော်နေသည့် အမေ့ကိုသာ အားနာနာနှင့်နှိုးရတော့သည်။ နေ့ခင်းဘက်တောင် ညဘက်လို မှောင်ရိပ်သန်းနေတာကြောင့် သရဲမကြောက်တတ်သည့် ခင်စန္ဒာပင် အမေ့ကို နှိုးရတော့သည်။
"ဟင် သမီး ဘာဖြစ်လို့လဲ.."
"သမီး အိမ်သာတက်ချင်လို့ အမေအဖော်လိုက်ခဲ့ပါဦး..."
"ဟဲ့ ဘယ်အချိန်ရှိသေးလို့လဲ တစ်ယောက်တည်းသွားရင် ရတဲ့ဟာကို..."
"ရတော့ ရတာပေါ့ ဒါမယ့် သူများအိမ်ဆိုတော့ ကြောက်လို့ပါ နောက်ပြီးတော့ သမီးမှ အိမ်သာဘယ်နားရှိမှန်းမသိတာ..."
"အေး ဟုတ်တော့လည်း ဟုတ်သား အေးပါ အမေလိုက်ခဲ့မယ်..."
"အိမ်သာရှိတဲ့နေရာ အမေသိတယ်ပေါ့.."
"သိတော့ဘယ်သိမလည်း အမေလည်း ဒီနေ့မှရောက်တာကို ဒီလိုပဲစမ်းသွားရမှာပေါ့..."
ဒီလိုနှင့်ခင်စန္ဒာတို့သားမိ အိမ်သာရှာဘုံတော်ဖွင့်ရန် အပေါ်ထပ်အောက်ထပ် ပတ်ကြည့်ရတော့သည်။
ထင်ထားတာထက် အခန်းအရေအတွက်များတာကြောင့် ဒေါ်တင်တင်ညိုတို့သားမိအခက်တွေ့နေရတော့သည်။
အခန်းတစ်ခန်းနားအရောက်တွင်
"ဘယ်မလဲ မင်းရဲ့သား.."
ခပ်မာမာအသံတစ်ခုကြောင့် ဒေါ်တင်တင်ညိုတို့ ခြေလှမ်းတွေတန့်သွားသည်။
သူတို့သားမိတက်လာမိတာ ဘယ်နှစ်ထပ်မြောက်က ဘယ်အခန်းမှန်းမသိသော်လည်း ဒီအသံကိုတော့ သိနေသယောင်ယောင်ထင်မိသည်။
"သား သင်တန်းသွားတယ်လေ အစ်ကိုဘာလို့ အလကားနေ သားကိုပဲမန်နေရတာလဲ..."
"တောက်စ်! ဒီစောက်ရေးမပါတဲ့ သင်တန်းကိုပဲ အားအားယားယားတက်နေတယ် အိမ်မှာ ဘာတွေဖြစ်ပြီးဘာတွေပြောင်းလဲနေလဲ မင်းတို့သားမိမသိဘူး မသိလို့လည်း သိအောင်မလုပ်ဘူး မင်းကလည်း ရွှေဆိုင်လေး လက်တစ်စုပ်စာလောက်နဲ့ကျေနပ် မင်းသားကလည်း ပျော့တိပျော့ညံ့ လိုက်လည်းလိုက်ပါတယ်.."
"အစ်ကိုက ဘာဖြစ်ချင်နေတာလဲ စုတို့သားမိက အစ်ကိုထားရာနေ စေရာသွားနေခဲ့တာပဲ ဒါကို အစ်ကို ဘာတွေ မကျေနပ်နေတာလည်း အစ်ကို့ကိုတော့ စုတကယ်ကို နားမလည်တော့ဘူး..."
"ကျစ်!!အေးကောင်းတယ် နားမလည်နဲ့ မသိနဲ့ ငါဆိုတဲ့ကောင်ကတော့ မင်းတို့တွေအတွက် ငါ့ကို မခင်တွယ်တဲ့ ငါ့အမေကို ခယရို့ကျိုးလိုက်ရတာ ငါ့ကို လူရာမသွင်းတဲ့ မအေဆီကို လောဘကြီးတဲ့အမိုက်ကောင်ကြီးပုံစံနဲ့ တောင်းရမ်းထားရတာ ဟက်! မင်းတို့ကတော့ ငါ့အတွက် မြူတစ်မှုံစာတောင် အသုံးမဝင်ဘူး .."
ဒေါ်စုစုချစ်ကတော့ ငို၍သာနေတော့သည်။ အစ်ကိုဟာ သူမတို့သားမိအပေါ်မှာ အကြင်နာမဲ့လွန်းသည်။
ဦးသီဟ၏ ရင်ထဲတွင်တော့ ဘယ်ကစ၍လောင်မှန်းမသိသည့် အပူမီးတွေက တငွေ့ငွေ့လောင်ကျွမ်းလို့မပြီးချေ။ ဖြစ်ချင်တာတွေကမဖြစ် မဖြစ်ချင်တာတွေကဖြစ် လိုတာတွေကမရ ရသမျှကလည်း မလိုချင်တာတွေ။ စည်းစိမ်ချမ်းသာပြီး စိတ်ကတော့ ထာဝရပူလောင်နေရသည်။
ဒါတွေကို ငြိမ်းသတ်ဖို့နည်းလမ်းက ဘာလဲ?
အပြင်ဘက်မှ ငြိမ်၍ နားထောင်နေမိသည့် ခင်စန္ဒာတို့သားမိလည်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာရိပ်ပြကာ ထိုနေရာမှ အမြန်ထွက်သွားကြသည်။
"အမေ့ အဲ့လူက ဘယ်သူလည်းမသိဘူးနော်သူ့အသံနားထောင်ရုံနဲ့တင် သမီးတော့ ကြက်သီးထတယ်...ပြီးတော့ သူ့အသံကိုသိသလိုပဲ"
"သားကိုပြန်လာခေါ်တဲ့ လူတွေထဲ အဲ့လူပါတယ်ထင်တယ် အမေလည်းအသံကိုသိနေတယ် ဘာပဲဖြစ်ဖြစ်ပါ ကြည့်ရတာ ဒီအိမ်ကြီးထဲမှာလည်း မိသားစုပြဿနာအရှုပ်အရှင်းတွေရှိလောက်တယ်..."
"ဟုတ်မယ်နော် ဟိုလူကြီးကြည့်ရတာ သူ့မိန်းမကိုလည်းနိုင်စားပုံပဲ..."
"ဘယ်သူကဘယ်လိုပဲနေနေ စိတ်မဝင်စားနဲ့သမီး အမေတို့အခုနေနေတာ သူများအိမ် အဲ့အတွက်ကြောင့် ကိုယ်နဲ့မဆိုင်တဲ့ကိစ္စဆို ဘာမှ ဝင်မပြောနဲ့"
"ဟုတ်ကဲ့ သမီးသိပါတယ်အမေ..."
"ဟင်းးးးး အမှန်ဆို အမေလည်း အခုလိုသူများအိမ်မှာမနေချင်ပါဘူး သားလေးကို မခွဲနိုင်လို့ စိတ်မချလို့သာ..."
ခင်စန္ဒာလည်း အမေ့ကိုကြည့်ကာ ခေါင်းသာ ငြိမ့်မိတော့သည်။ မေတ္တာစွမ်းအား ဘယ်လောက်ကြီးမားသလဲဆိုတာ သူမရဲ့အမေက သာဓကတစ်ခုပင်။
~~~~~~~~~~~~
ညစာစားဝိုင်းတွင်တော့ ကျွန်းစားပွဲအရှည်ကြီးနှင့်အပြည့် ဟင်းကောင်းများက ပြည့်လျှံနေသည်။
အိမ်ရှိအလုပ်သမားများလည်းရောက်နေသလို မိသားစုလည်းစုံနေတာကြောင့် စည်းကားသိုက်မြိုက်လွန်းလှသည်။ အရယ်အပြုံးနည်းကြသည်မှလွဲ၍ မိသားစုထမင်းဝိုင်းနှင့်ဆင်တူလှသည်။
ဖွားနန်းက ထုံးစံအတိုင်း ကျွန်းစားပွဲကြီး၏ ထိပ်ဆုံးတွင်နေရာယူထားသည်။ ဖွားနန်းနှင့်မျက်နှာချင်းဆိုင် ကျွန်းစားပွဲထိပ်တွင်တော့ မှိုင်း ခေါ် မဟာသွေးက ထိုင်ရ၏။
ဖွားနန်းက ခါးကိုသေချာမတ်လိုက်ကာ ခြုံပါဝါကြီးအား သေချာပြန်ပတ်လိုက်သည်။ထို့နောက်
"ဒီနေ့ ညစာစားပွဲလေးကတော့ ဟောဒီက မြေးလေးပြန်လာတဲ့အထိမ်းအမှတ်အတွက်ပဲ မြေးနဲ့ ဒီတစ်အိမ်သားလုံးနဲ့ မိတ်ဆတ်ပွဲပေါ့.."
အလွန်ဗိုက်ဆာနေပြီဖြစ်သည့် ခင်စန္ဒာကတော့ ထမင်းဝိုင်းဆီသာ အာရုံရောက်နေမိသည်။
"သားရဲ့မိဘတွေနာမည်ကတော့ ဦးကောင်းပြည့်စုံနဲ့ ဒေါ်မျိုးမြတ်ရတနာတဲ့ ဒီက သားရဲ့ ဦးလေး ဦးသီဟပြည့်စုံတဲ့ ဘေးကတော့ သူ့ဇနီးဒေါ်စုစုချစ် သူ့သားကတော့ ထက်မြတ်ညီတဲ့"
မှိုင်းက အသိအမှတ်ပြုသည့့်အနေဖြင့် ခေါင်းငြိမ့်ကာပြုံးပြသည်။ သူ့အတွက် ဆွေမျိုးတွေရှိနေခဲ့သည်ပဲ။
"အိမ်ရဲ့အလုပ်သမား အားလုံးနဲ့လဲ မိတ်ဆတ်ပေးထားမယ် နောက်ဆို မြေးကပဲ သူတို့ကို ဦးစီးညွှန်ကြားရတော့မှာလေ..."
"ဟုတ်ကဲ့အဖွား.."
"သူကတော့ အဖွားရဲ့လူယုံတော် ဦးစံကောင်းတဲ့ သူတို့ရဲ့မျိုးရိုးအစဥ်ဆက်ဟာ ဖွားတို့ရဲ့ မျိုးရိုးစဥ်ဆက်မှာ လူယုံတော်တွေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြတာပဲ..."
"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါ့မယ်.."
"သူကတော့ အိမ်တော်ထိန်း ဒေါ်ထားတဲ့ ဒီအိမ်ကြီးရဲ့အစားအသောက်ကိစ္စနဲ့ အခန်းတွေကို သူကစီစဥ်ညွှန်ကြားပေးရတယ်...သူကတော့ ဒေါ်သန်းကြည် ဟိုဘက်က မိမိအေးနဲ့ ချိုနွယ် သူကတော့ခြံစောင့်ဦးဘတင့် သူကတော့ ကားဒါရိုက်ဘာကျော်အေးတဲ့ သူတို့နှစ်ယောက်ကတော့ တိုးကျော်နဲ့မိုးကျော်တဲ့ ဥယျာဥ်မှူးတွေပေါ့..."
အိမ်ရှိလူကုန်မိတ်ဆတ်ပေးပြီးသည့့်နောက်မှ ထမင်းဝိုင်းကိုစတင်လေသည်။
ဗိုက်ဆာနေကြသည့့် ခင်စန္ဒာတို့သားမိမှာတော့ ဗိုက်ပင်အောင့်ချင်နေတော့သည်။
အတော်လည်း ကိန်းခန်းကြီးတဲ့ မိသားစု။
  ××××××××××××××××××××××××××
Part6
Continue>>>
AN/ကြောင်လူသားလေးကို နောက်ထပ်၂ပိုင်း၃ပိုင်းလောက်နေရင် မိတ်ဆတ်ပေးမယ်နော်😘😘မျှော်ပေးကြဦးနော် Upမမှန်ှန်တဲ့သာသာလေးကို
Zawgyi
ထိန္ထိန္သာေနသည့္ လမင္းႀကီး၏ အလင္းေရာင္သည္ ကမ႓ာေျမေပၚသို႔ ျဖာဆင္းကာ ေအးခ်မ္းမႈကို အျပည့္အဝ ေပးေန၏။
လမင္းႀကီးအား ေငးေမာရင္း အေတြးနယ္ခ်ဲ့ေနသူက မိႈင္း ပင္ျဖစ္သည္။
သူ႔ကို ဒီအရြယ္ထိေရာက္ေအာင္ ေကြၽးေမြးေစာင့္ေရွာက္ေပးသည့္ အေမတို႔ကို သူပစ္ဖယ္မသြားႏိုင္သည္မွာ သူမမွားေပ။ အေမက သူ႔ရဲ့ေမြးစားအေမဆိုတာကို သူငယ္ငယ္ကတည္းက ေပးသိခဲ့သည္။ ေမြးစားအေမဆိုေပမယ့္ သူ႔ကိုသိမ္ငယ္စိတ္မဝင္ေအာင္ အေမကအားေပးႏွစ္သိမ့္ခဲ့သည္။
မိဘရင္းေတြကို သူအမွန္တကယ္ ေမ်ွာ္ေနခဲ့မိတာျဖစ္သည္။ အျပင္မွာတကယ္တမ္းေတြ့ရသည့္အခါက်ေတာ့ အနည္းငယ္စိမ္းသက္ေနခဲ့သည္။ သူ႔မိဘရင္းေတြဆီျပန္လိုက္သြားရမည့္အျဖစ္ဟာ မျဖစ္မေန တာဝန္တစ္ခုကို ထမ္းေဆာင္ဖို႔သြားရမည့္ ခံစားခ်က္သာ ရေနသည္။
"သား မအိပ္ေသးဘူးလား..."
ၿခံဳတဘက္တထည္ကိုၿခံဳကာ သူ႔အနားသို႔လာထိုင္သည္။
"ဟုတ္ ကြၽန္ေတာ္အိပ္လို႔မေပ်ာ္ေသးလို႔ပါ..."
"သား မနက္ျဖန္အတြက္ စိတ္လႈပ္ရွားေနတာလား..."
မိႈင္း ေခါင္းၿငိမ့္ျပမိသည္။
"အဆင္ေျပမွာပါ သားရယ္ သူတို႔က သူစိမ္းေတြမွမဟုတ္ဘဲ သားရဲ့ မိဘအရင္းေတြပဲ ေနာက္ၿပီး သားနဲ႔အတူ အေမတို႔လည္းပါမွာပါ..."
မိႈင္းက အေမ့လက္ကေလးကို ေနြးေထြးစြာစုပ္ကိုင္လိုက္သည္။
"ဟုတ္ကဲ့ပါ အေမ ကြၽန္ေတာ့္အနားမွာ အေမရိွရင္ ကြၽန္ေတာ္ အားလံုးကို ရင္ဆိုင္ရဲပါတယ္..."
အရာရာဟာ ပံုမွန္တိုင္းသာ လည္ပတ္လ်ွင္ အားလံုးဟာ အဆင္ေျပႏိုင္လိမ့္မည္။
ပံုမွန္မဟုတ္သည့္ အရာေတြရိွခဲ့လ်ွင္ေတာ့။
~~~~~~~~
မိႈင္းတို႔တစ္မိသားစုလံုး နန္းရိပ္ၿမိဳင္အိမ္ေတာ္ႀကီးသို႔ ေျပာင္းေရႊ့လာရသည္။
အခန္းဖြဲ႔ေပါင္းမ်ားစြာရိွသည့္ ႀကီးမားထည္ဝါလွသည့္ အေဆာက္အၪီးႀကီးကိုၾကည့္၍ ခင္စႏၵာတို႔ သားမိ အလြန္တစ္ရာအံ့ၾသေနၾကသည္။
သူတို႔ထင္ထားသည္ထက္ အစေပါင္းမ်ားစြာ ခ်မ္းသာေနသည္။ ၿခံဝန္းအက်ယ္ႀကီးတြင္လည္း သူ႔ေနရာႏွင့္သူ အက်အနစိုက္ပ်ိဳးထားသည့္ သီးပင္စားပင္ ပန္းပင္မ်ားကို ၾကည့္ျခင္းအားျဖင့္ ဒီဥယ်ာဥ္ႀကီးကို အေသအခ်ာေလး ထိန္းသိမ္းထားမွန္း သိသာ၏။
"ေဒၚထား!"
"ရိွပါတယ္ မယ္ေတာ္ႀကီး..."
အိမ္ေတာ္ထိန္းေဒၚထားက ခါးကိုၫႊတ္ကာ အရိုေသေပးလ်ွက္ ျပန္ထူး၏။
သားသမီးမ်ားႏွင့္ လူယံုေတာ္ၪီးစံေကာင္းမွ လြဲ၍ အိမ္ေတာ္ႀကီးရိွ အေစခံအားလံုးက ဖြားနန္းအား မယ္ေတာ္ႀကီးဟုသာေခၚရသည္။
"ေျမးေလးအတြက္ ျပင္ထားတဲ့အခန္းမွာ အေသအခ်ာေနရာခ်ေပးလိုက္ပါ ေနာက္ၿပီး ဒီက အမ်ိဳးသမီးေတြေတြအတြက္လည္း အခန္းေသခ်ာစီစဥ္ေပးလိုက္ပါ "
အမ်ိဳးသမီးေတြဆိုတာ ေဒၚတင္တင္ညိုတို႔သားမိက သူတို႔ကို ရည္ၫႊန္းမွန္းသိတာေၾကာင့္ အိမ္ေတာ္ထိန္းအား ေခါင္းၿငိမ့္ၿပံဳးျပလိုက္သည္။ သို႔ေသာ္လည္း အိမ္ေတာ္ထိန္းမိန္းမကေတာ့ ရုပ္တည္ျဖင့္သာ။
ဒီအိမ္ကဟာေတြက ဘာေတြလည္း မယ္ေတာ္ႀကီးေတြေရာ အိမ္ေတာ္ထိန္းေတြေရာ စိတ္ရႈပ္လိုက္တာ။ ခင္စႏၵာ၏ စိတ္ထဲမွ အေတြးျဖစ္သည္။
မနက္ပိုင္း အိမ္ေတာ္ကိုေရာက္ကတည္းက ေမာင္ေလးႏွင့္ လူစုကြဲသြားတာျဖစ္သည္။ အခန္းေတြေရာ အထပ္ေတြေရာမ်ားျပားလွသည့္ ဒီအိမ္ႀကီးတြင္ သူတို႔ႏွင့္ ေမာင္ေလးဟာ ဘယ္ႏွစ္ထပ္ကြာမွန္းမသိ။
အခုေတာ့ လူရိပ္လူေယာင္ေတာင္မွမျမင္ရသည့္ ဒီအိမ္က အမွန္ပင္ေျခာက္ျခားဖြယ္ရာရိွလွသည္။
ကိုယ့္အိမ္မွာကတည္းက မရွင္းခဲ့သည့္ကိစၥက အခုေတာ့ျပႆနာတက္ေခ်ၿပီ။
"အေမ အေမ အေမ့..."
အိပ္ေပ်ာ္ေနသည့္ အေမ့ကိုသာ အားနာနာႏွင့္ႏိႈးရေတာ့သည္။ ေန့ခင္းဘက္ေတာင္ ညဘက္လို ေမွာင္ရိပ္သန္းေနတာေၾကာင့္ သရဲမေၾကာက္တတ္သည့္ ခင္စႏၵာပင္ အေမ့ကို ႏိႈးရေတာ့သည္။
"ဟင္ သမီး ဘာျဖစ္လို႔လဲ.."
"သမီး အိမ္သာတက္ခ်င္လို႔ အေမအေဖာ္လိုက္ခဲ့ပါၪီး..."
"ဟဲ့ ဘယ္အခ်ိန္ရိွေသးလို႔လဲ တစ္ေယာက္တည္းသြားရင္ ရတဲ့ဟာကို..."
"ရေတာ့ ရတာေပါ့ ဒါမယ့္ သူမ်ားအိမ္ဆိုေတာ့ ေၾကာက္လို႔ပါ ေနာက္ၿပီးေတာ့ သမီးမွ အိမ္သာဘယ္နားရိွမွန္းမသိတာ..."
"ေအး ဟုတ္ေတာ့လည္း ဟုတ္သား ေအးပါ အေမလိုက္ခဲ့မယ္..."
"အိမ္သာရိွတဲ့ေနရာ အေမသိတယ္ေပါ့.."
"သိေတာ့ဘယ္သိမလည္း အေမလည္း ဒီေန့မွေရာက္တာကို ဒီလိုပဲစမ္းသြားရမွာေပါ့..."
ဒီလိုႏွင့္ခင္စႏၵာတို႔သားမိ အိမ္သာရွာဘံုေတာ္ဖြင့္ရန္ အေပၚထပ္ေအာက္ထပ္ ပတ္ၾကည့္ရေတာ့သည္။
ထင္ထားတာထက္ အခန္းအေရအတြက္မ်ားတာေၾကာင့္ ေဒၚတင္တင္ညိုတို႔သားမိအခက္ေတြ့ေနရေတာ့သည္။
အခန္းတစ္ခန္းနားအေရာက္တြင္
"ဘယ္မလဲ မင္းရဲ့သား.."
ခပ္မာမာအသံတစ္ခုေၾကာင့္ ေဒၚတင္တင္ညိုတို႔ ေျခလွမ္းေတြတန္႔သြားသည္။
သူတို႔သားမိတက္လာမိတာ ဘယ္ႏွစ္ထပ္ေျမာက္က ဘယ္အခန္းမွန္းမသိေသာ္လည္း ဒီအသံကိုေတာ့ သိေနသေယာင္ေယာင္ထင္မိသည္။
"သား သင္တန္းသြားတယ္ေလ အစ္ကိုဘာလို႔ အလကားေန သားကိုပဲမန္ေနရတာလဲ..."
"ေတာက္စ္! ဒီေစာက္ေရးမပါတဲ့ သင္တန္းကိုပဲ အားအားယားယားတက္ေနတယ္ အိမ္မွာ ဘာေတျြဖစ္ၿပီးဘာေတြေျပာင္းလဲေနလဲ မင္းတို႔သားမိမသိဘူး မသိလို႔လည္း သိေအာင္မလုပ္ဘူး မင္းကလည္း ေရႊဆိုင္ေလး လက္တစ္စုပ္စာေလာက္နဲ႔ေက်နပ္ မင္းသားကလည္း ေပ်ာ့တိေပ်ာ့ညံ့ လိုက္လည္းလိုက္ပါတယ္.."
"အစ္ကိုက ဘာျဖစ္ခ်င္ေနတာလဲ စုတို႔သားမိက အစ္ကိုထားရာေန ေစရာသြားေနခဲ့တာပဲ ဒါကို အစ္ကို ဘာေတြ မေက်နပ္ေနတာလည္း အစ္ကို႔ကိုေတာ့ စုတကယ္ကို နားမလည္ေတာ့ဘူး..."
"က်စ္!!ေအးေကာင္းတယ္ နားမလည္နဲ႔ မသိနဲ႔ ငါဆိုတဲ့ေကာင္ကေတာ့ မင္းတို႔ေတြအတြက္ ငါ့ကို မခင္တြယ္တဲ့ ငါ့အေမကို ခယရို႔က်ိဳးလိုက္ရတာ ငါ့ကို လူရာမသြင္းတဲ့ မေအဆီကို ေလာဘႀကီးတဲ့အမိုက္ေကာင္ႀကီးပံုစံနဲ႔ ေတာင္းရမ္းထားရတာ ဟက္! မင္းတို႔ကေတာ့ ငါ့အတြက္ ျမဴတစ္မႈံစာေတာင္ အသံုးမဝင္ဘူး .."
ေဒၚစုစုခ်စ္ကေတာ့ ငို၍သာေနေတာ့သည္။ အစ္ကိုဟာ သူမတို႔သားမိအေပၚမွာ အၾကင္နာမဲ့လြန္းသည္။
ၪီးသီဟ၏ ရင္ထဲတြင္ေတာ့ ဘယ္ကစ၍ေလာင္မွန္းမသိသည့္ အပူမီးေတြက တေငြ့ေငြ့ေလာင္ကြၽမ္းလို႔မၿပီးေခ်။ ျဖစ္ခ်င္တာေတြကမျဖစ္ မျဖစ္ခ်င္တာေတြကျဖစ္ လိုတာေတြကမရ ရသမ်ွကလည္း မလိုခ်င္တာေတြ။ စည္းစိမ္ခ်မ္းသာၿပီး စိတ္ကေတာ့ ထာဝရပူေလာင္ေနရသည္။
ဒါေတြကို ၿငိမ္းသတ္ဖို႔နည္းလမ္းက ဘာလဲ?
အျပင္ဘက္မွ ၿငိမ္၍ နားေထာင္ေနမိသည့္ ခင္စႏၵာတို႔သားမိလည္း တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္ႏွာရိပ္ျပကာ ထိုေနရာမွ အျမန္ထြက္သြားၾကသည္။
"အေမ့ အဲ့လူက ဘယ္သူလည္းမသိဘူးေနာ္သူ႔အသံနားေထာင္ရံုနဲ႔တင္ သမီးေတာ့ ၾကက္သီးထတယ္...ၿပီးေတာ့ သူ႔အသံကိုသိသလိုပဲ"
"သားကိုျပန္လာေခၚတဲ့ လူေတြထဲ အဲ့လူပါတယ္ထင္တယ္ အေမလည္းအသံကိုသိေနတယ္ ဘာပဲျဖစ္ျဖစ္ပါ ၾကည့္ရတာ ဒီအိမ္ႀကီးထဲမွာလည္း မိသားစုျပႆနာအရႈပ္အရွင္းေတြရိွေလာက္တယ္..."
"ဟုတ္မယ္ေနာ္ ဟိုလူႀကီးၾကည့္ရတာ သူ႔မိန္းမကိုလည္းႏိုင္စားပံုပဲ..."
"ဘယ္သူကဘယ္လိုပဲေနေန စိတ္မဝင္စားနဲ႔သမီး အေမတို႔အခုေနေနတာ သူမ်ားအိမ္ အဲ့အတြက္ေၾကာင့္ ကိုယ္နဲ႔မဆိုင္တဲ့ကိစၥဆို ဘာမွ ဝင္မေျပာနဲ႔"
"ဟုတ္ကဲ့ သမီးသိပါတယ္အေမ..."
"ဟင္းးးးး အမွန္ဆို အေမလည္း အခုလိုသူမ်ားအိမ္မွာမေနခ်င္ပါဘူး သားေလးကို မခြဲႏိုင္လို႔ စိတ္မခ်လို႔သာ..."
ခင္စႏၵာလည္း အေမ့ကိုၾကည့္ကာ ေခါင္းသာ ၿငိမ့္မိေတာ့သည္။ ေမတၲာစြမ္းအား ဘယ္ေလာက္ႀကီးမားသလဲဆိုတာ သူမရဲ့အေမက သာဓကတစ္ခုပင္။
~~~~~~~~~~~~
ညစာစားဝိုင္းတြင္ေတာ့ ကြၽန္းစားပြဲအရွည္ႀကီးႏွင့္အျပည့္ ဟင္းေကာင္းမ်ားက ျပည့္လ်ွံေနသည္။
အိမ္ရိွအလုပ္သမားမ်ားလည္းေရာက္ေနသလို မိသားစုလည္းစံုေနတာေၾကာင့္ စည္းကားသိုက္ၿမိဳက္လြန္းလွသည္။ အရယ္အၿပံဳးနည္းၾကသည္မွလြဲ၍ မိသားစုထမင္းဝိုင္းႏွင့္ဆင္တူလွသည္။
ဖြားနန္းက ထံုးစံအတိုင္း ကြၽန္းစားပြဲႀကီး၏ ထိပ္ဆံုးတြင္ေနရာယူထားသည္။ ဖြားနန္းႏွင့္မ်က္ႏွာခ်င္းဆိုင္ ကြၽန္းစားပြဲထိပ္တြင္ေတာ့ မိႈင္း ေခၚ မဟာေသြးက ထိုင္ရ၏။
ဖြားနန္းက ခါးကိုေသခ်ာမတ္လိုက္ကာ ၿခံဳပါဝါႀကီးအား ေသခ်ာျပန္ပတ္လိုက္သည္။ထို႔ေနာက္
"ဒီေန့ ညစာစားပြဲေလးကေတာ့ ေဟာဒီက ေျမးေလးျပန္လာတဲ့အထိမ္းအမွတ္အတြက္ပဲ ေျမးနဲ႔ ဒီတစ္အိမ္သားလံုးနဲ႔ မိတ္ဆတ္ပြဲေပါ့.."
အလြန္ဗိုက္ဆာေနၿပီျဖစ္သည့္ ခင္စႏၵာကေတာ့ ထမင္းဝိုင္းဆီသာ အာရံုေရာက္ေနမိသည္။
"သားရဲ့မိဘေတြနာမည္ကေတာ့ ၪီးေကာင္းျပည့္စံုနဲ႔ ေဒၚမ်ိဳးျမတ္ရတနာတဲ့ ဒီက သားရဲ့ ၪီးေလး ၪီးသီဟျပည့္စံုတဲ့ ေဘးကေတာ့ သူ႔ဇနီးေဒၚစုစုခ်စ္ သူ႔သားကေတာ့ ထက္ျမတ္ညီတဲ့"
မိႈင္းက အသိအမွတ္ျပဳသည့္႔အေနျဖင့္ ေခါင္းၿငိမ့္ကာၿပံဳးျပသည္။ သူ႔အတြက္ ေဆြမ်ိဳးေတြရိွေနခဲ့သည္ပဲ။
"အိမ္ရဲ့အလုပ္သမား အားလံုးနဲ႔လဲ မိတ္ဆတ္ေပးထားမယ္ ေနာက္ဆို ေျမးကပဲ သူတို႔ကို ၪီးစီးၫႊန္ၾကားရေတာ့မွာေလ..."
"ဟုတ္ကဲ့အဖြား.."
"သူကေတာ့ အဖြားရဲ့လူယံုေတာ္ ၪီးစံေကာင္းတဲ့ သူတို႔ရဲ့မ်ိဳးရိုးအစဥ္ဆက္ဟာ ဖြားတို႔ရဲ့ မ်ိဳးရိုးစဥ္ဆက္မွာ လူယံုေတာ္ေတြအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၾကတာပဲ..."
"ဟုတ္ကဲ့ ကြၽန္ေတာ္မွတ္ထားပါ့မယ္.."
"သူကေတာ့ အိမ္ေတာ္ထိန္း ေဒၚထားတဲ့ ဒီအိမ္ႀကီးရဲ့အစားအေသာက္ကိစၥနဲ႔ အခန္းေတြကို သူကစီစဥ္ၫႊန္ၾကားေပးရတယ္...သူကေတာ့ ေဒၚသန္းၾကည္ ဟိုဘက္က မိမိေအးနဲ႔ ခ်ိဳႏြယ္ သူကေတာ့ၿခံေစာင့္ၪီးဘတင့္ သူကေတာ့ ကားဒါရိုက္ဘာေက်ာ္ေအးတဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ တိုးေက်ာ္နဲ႔မိုးေက်ာ္တဲ့ ဥယ်ာဥ္မွဴးေတြေပါ့..."
အိမ္ရိွလူကုန္မိတ္ဆတ္ေပးၿပီးသည့္႔ေနာက္မွ ထမင္းဝိုင္းကိုစတင္ေလသည္။
ဗိုက္ဆာေနၾကသည့္႔ ခင္စႏၵာတို႔သားမိမွာေတာ့ ဗိုက္ပင္ေအာင့္ခ်င္ေနေတာ့သည္။
အေတာ္လည္း ကိန္းခန္းႀကီးတဲ့ မိသားစု။
  ××××××××××××××××××××××××××
Part6
Continue>>>
AN/ေၾကာင္လူသားေလးကို ေနာက္ထပ္၂ပိုင္း၃ပိုင္းေလာက္ေနရင္ မိတ္ဆတ္ေပးမယ္ေနာ္😘😘ေမ်ွာ္ေပးၾကၪီးေနာ္ Upမမွႏ္ွန္တဲ့သာသာေလးကို

"မေတ္တာရိုင်း" or"My Boy is the Cat"😻😻😻Where stories live. Discover now