Part3

11 0 0
                                    


"ကျောင်းဆက်တတ်ပါလားသားရယ်...."
အမေ့ရဲ့ တိုက်တွန်းသည့်စကားက မှိုင်းအတွက် ပြောတယ်ဆိုတာနားလည်သော်လည်း သူခေါင်းရမ်းမိသည်။
"တော်ပါပြီအမေရယ် ဘွဲ့ရတော့လည်း ဘာလုပ်မှာလည်း သာမာန်အခြေခံလစာ ၁သိန်းခွဲလောက်ပဲရမှာ အဲ့တော့ ကိုယ့်အိမ်အလုပ်ကိုယ်ပဲလုပ်တော့မယ်.."
"ဒီလိုတော့လည်း ဘယ်ဟုတ်မလဲသားရယ် ကိုယ့်မှာပညာလေးဂုဏ်လေးရှိတော့ အလုပ်အကိုင်မရှားတာပေါ့.."
"ကဲပါအမေရယ် ဆိုင်မှာ အစ်မတစ်ယောက်ထဲ မနိုင်ဘဲနေမယ် သွားရအောင်ပါ..."
"အင်းပါ တကယ်လို့သားတတ်ချင်စိတ်ရှိရင်လည်း အမေ့ကိုပြောနော် .."
"ဟုတ်ပါ.."
မှိုင်းက ဆယ်တန်းကို၃ဘာသာဂုဏ်ထူးဖြင့်အောင်ထားသူဖြစ်သည်။ သို့သော်လည်း ငွေပိုငွေလျှံမရှိတဲ့ အမေ့ကိုဒုက္ခမပေးချင်တာကြောင့် သူ ​ကျောင်းမတတ်ဖို့ ငြင်းနေမိသည်။ အလုပ်လုပ်ရင်းကျောင်းတတ်လို့ရသော်လည်း ထမင်းဆိုင်ဖွင့်ထားတာကြောင့်ရော မိန်းမသားနှစ်ယောက်ထဲဖြစ်တာရောကြောင့် အမေနဲ့အစ်မကို စိတ်မချပေ။
ထို့ကြောင့် သူနဲ့သိပ်မအပ်စပ်သော်လည်း မိသားစုအလုပ်ဖြစ်သည့် ထမင်းဆိုင်လေးမှာသာ စိတ်ရောကိုယ်ပါရင်းနှီးမြုပ်နှံထားမိတော့သည်။
~~~~~~~~~
ထမင်းဆိုင်တွင် လူကျနေချိန်ဖြစ်သည်။
"ကိုကြီးအသည်း..."
"ဘာ!"
ကောင်မလေးတစ်ယောက်က သူ့မျက်နှာအား ပြုံးစိစိကြည့်ကာ ပြောလိုက်တာကြောင့် မှိုင်း မျက်ခုံးများကျုံ့ကာပစ်အော်မိသည်။
"ဟင့် အော်လိုက်တာ ကိုကြီးကလည်း မီးက ဟောဟိုက ကြက်သည်းလေးတောင်းတာကို..."
ဆယ်ကျော်သက်ချာတိတ်မလေးနှင့် ဖက်ပြီးမ​ပြောချင်တာကြောင့် မှိုင်း ဆက်မပြောဘဲ ဟင်းကို ခပ်ပြီးသူမအတွက် ထည့်ပေးလိုက်သည်။
သူ့မျက်နှာဒီလောက်တင်းနေတာတောင် ကောင်မလေးက ပြုံးစိစိ။တစ်နေ့တစ်နေ့ ဒီလိုကိစ္စတွေကြောင့် ခေါင်းရှုပ်ရတာလည်း နေ့စဥ်အလုပ်တစ်ခုလိုပင်။
သူ့မှာ ဒီအသက်အရွယ်ထိ ဘယ်မိန်းကလေးနဲ့မှအရောတဝင်မနေဖူးပေ။ ရည်းစားဆိုတာ အဝေးကြီး။ မိန်းကလေးဖြစ်နေနေ ယောကျာ်းလေးဖြစ်နေနေ စပ်စလူးလေးတွေဆို ကြည့်မရပေ။
"ဪ ဆရာမလေးပါလား...ဆရာမ ထိုင်ထိုင် ခဏစောင့်ဦးနော် ဘာဟင်းနဲ့စားမလဲ .."
"ဟုတ်"
"သား မှိုင်းရေလာပါဦး.."
အမေကတော့ ဇာတ်လမ်းစချေပြီ။ ဆရာမလေးပန်းဝတ်ရည် လာရင် ခုလိုမျိုး သူ့ကိုခေါ်ကာ လောကွတ်ပျုငှာအတင်းလုပ်ခိုင်းချင်သည်။
"အမေကလည်း သား ဟိုဘက်မှာ ဟင်းပွဲပြင်ပေးနေတာကို.."
"ကဲ မင်းအစ်မလုပ်ပါလိမ့်မယ်...ဟင်း ဟင်း"
ဆရာမလေးဘက်ကို လှည့်ကာအဖော်ရွေဆုံးပြုံးပြလိုက်သည့် ဒေါ်တင်တင်ညို။
"ဆရာမလေးရယ် အန်တီ့သားက အဲ့လိုပဲ လူရိုးလူအေး မိန်းကလေးတွေနဲ့ သိပ်အဆက်စပ်ကမရှိဆိုတော့..."
အမေတို့ကတော့ ဇာတ်လမ်းစပြီ။ သူ့ကိုဆရာမလေးနဲ့ အရမ်းနီးစပ်စေချင်ကာ ဆရာမလေးနဲ့တွေ့တိုင်း သူ့အကြောင်းတွေ ခုလိုမျိုးအမြဲပြောဖြစ်သည်။ ကွယ်ရာမှာပြောရင် သိပ်အကြောင်းမဟုတ်သော်လည်း သူ့ကိုရှေ့မှာထားပြီး ပြောလေတော့ မျက်နှာပူလှသည်။
"အမေရယ် ဆရာမလေးလည်း သွားစရာရှိဦးမှာပေါ့ ဆရာမ ဒီမှာ ဟင်းထုပ်.."
ခင်စန္ဒာက မနေသာတော့ပဲ ဝင်ပြောရတော့သည်။ အမေကသာ အောင်သွယ်လုပ်နေတာ သူ့သားကဖြင့် သစ်ငုတ်ကြီး မတုံမလှုပ်ုပ် ဆရာမလေးကြည့်ပြန်တော့လည်း သူ့သိက္ခာနဲ့သူ။
"အန်တီ သွားလိုက်ပါဦးမယ်ရှင့်..."
"ဟုတ်ကဲ့ဆရာမလေး နောက်လိုတာရှိလဲ ဆိုင်လာခဲ့နော် အန်တီမရှိတောင် သားရှိတယ်သိလား.."
"ဟုတ်ကဲ့.."
ဆရာမလေး ထွက်သွားသည်အထိ အမေက မျက်စိတစ်ဆုံးလိုက်ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေ၏။ ထို့နောက် အနီးမှ မှိုင်း၏ ကျောပြင်အား ရိုက်လေတော့သည်။
"အား အမေကလည်း နာလိုက်တာ ..."
"တကတဲ အမေလုပ်တဲ့သူက ဒီလောက် လမ်းဖောက်ပေးနေတာတောင် သူက မတုန်မလှုပ်နဲ့..."
"ဟာ အမေကလည်း ကျွန်တော်မှ စိတ်မဝင်စားတာကို ...."
"ဟုတ်ပါ့ အမေကလည်း အမေ့သားအကြောင်းလဲ သိသားနဲ့ မိန်းမတွေကို ဘယ်တုန်းက ကြည့်ရလို့လဲ..."
"ဟဲ့ မိန်းမတွေကို ကြည့်မရ ရအောင် သူက အခြောက်လား တယ် ငါမပြောလိုက်ချင်ဘူး ကျောင်းပြန်တက်ခိုင်းလို့လဲ မရ မိန်းမယူခိုင်းတော့လည်း မဟုတ်နဲ့  ..."
"အမေလည်း ကျွန်တော်ဒီတိုင်းလေး နေနေတာ ဘာဖြစ်လို့လဲ...."
"ဘာမှမဖြစ်ဘူးနေနေ..."
အမေက ပြောမရတော့ သူပဲစိတ်လျော့ကာ ထသွားတော့သည်။
ဒါကလည်း အမေရဲ့နေ့စဥ်အလုပ်တွေထဲက တစ်ခုပင်။
မိန်းမတွေကို ကြည့်မရတာမျိုး မဟုတ်သော်လည်း ရင်ခုန်စိတ်လှုပ်ရှားမှုကင်းစွာ မပက်သတ်ချင်တာမျိုးဖြစ်သည်။
~~~~~~~~~
"ဟေး ညီညီ..."
အဝေးမှ လက်လှမ်းပြသူကို ညီညီကြည့်လိုက်တော့ သူ့ကိုCrushနေသည့် မင်းနောင်ဖြစ်သည်။
"ညီညီ တစ်ယောက်ထဲလား..."
သူ့နားသို့ရောက်လာကာ ပြုံးစစမျက်နှာထားဖြင့် မေးသည့် မင်းနောင်အား ညီညီ မျက်နှာထားတင်းတင်းဖြင့်ဖြေမိသည်။
"Bar ကိုဘယ်တုန်းက အဖော်နဲ့ ငါလာလို့လည်း.."
"မင်းကလည်း ငါ့ဆိုရင် အကန်တွေချည်းပဲ ငါနဲ့မင်းက သူငယ်ချင်းပါကွ..."
"ငါ့ကိုအပိုတွေလာပြောမနေနဲ့ ငါမင်းနဲ့ ဘယ်တုန်းကမှ သူငယ်ချင်းမဖြစ်ခဲ့ဘူးလို့ပဲမှတ်ထားတယ်..."
မျက်နှာဝင်းဝင်းပြည့်ပြည့်လေးကို ငေးရင်း နောင် တစ်ယောက် အတိတ်တွေကို ပြန်လည်သတိရမိသည်။
မင်းနောင်ဆိုတဲ့ နောင်နဲ့ ထက်မြတ်ညီ ဆိုတဲ့ ညီ ဟာ ဆယ်တန်းကျောင်းသား ဘဝကတည်းက သူငယ်ချင်းတွေဖြစ်သည်။ အနေတည်ပြီး စာတော်တဲ့ညီ့ကို စတွေ့ကတည်းက သူငယ်ချင်းထက်ပိုတဲ့ သံယောဇဥ်တွေဖြစ်နေမိသည်က နောင်ပါ။ ညီက ချစ်စရာကောင်းတယ်ဆိုတာ သူနဲ့အနေနီးလေ သိလာရလေ ခံစားလာရလေဖြစ်သည်။ ညီနဲ့နောင် သူငယ်ချင်းအဖြစ်နဲ့ ခင်မင်ရုံလေးတောင်  ပတ်ဝန်းကျင်က နောင်က ငွေမက်၍ ညီ့ကိုချဥ်းကပ်သည်ဟု အမျိုးမျိုး ထင်ကြေးပေးသည်။
ထိုအချိန်မှာမှ မနေနိုင်မထိုင်နိုင်ဖြင့် နောင့်အချစ်တွေကို ဖွင့်ဟခဲ့မိသည်။ ထိုအချိန်မှာ နောင်နဲ့ညီဟာ တက္ကသိုလ် ဒုတိယနှစ်ဖြစ်သည်။  ညီက နောင့်ကို အတွေ့မခံတော့ပဲ ရှောင်ခဲ့သည်။
အစကတော့ LGBTကိုလက်မခံနိုင်လို့ နောင့်ကို ရှောင်တာထင်ခဲ့ပေမယ့် ညီကလည်း LGBTတစ်ယောက်ဆိုတာသိလိုက်ရတဲ့အချိန် သူ့အတွက်သီးသန့် ငြင်းဆန်နေသည့် ညီရဲ့မေတ္တာတရားတွေ ကြောင့် သူ့ရဲ့ တဇွတ်ထိုးဆန်တဲ့စိတ်ကို တွန်းအားဖြစ်စေခဲ့သည်။
သူ ညီ့ရဲ့ အသွေးသားကို ဆန္ဒအလျောက်ကျူးကျော်ခဲ့မိသည်။ သူ့ရဲ့ အကြီးမားဆုံးအမှားဖြစ်သည်။
ထိုအချိန်မှစ၍ ညီဟာ သူ့ကို အမုန်းကြီး မုန်းသွားခဲ့တာဖြစ်သည်။
"ဟာ ကိုကြီးလာပြီ .."
အတိတ်ကိုရောက်နေတဲ့ နောင်က ညီ့ စကားကြောင့် ပစ္စုပ္ပန်သို့ပြန်ရောက်လာကာ အတွေးတွေရပ်တန့်သွားရသည်။
လက်ကိုလှမ်းဆွဲလိုက်တော့ သူ့ကို စိမ်းစိမ်းကားကား ပြန်ကြည့်သည့် သူ့ရဲ့ချစ်ရသူ။
"မင်း ငါ့လက်ကို လွှတ်နော်.. "
နောင့်ရဲ့လက်တွေ ပြေလျော့သွားသည်နှင့် ရုန်းထွက်လိုက်သည်။
ထို့နောက် သူCrushနေသည့် ကိုကြီးရှိရာသို့သာ ခြေလှမ်းတွေကို ဦးတည်လိုက်သည်။ လိုတာမရ ရတာမလိုဖြစ်နေသည့် သူ့အဖြစ်ကိုလည်း တရားရမိပါသည်။
ကိုကြီးက သူ့ရဲ့အချစ်ဦးလို့ ပြောရပေမည်။ သူတက္ကသိုလ် စတက်တဲ့အချိန်မှာ ရင်ခုန်ခဲ့ရသူူပင်။ ဒါပေမယ့် ကိုကြီးက တကယ့်Straightစစ်စစ်မို့ သူ့အတွက် ခက်ခဲနေရသည်ည်။ ခင်မင်ခွင့်လေးတောင်မှ အတော်ကြိုးစားနေရသည်ည်။
"ဟေ့ဟျောင့် ရှိန်း ဟိုမှာ  မင်းရဲ့ညီလေးလာပြီ..."
"ဘာ မင်းရဲ့ညီလဲ..."
ခပ်တင်းတင်းမျက်နှာထားကြောင့် သူငယ်ချင်းတွေက ထပ်မစသော်လည်း ဟိုကောင်လေးကတော့ သူ့အနားရောက်လာသည်။
"ကိုကြီး ဒီနေ့နောက်ကျတယ်နော်..."
"အွန်း.."
"ကျွန်တော် ဒီနားမှာထိုင်လို့ အဆင်ပြေလား ဟင်.."
"အွန်း စကားမများရင်ပေါ့.."
"ဟုတ်.."
သူ့စကားတစ်ခွန်းကြောင့် ငြိမ်ကျသွားသည့့် ကောင်လေးဟာ သူ့ကိုတော့အငေးမပျက်။ ဒီကောင်လေး ခုလိုလုပ်တာ ပထမဆုံးမဟုတ်တာကြောင့် အနေရခက်မနေပေ။
ရှိန်းခန့့်အတွက် စော်ကြည်တာ မထူးဆန်းပေမယ့့် ဘဲကြည်တာတော့ ထူးဆန်းသည်။ ထူးဆန်းတာထက် သူ့အတွက်အဆင်မပြေပေ။
ဒီကောင်လေးသူ့ကိုလိုက်နေတာ မှတ်မှတ်ရရ ၂နှစ်ပြည့်တော့မည်။
~~~~~~~~~
"ဖွားနန်း ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ.."
ဦးစံကောင်းတစ်ယောက် ဒေါ်နန်းမြတ်သိင်္ဂီရှေ့တွင် ရို့ကျိုးစွာ ထိုင်သည်။
"အေး မင်းကို ငါစုံစမ်းခိုင်းထားတဲ့ကိစ္စက ဘာအကြောင်းထူးသေးလဲ.."
"မွေးစားတဲ့ အမျိုးသမီးရဲ့ နာမည်က ဒေါ်တင်တင်ညိုပါတဲ့ .."
"အင်း "
"သူတို့လိပ်စာကိုတော့ စုံစမ်းနေဆဲပါ.."
"နာမည်တစ်ခုပဲ သိတာလား.."
"ဟုတ်ပါတယ် နေရပ်လိပ်စာသိရရင် အသေးစိပ်သိဖို့မခက်ခဲတော့ပါဘူး..."
"အမြန်ဆုံးသိချင်တယ် မြန်မြန်စုံစမ်းပါ..."
"ဟုတ်ကဲ့ ဖွားနန်း.."
"သွားလို့ရပြီ.."
"ဟုတ်.."
ဦးစံကောင်းထွက်သွားသည့့်အခါ  ဒေါ်နန်းတစ်ယောက်အတွေးနယ်ချဲ့နေရသည်ည်။
ဆက်ခံသူနေရာအတွက် လျာထားခံရသည့်ကလေးမှ  ရွေးပြီးပျောက်သွားရသည့်ကိစ္စဟာ တကယ်ကို တွေးရခက်လှသည်။ မိဘအရင်းတွေကြည့်တော့လည်း ကိုယ့်ထက် တည်ငြိမ်လွန်းနေတာကြောင့် သူမမှာသာ ရင်ပူနေရသည်ည်။
"မြန်မြန်တွေ့မှဖြစ်မယ်..."

"မေတ္တာရိုင်း" or"My Boy is the Cat"😻😻😻Where stories live. Discover now