အပိုင်း (၁)

3K 61 1
                                    

🦋 မိန်းကလေးအချစ်ပါ 🦋 အပိုင်း (၁)

"မေမေသက်ရေ အန်တီသက် "

"အေးအေး သမီးရေ ဝင်ခဲ့နော် "

"ဟုတ် ဟုတ် "
အိမ်ထဲကို တစ်ခါတည်း တန်းဝင်ခဲ့လိုက်ပြီး ဧည့်ခန်းမှာထိုင်‌ေနတဲ့ အန်တီသက်ထားကိုတေွ့တာ‌ေကြာင့်ပြုံးပြကာ လက်ထဲက ဂျိုင့်ကို စားပွဲပေါ်ချပေးလိုက်၏ ...

"ဘာတွေလဲ သမီးရဲ့ "

"အာပူလျှာပူပါ မေမေသက်ရဲ့ ... မေမေသက်နဲ့ ကိုကြီးက ကြိုက်တတ်လို့ လာပို့တာ "

"အားနာစရာကြီးကွယ် သမီးကလည်း "

"ဘာအားနာစရာရှိလဲ မေသက်ကလည်း အိမ်ငယ်လည်း မေမေသက်တို့အိမ်မှာ ဒီလိုပဲ ဝင်စားနေကြကို "

ဒေါ်သက်ထားတို့ ဒီကိုပြောင်းလာကတည်းက အိမ်ငယ်တို့နဲ့က ဟိုဘက်အိမ် ဒီဘက်အိမ်ဆိုတော့ နှစ်အိမ်တစ်အိမ်ဖြစ်နေသလို အိမ်ငယ်ကလည်း ဒီဘက်အိမ်ကို ချောင်းပေါက်မတတ်အမြဲကူးလာတတ်သည် ...
ငယ်ငယ်ရွယ်ရွယ် သွက်သွက်လက်လက် ဖော်ဖော်ရွေရွေနေတတ်တဲ့ အိမ်ငယ်လေးကို ဒေါ်သက်ထားကလည်း သမီးအရင်းလေးလို ချစ်ရှာပါသည် ...

"ဟုတ်ပါပြီရှင် ကျေးဇူးပါနော် "

"ဟီး ဟုတ် ... အခုပဲကျက်တာ ပူပူလေးပဲရှိသေးတယ် ခုစားလိုက်နော် "

"အေးအေး သမီးရော စားခဲ့ပြီလား "

"မစားခဲ့သေးဘူး မေမေသက်ရဲ့ အိမ်ငယ်က အပြန်မှစားတော့မယ် "

"အဲ့ဒါဆို ဒီမှာတစ်ခါတည်းစားသွားပါလေ သမီး ... ဒီမှာ မုန့်တွေလည်းအများကြီး အန်တီသက်တို့လည်း မကုန်ဘူးရယ် "

"တော်ပြီ အိမ်ငယ်က အိမ်ရောက်မှပဲ အားရပါးရစားတော့မယ် ဟီး "

"ဟုတ်ပါပြီကွယ် "

"ကိုကြီးရော ဆေးရုံသွားတာလား "

"ဟုတ်တယ် သမီးရဲ့ "

"ကိုကြီး ပြန်လာမှဆိုရင်တော့ ဟင်းရည်တွေက အေးကုန်တော့မှာပဲ "
"အဟင်း ... သမီးကိုကြီးပြန်လာရင် မေမေသက် ဟင်းရည်ပြန်နွှေးပေးလိုက်ပါမယ်ကွယ် "

"ဟီး ဟုတ် ဟုတ် "
ကိုယ့်ဟာကိုယ်ပြောပြီး ရှက်သွားရပြန်သည် ...
အိမ်ငယ်ကလည်း ကိုကြီးနဲ့ပတ်သတ်ရင် ပိုကိုပိုနေမိတာပါလေ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now