အပိုင်း (၁၄)

1.1K 45 2
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၁၄)

ညနေ ကိုကြီးဆေးရုံက ပြန်လာချိန် အားတုန်းလေး လမ်းထိပ်မှာ မုန့်လာစားရင်း ကိုကြီး ပခုံးပေါ်မှီကာ ...

"ကိုကြီး "

"ဟင် "

"မနက်ဖြန် ဆန်းဒေး ... ကိုကြီး duty off တယ်မလား "

"အွန်း offတယ်လေ ... ချာတိတ်ဘယ်သွားချင်လို့လဲ "

"ဟီး ... ကိုကြီးနဲ့အတူ ဘုရားသွားချင်လို့ နောက်ဘဝလည်း ရေစက်တွေဘာတွေဆုံအောင်လေ "

"ဟား အတက်ကလေးကတော့ကွာ ရင်ခုန်အောင်အမြဲလုပ်နေတော့တာပဲ "
နှာခေါင်းလေးကို ဖွဖွလေးဆွဲကာ ရယ်ကျဲကျဲနဲ့ ပြောလိုက်၏ ...

"ဟီး ... ကိုကြီးနဲ့အတူ ကုသိုလ်တွေ များများလုပ်ရမယ် မနက်ဖြန် ဘုရားလိုက်ပို့မယ်မလားဟင် "

"အွန်း သွားကြမယ်လေ ... ချာတိတ် ဘယ်အချိန်လောက်သွားချင်လဲ "

"၉နာရီလောက်ဆိုရင်ရော ကိုကြီး "

"အင်း ဟုတ်ပြီ ... ဒါနဲ့ ချာတိတ်မိဘတွေကို ကိုနဲ့ ချစ်သူတွေ ဖြစ်နေတာ ပြောပြီးပြီလား "

"ဟင့်အင်း ... အိမ်ငယ်ကြောက်လို့ မပြောရသေးဘူး ... ဟို အိမ်ငယ် ကိုကြီးကို တကယ်မချစ်လိူ့ အလေးမထားလို့ မဟုတ်ပါဘူးနော် အိမ်ငယ်တောင်းပန်ပါတယ် အိမ်ငယ့်ကို စိတ်မဆိုးပါနဲ့နော် "

"ဟာ ...စိတ်မဆိုးပါဘူး ဘာလို့တောင်းပန်နေတာလဲဗျာ ... ဘညမှမဖြစ်ဘူးနော် ကိုယ်နားလည်တယ် ... ကိုယ်က အဲ့သဘောနဲ့ မေးတာမဟုတ်ပါဘူး ... "

ချာတိတ်က မျက်နှာငယ်လေးနဲ့ ခေါင်းလေးငုံ့ကာ တောင်းပန်လာတာကြောင့် ထူးခြားလည်းပြာသွားကာ ခေါင်းလေးကို ဆွဲမော့ပြီး ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်သည် ...

"မနက်ကျရင် ချာတိတ်ပြင်ပြီးရင် ကိုယ်တို့အိမ်လာခဲ့နော် ဘုရားသွားရ‌ေအာင် "

"ကလေးလေးကကွာ အငိုသန်လိုက်တာ "
ငိုမဲ့မဲ့အသံလေးပါလာတဲ့ ချာတိတ်ကြောင့် ထူးခြား စလိုက်တော့ ရင်ခွင်ထဲကနေ ခေါင်းထောင်လာကာ ...

"အိမ်ငယ်က ကလေးမဟုတ်တော့ဘူးလို့ "

"ဟားဟား ဟုတ်ပါပြီ အငိုသန်တဲ့ လူကြီးလေးပေါ့ "

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now