အပိုင်း (၆)

1.8K 48 7
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၆)

"ကိုကြီး "

"အင်း "

"အိမ်ငယ် ကိုကြီးကို ချစ်တယ် "

"ဟမ် ..."
ခု သူရည်းစားစကားအပြောခံလိုက်ရတာလား ...
သူ ကလေးလို့ သတ်မှတ်ထားတဲ့ ချာတိတ်မဆီကလေ ...
ထူးခြား ရုတ်ရတ်မို့ဆွံအသွားကာ ဘာမှ ပြန်မပြောနိုင်သလို မောင်းနေတဲ့ကားကိုလည်း ဘရိတ်ဆောက့်အုတ်လိုက်မိကာ အယောင်ယောင်အမှားမှား ...

"ကျွီ ..."

အိမ်ငယ်ကတော့ ကိုကြီးကိုပဲ မျက်တောင်မခတ်စိုက်ကြည့်လို့နေ၏ ...

ခဏနေတော့ ထူးခြား အိမ်ငယ့်ဘက်လှည့်လာကာ ...

"ကျစ် ... ဒီ‌ကလေးမကတော့ နောက်စရာမှတ်နေလား "

"အိမ်ငယ် နောက်နေတာမဟုတ်ဘူး ... အိမ်ငယ် အိမ်ငယ် ကိုကြီးကို တကယ်ချစ်တာ "

တိမ်ဝင်နေသော အသံလေးနဲ့ ဆိုလိုက်တော့ ...

"ဟင်း ... မင်းက ငယ်ငယ်လေးပဲရှိသေးတယ် ... ခု မင်းက ကိုယ့်ကိုချစ်တာမဟုတ်ဘူး ... အဲ့ဒါမင်းစိတ်ကစားနေတာ ကိုယ်နားလည်တယ် "

"ဟင့်အင်း ... အိမ်ငယ်လုံးဝ စိတ်ကစားနေတာမဟုတ်တာသေချာတယ် ... ကိုကြီးသတ်မှတ်ထားသလို အိမ်ငယ်က ချာတိတ်မလေးမဟုတ်တော့ဘူး ... အိမ်ငယ် လူတစ်ယောက်ကို ကောင်းကောင်းကြီး ချစ်တတ်တဲ့ အရွယ်ရောက်နေပြီ "

‌စကားပြောနေရင်း ဝမ်းနည်းသံလေး‌ေတွပါ ပါလာခဲ့၏ ...
ကိုကြီးက အိမ်ငယ့် အချစ်ကို အထင်သေးနေတာပဲ ...

"ဟင်း ... တယ်ခက်ပါလားကွာ ... အနေနီးလို့သံယောဇဉ်တွယ်တာ အချစ်မဟုတ်ဘူး ချာတိတ် "
သူသိပ်သိတာပေါ့ ... ဒီကောင်မလေးက အကိုတစ်ယောက်လို သံယောဇဉ်တွယ်နေမိတာကို အချစ်လို့ထင်နေမှန်း သိပ်သိတာပေါ့ ...

"ဘယ်သူက ကိုကြီးကို သံယောဇဉ်တွယ်လို့လဲ ... ကိုကြီးလို လူ့ဂွစာကြီးကို ဘယ်သူက သံယောဇဉ်တွယ်မှာလဲ  "

"ဘာကွ ... မင်း "

လက်တောက်လောက်လေးက သူ့ကို လူ့ဂွစာတဲ့ ... ရည်းစားစကားပြောနေတာလား သူ့ကိုဖဲ့နေတာလား မသဲကွဲ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now