အပိုင်း (၉)

719 22 3
                                    

🦋မိန်းကလေး အချစ်ပါ🦋 အပိုင်း (၉)

"အဲ့ဒီကောင်မလေးက ဘယ်သူလဲဟင် "

ထိုကောင်မလေးထွက်သွားတာနှင့် ဆုလည်း ဒေါက်တာ့ကိုလှမ်းမေးလိုက်၏ ...
ဒေါက်တာ့မေမေကို ခေါ်တာလည်း မေမေသက်တဲ့
ခုနက ဓာတ်ပုံထဲက ကောင်မလေးမှန်းသိတာကြောင့် ဆုမေးလိုက်တော့ ဒေါက်တာ့ မေမေက ဝင်‌ေဖြလာခဲ့၏ ...

"အိမ်ငယ်လေးလား ...ဟိုဘက်အိမ်ကလေ ... နှင်းအိမ်ငယ်တဲ့ ... အန်တီ့အတွက် သမီးလေးတစ်ယောက်လိုပါပဲ ... နောက်ပြီး အန်တီက သားနဲ့လည်း သဘောတူထားတာလေ"

ဒေါ်သက်ထား တမင်သိမောင်ပြောထားလိုက်သည် ။

"ဪ..."
ဆုမျက်နှာက သိသိသာသာကို ပျက်ယွင်းသွားတော့၏ ...

ထူးခြားကတော့ ဘာကိုမှ စိတ်ထဲမရောက်ပဲ ထွက်သွားတဲ့ ချာတိတ်ကိုပဲ စိတ်ပူနေမိကာ ဖင်တကြွကြွ ...
ဒီကောင်မလေးက အတွေးကလွန်တတ်တာနဲ့တော့ ...
ဧည့်သည်ကလည်း ကိုယ့်ဧည့်သည်ဆိုတော့ ထထွက်သွားလို့လည်း မကောင်းတာကြောင့် အောင့်အီးကာ ထိုင်နေရတော့သည် ...
ဒါပေမယ့် ထိုစကားဝိုင်းကစကားသံတွေကိုတော့ ကြားနေရပေမယ့် စိတ်ထဲကိုမရောက် ...

.....
"ဒေါက်တာ ဒေါက်တာ "

"သား ဟဲ့ သား "
ဘေးမှာ ကပ်ထိုင်နေပေမယ့် အသိမရှိတဲ့လူလို ခေါ်တာမကြားတာကြောင့် ‌ဒေါ်သက်ထား ထူးခြားကို ပခုံးတစ်ချက်ပုတ်ကာ ခေါ်လိုက်မှ ...

"ခင်ဗျာ ... ‌ဗျာ "

"ဒေါက်တာ ဘာတွေတွေးနေတာလဲ "

"ဘာမှ မတွေးပါဘူးဗျ "

"ဟုတ် ... ဆုပြန်တော့မယ်လို့ ပြောမလို့ပါ "

"ဪ ... ဟုတ်ကဲ့ "

"ဟုတ် ... အဲ့ဒါဆို ဆုပြန်တော့မယ်နော် ...နောက်ကြုံမှပြန်လာလည်မယ်နော် ... ဒေါက်တာလည်း ဆုတို့အိမ်လာလည်ပါဦးနော် "

"ဟုတ်ကဲ့ပါဗျ "

"ဆုကို ခွင့်ပြပါဦး အန်တီ "
ဒေါက်တာ့မေမေကိုလည်း လှမ်းကြည့်ကာ နှုတ်ဆက်လိုက်၏ ...

"အေးအေး သမီး "

"ဟုတ် "

ဆုပြန်သွားတော့ ထူးခြားလည်း ဒေါ်သက်ထားဘက်လှည့်ကာ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now