အပိုင်း (၁၉)

1.8K 62 3
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၁၉)

"ချာတိတ် သွားရအောင် "

ဘာမှ ပြန်မပြောတော့ပဲ နောက်ကနေ လိုက်ခဲ့လိုက်တော့သည် ...

ကားပေါ်ရောက်တော့ ထူးခြားက သူမဘက်လှည့်ကာ တိုတိနေတဲ့ဘောင်းဘီကြောင့် ပေါ်နေတဲ့ ပေါင်တံဖွေးဖွေးလေးတွေကို ကြည့်ရင်း သက်ပြင်းရှည်ကြီးချကာ ...

"ဟင်း ... ချာတိတ် "

"..."

သူ့ကို အရေးမလုပ်တဲ့ ချာတိတ်ကြောင့် ...
"ချာတိတ်လို့ ကိုယ်ခေါ်နေတာမကြားဘူးလား "

"ဘာလဲ "
ပြန်ထူးလာပုံက ဆောင့်ဆောင့်အောင့်အောင့် တစ်ခုခုကို မကျေမနပ်ဖြစ်နေမှန်းသိပ်သိသာလှပါသည် ...

"အဟင်း ... ဘာလို့ အဲ့‌ေလာက်တိုတဲ့ ဘောင်းဘီကို ဝတ်လာရတာလဲကွာ "

"ဝတ်ချင်လို့ပေါ့ "

"ဟာ ... အတိုတွေဝတ်တာ မကြိုက်ဘူးလို့ ကိုယ်ပြောထားတယ်လေကွာ "

"ကိုကြီးမကြိုက်ပေမယ့် အိမ်ငယ်ကြိုက်တယ်လေ "
မျက်ခုံးတစ်ချက်ပင့်ကာ ခပ်ထေ့ထေ့ပြန်ပြောလိုက်၏ ...

"ဟာ "
ဒီကလေးမ သူ့ကို တမင်ရွဲ့ပြီး ဝတ်ခဲ့တာဆိုတာသိပါသည် ...

"ခု သွားပြန်လဲလိုက်ပါကွာ နော် ..."

"မလဲချင်ပါဘူး ... ဒီတိုင်းမလိုက်စေချင်ရင် မခေါ်နဲ့ပေါ့ ‌မလိုက်ဘူး "
ပြောပြောဆိုဆိုနှင့် ကားတံခါးဖွင့်ကာ ဆင်းဖို့လုပ်နေတဲ့ ချာတိတ်မကြောင့် ...

"ဟာ ... မဆင်းပါနဲ့ကွာ ... ဘာမှမပြောတော့ဘူး သွားကြမယ်နော် "
သူမဖွင့်ထားတဲ့ ကားတံခါးကို လှမ်းပိတ်ပေးကာ လော့ခ်ပါ တစ်ခါတည်းချလိုက်ရတော့သည် ...

"ချာတိတ် ဘယ်သွားချင်လဲ "

"ဘယ်မှ မသွားချင်ဘူး "

"အဟင်း အဲ့ဒါဆို အရင်ဆုံးတစ်ခုခုစားဖို့ ဆိုင်တစ်ဆိုင်ကို သွားရအောင်နော် "

"..."
မစိတ်ကောက်ကတော့ ဘာမှ ပြန်မဖြေ ...

ထူးခြားကတော့ သူမကို ကြည့်ပြီးရယ်ကာ အနီးနားက ကောင်းတဲ့ စားသောက်ဆိုင်တစ်ခုဆီ မောင်းခဲ့လိုက်သည် ...
စိတ်ကောက်နေတဲ့သူမက သိသာစွာ တိတ်ဆိတ်နေ၏ ...
ခါတိုင်းဆို ပေါက်ပေါက်ဖောက်နေအောင် ပြောတတ်တဲ့သူမက စိတ်ကောက်ပြီဆိုရင်တော့ ဘာစကားမှမပြောတော့ပဲ တိတ်ဆိတ်သွားတော့သည် ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now