အပိုင်း (၂)

1.5K 46 1
                                    

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၂)

ဟဲ့ အိမ်ငယ် နင့်ရဲ့ ဒေါက်တာကိုကြီးနဲ့ အခြေနေတွေ တိုးတက်နေပြီပါ့လေ ဘာလဲ တွဲနေကြပြီလား ငါတို့ပဲ မသိလိုက်တာလား "

"မတွဲပါဘူးဟ နင်တို့ကလည်း "

ကိုကြီးဆိုတဲ့အသံကြားတာနဲ့ အိမ်ငယ်မှာ ပြုံးဖြီးကာ ရှို့တို့ရှန်းတန်းဖြစ်နေရ၏ ...

"အမယ် မနေ့က shopping center မှာ မနေ့က နင်တို့နှစ်ယောက်ကို မြင်လိုက်ပါတယ်နော် ... မျက်နှာကြီးကို ပြုံးလို့ ဖြီးလို့ "

"အဟင်း နင်တို့ကလည်း တွေ့တာကို ခေါ်တာမဟုတ်ဘူး "

"အမယ်လေး မခေါ်ပါဘူး ... တော်ကြာ အဖျက်မတွေလို့ ပြောခံနေရဦးမယ် "

အိမ်ငယ့် သးငယ်ချင်းတွေက နှိပ်ကွပ်နေကြတော့၏ ...

"မဟုတ်ပါဘူးဟ ... ‌မနေ့က ငါဝယ်စရာရှိလို့ တစ်ယောက်တည်းသွားမလို့လုပ်တာ အဲ့ဒါ ကိုကြီးကလည်း နားတဲ့ရက်နဲ့ကြုံတာနဲ့ မေမေသက်က ကိုကြီးကို လိုက်ပို့ခိုင်းလိုက်တာ ..."

ပြောနေရင်း မနေ့က ကိုကြီးနဲ့ အတူ shopping ထွက်ရတာလေး တွေးမိသွားပြီ ရင်ထဲကြည်နူးသွားရပြန်၏ ...

"မေမေသက်ရေ မေမေသက် "

"အေး သမီးလေး လာလေ "

"ဟုတ် ... သမီး shopping ထွက်မလို့ မေမေသက် ဝယ်စရာရှိရင် လိုက်ခဲ့လေ "

"အေး ... မေ‌မေသက်ကတော့ ဝယ်စရာမရှိပါဘူးကွယ် ... သမီးတစ်ယောက်တည်းလား "

"ဟုတ် ... မေမေကလည်း မလိုက်တော့ဘူးတဲ့ ..."

"ဒီနေ့ သားလည်း ဂျူတီမရှိဘူး‌ဆိုတော့ ကွက်တိပဲ ... သမီးကိုကြီးကို လိုက်ပို့ခိုင်းလိုက်မယ်နော် "

"မေမေသက်ကလည်း အားနာစရာကြီး ... ကိုကြီးက ဒီနေ့မှ နားရတာကို "

"အမယ်လေး ... နားလည်း သမီးကိုကြီးက အလုပ်ပဲလုပ်နေတာရယ် ... အခုလိုလေးမှ မထွက်ရင် သူလည်း အပြင်လေလေးတောင် ရှူရမှာမဟုတ်ဘူး ... ဆေးရုံနဲ့ အိမ်ပဲကူးနေရတာ "

"ဟီး ... ဟုတ် "

ကိုကြီးနဲ့ အတူတူသွားရမှာဆိုတော့ အိမ်ငယ်တို့ကတော့ အကြိုက်ပေါ့ ...

🦋မိန်းကလေးအချစ်ပါ🦋Where stories live. Discover now