Chapter 35 Green Tea
December 06, 2023
Chapter 35-သူမက အရမ်းဉာဏ်ကောင်းတယ်
ကျယ်ကျင်းဟွာကို သူမ၏သား ထုံစန်းကျွမ်က ရဲစခန်းသို့သယ်လာပေးရ၏။
ရဲအရာရှိများက သူမနှင့်စကားပြောချင်သည်ဟု သိလိုက်ရချင်းချင်းပင် ကြမ်းပြင်ပေါ်သို့ ပုံကျသွား၏။
သူမက ထိုင်ခုံတွင်ထိုင်ချလိုက်ပြီး ထုံယန်လျန်၏ပုံစံကိုဘယ်လိုဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမရင်ထဲနာလာသည်။
“အမလေးးးအဖွားရဲ့အဖိုးတန်မြေးလေး ဘာတွေဖြစ်ကုန်တာလဲကွယ်”
ထုံယန်လျန်က ထိုအတွက်စိတ်မပါနေပေ။ သူက ထုံရွှယ်လူကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“အဖွားက ကျွန်တော့်က မိန်းမတွေကိုထိပါးလို့ မိသားစုရတနာကျိုးသွားရတာဆိုပြီး သူ့ကိုပြောခဲ့တယ်ဆို တကယ်ဘဲအဲ့ဒီလိုပြောခဲ့တာလား”
ကျယ်ကျင်းဟွာက အနည်းငယ်ထိတ်လန့်သွားသည်။ ထို့နောက်သူမက ထုံရွှယ်လူဘက်လှည့်ကာ အော်ဟစ်လိုက်သည်။
“နင်****ကောင်မစုတ် ငါကဘယ်တုန်းကများ အဲ့လိုကိစ္စမျိုးကိုပြောခဲ့ဖူးလို့လဲ”
ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ မှားယွင်းစွပ်စွဲခံလိုက်ရသလို ကြည့်လာသည်။
“အဖွား အဖွားဘဲပြောခဲ့တာကိုမေ့သွားပြီလား၊ အဲ့နေ့တုန်းက အဖွားဘဲလူတိုင်းကိုအိမ်ပြင်မောင်းထုတ်ပြီးနောက်မှာ ကျွန်မကိုပြောပြခဲ့တာလေ”
ကျယ်ကျင်းဟွာက အလွန်ဒေါသထွက်သွားသည်။
“နင်****မကောင်းတဲ့ကောင်မ ငါနင့်ကိုသေတဲ့အထိရိုက်သတ်ပစ်မယ်၊ နင်ကငါသင်.....”
“အော်နေတာကို ရပ်လိုက်တော့”
ရဲမေသည် သူမငယ်ရွယ်စဉ်ကလည်း အဖွားဖြစ်သူ၏ ဆူငေါက်ရိုက်နှက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ကျယ်ကျင်းဟွာတစ်ယောက် ဤအခန်းထဲဝင်လာကတည်းက ထုံရွှယ်လူကိုအော်ဟစ်နေသည်ကိုမြင်သောအခါ ထုံရွှယ်လူဘက်သို့ပို၍ပါလာသည်။
YOU ARE READING
လက်ဖက်စိမ်းမလေး၏၇၀ပြည့်နှစ်များဆီကအောင်ပွဲများ
RomanceEnglish title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel