Chapter 53 Green 🍵
December 15, 2023
Chapter 53ငါ့မြေးကဒီလောက်တောင်အသုံးမကျဖြစ်နေလည်း ကောင်မလေးကိုပဲ မြေးမအဖြစ် မွေးစားလိုက်တော့မယ်
"ရူကွေ့ ဒါမင်းရဲ့သူငယ်ချင်းလား..."
ဦးလေးဇုန်းသည် အပေါက်သို့ရောက်ခါနီးတုန်းက မပြေးတော့သောကြောင့် ယခု အသက်ရှုမရအောင် မောမနေတော့ချေ။
ရူကွေ့က မသိမသာမျက်မှောင်ကြုတ်လိုက်မိသည်။
"အင်း..."
အဖိုးနှင့် ဦးလေးဇုန်းတို့က ငါးမျှားသွားကြသည်မဟုတ်လား။
ယခု ဘာဖြစ်လို့ ဦးလေးဇုန်းက ဤသို့ ရောက်နေရသနည်း။
ဦးလေးဇုန်းက ဝမ်ရူကွေ့၏ အနည်းငယ်မကျေမနပ်ဖြစ်သွားသော မျက်နှာပေးကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် ချောင်းဟန့်ကာပြောလိုက်သည်။
"မင်းရဲ့သူငယ်ချင်းဆိုရင် အိမ်ကို အလည်ဖိတ်သင့်တာပေါ့...ဘာဖြစ်လို့ ဒီအပြင်ကြီးမှာ ရပ်နေကြတာလဲ..."
ထုံရွှယ်လူက မျက်ခုံးကိုပင့်ကာ မေးလိုက်သည်။
"ဒါက..."
ဝမ်ရူကွေ့: "ဒါက ဦးလေးဇုန်းပါ...အရင်တုန်းကတော့ တပ်ထဲမှာ စစ်သားပေါ့...အခုတော့ အနားယူပြီး ကျွန်တော့်အဖိုးကို ပြုစုစောင့်ရှောက်ပေးနေတာ..."
တပ်ထဲမှ စစ်သားနှင့် အဖိုးကိုအဖော်လုပ်ပေးနေသူ...
ထုံရွှယ်လူသည် မျက်တောင်တစ်ချက်ခတ်ကာ ချက်ချင်းပင် အခြေအနေကို နားလည်သွားသည်။
ဝမ်ရူကွေ့၏အဖိုးသည် သာမာန်အဖိုးအိုတစ်ဦးတော့ ဖြစ်မည်မဟုတ်ပေ။
ဦးလေးဇုန်းသည် ကြင်နာသည့်အပြုံးဖြင့် ပါးစပ်ထဲမှ ကျန်ရှိနေသော သွား ၈ချောင်းလုံးပေါ်အောင်ပြုံးနေသည်။
"မင်္ဂလာပါ ရဲဘော်မိန်းကလေး...နေကောင်းရဲ့လား...နေက အရမ်းပူနေတာ...ဦးလေးတို့အိမ်ကို လိုက်ခဲ့ပြီး ရေတစ်ခွက်လောက်လိုက်သောက်ပါလား..."
ထုံရွှယ်လူက ခေါင်းခါလိုက်သည်။
"ဟင့်အင်း ရပါတယ်ရှင်...ကျွန်မ သွားစရာနေရာလေးတစ်ခုရှိနေလို့ပါ...နောက်တစ်ခါရောက်ရင် လာခဲ့ပါ့မယ်..."
YOU ARE READING
လက်ဖက်စိမ်းမလေး၏၇၀ပြည့်နှစ်များဆီကအောင်ပွဲများ
RomanceEnglish title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel