Chapter-133

4.2K 379 18
                                    

Zawgyi

ဒန်နာရီတို့တွေ အလင်းကျောင်းတော်ရှိရာကို ခရီးနှင်လာချိန်မှာ သိပ်သည်းတဲ့မှော်စွမ်းအားကို ခံစားလာရတော့သည်၊ဒါက အလင်းကျော်တော်နဲ့နီးစပ်လာတာကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ မြင့်မြတ်နယ်မြေကြီးကြောင့်ဖြစ်သည်၊

"အလင်းကျောင်းတော် ကျော်ကြားရတဲ့အကြားအရင်းက အရဲလာလ်ဆိုတဲ့မြင့်မြတ်နယ်မြေကြောင့်ပဲ"

အရဲလာလ်ဆိုတာ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပြီး အရဲလာလ်ဟာ လူသားသွေးတစ်ဝက်၊နတ်ဘုရားသွေးတစ်ဝက်ပိုင်ဆိုင်ထားတဲ့သွေးနှောဖြစ်သည်၊အရဲလာလ်ရဲ့မိခင်က အရဲလာလ်ကို ဆယ်နှစ်တိုင်ကိုယ်ဝန်ဆောင်ခဲ့ရပြီး နောက်ဆုံးမွေးဖွားလာတဲ့ချိန်မှာတော့ ရွှေရောင်သစ်ပင်ကြီးအဖြင့်ပြောင်းလဲခဲ့ပြီး အရဲလာလ်(ရွှေရောင်နတ်သမီးလေး)ကို ဖွားမြင်ခဲ့သည်၊ အရဲလာလ်မိခင်ရဲ့ခန္ဓာကိုယ်ဟာ လူသားစင်စစ်ကနေ ကြီးမားတဲ့သစ်ပင်ကြီးအဖြစ်ပြောင်းလဲသွားပြီး သိပ်သည်းလှတဲ့မှော်စွမ်းအားတွေထုတ်ပေးလာပြီး မြင့်မြတ်နယ်မြေအဖြစ်ပြောင်းလဲသွားတော့သည်၊

အရဲလာလ်ကတော့ မွေးဖွားလာပြီးနောက်မှာ နတ်ဘုရားတွေရဲ့ခေါ်ဆောင်ခြင်းကိုခံလိုက်ရပြီး ဒဏ္ဍာရီအသွင်နဲ့သာ ကျန်ရစ်ခဲ့သည်၊ဒါကြောင့် အလင်းကျောင်းတော်ရဲ့မြင့်မြတ်နယ်မြေကို အရဲလာလ်လို့ခေါ်တွင်ကာ ခေတ်အဆက်ဆက် မပြောင်းလဲပဲ ကိုးကွယ်တည်ရှိနေခဲ့တဲ့သွေးနှောနတ်ဘုရားမတစ်ဦးအဖြစ် အရဲလာလ်ကကျော်ကြားလာတော့သည်၊

အရဲလာလ်ဆီက ကောင်းချီးပေးခံရတဲ့သူတိုင်းက အလင်းစွမ်းအားမှာ သူမတူအောင်ကျွမ်းကျင်သူများဖြစ်လာတာကြောင့် အလင်းကျောင်းတော်က ကျောင်းသားတိုင်းက အလင်းနတ်ဘုရားပြီးရင် အရဲလာလ်ကို ကိုးကွယ်ကြသေးသည်၊

"မြင့်မြတ်နယ်မြေက ဝင်ရဖို့ခက်ခဲလိမ့်မယ်...ဒါပေမယ့် အလင်းငှက်က အရဲလာလ်နယ်မြေမှာပဲရှိတာ...ငါတို့တွေက အရဲလာလ်နယ်မြေထဲကို ဝင်ဖို့အတွက် စမ်းသပ်မှုတစ်ခုကိုတော့ ဖြတ်ရလိမ့်မယ်"

မဒမ်နွန်းက ဒန်နာရီကိုကြည့်ရင်းပြောလိုက်တာကြောင့် ဒန်နာရီက နားမလည်ဟန်ဖြစ်သွားတော့သည်၊

အမတ်ကြီးရဲ့အပယ်ခံသား Season-2 Where stories live. Discover now