Chapter-147

1.2K 243 2
                                    

Zawgyi

"ဘာဖြစ်လို့လဲ"

"အဲကျောင်းသားက ငါ့ကို ဒီအဖိုးတန်းပစ္စည်းကို ပေးခဲ့လို့မယုံနိုင်ဖြစ်နေတာ" ဒန်နာရီက အီရှကို အပင်ပြလိုက်ရင်းပြောလိုက်သည်၊အီရှကလည်း သူ့လက်ထဲရောက်လာတဲ့အပင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်၊

"ဒါက အဆင့်ငါးရှိတဲ့သင်းခွေအပင်မလား"

"ဟုတ်တယ်"

"သင်းခွေအပင်က တန်ဖိုးကြီးလို့လား" ရှီရယ်က နားမလည်စွာဝင်မေးလာတော့ အီရှကခေါင်းညိတ်ရင်း ရှင်းပြလိုက်သည်၊အဆင့်လေးသင်းခွေတွေထိတော့ ကြီးမားတဲ့အကျိုးကျေးဇူးမရှိပဲ အနာကျက်စေရုံလောက်ဖြစ်ပြီး မရှားပါးချေ၊ဒါပေမယ့် အဆင့်ငါးသင်းခွေအပင်ကတော့ အဲလိုမဟုတ်တော့ပင်၊သူတို့က အနာကျက်တာလျှင်မြန်ပြီး ဓာတ်ကြီးငါးပါးရှိတဲ့မှော်ဆရာတွေကို နောက်တစ်ဆင့်ကို အဆင့်တိုးစေသည်၊ဒါပေမယ့် မှော်ဆရာတစ်ယောက်က တစ်ကြိမ်သာအကျိုးသက်ရောက်မှုရှိတာကြောင့် ဒုတိယအကြိမ်သုံးရင်တော့ အာနိသင်မရှိတော့ပေ၊ဒန်နာရီက ဆေးပင်ကို ရှီရယ်ကိုပေးလိုက်သည်၊

ရှီရယ်က ကြောင်အသွားပြီးနောက်မှာ ငြင်းဆန်ရန်လုပ်လိုက်ပေမယ့် စီရက်စ်ကလှမ်းယူလိုက်ပြီး ဒန်နာရီကို ကျေးဇူးတင်လိုက်သည်၊ဒန်နာရီက ခေါင်းညိတ်ပြလိုက်ပြီးနောက်မှာ ဂျော့ဖရေးရဲ့လက်ကိုဆွဲကာထွက်သွားတော့သည်၊အီရှတို့ကလည်း နူတ်ဆက်ပြီး အကုန်လုံးက လူစုခွဲလိုက်ကြသည်၊

ရှီရယ်က စိတ်တိုနေတဲ့အမူအရာနဲ့ စီရက်စ်လက်ကိုဆွဲကာ သူတို့အခန်းအဆောင်ဆီပြန်သွားတော့သည်၊ရှီရယ်က စီရက်စ်ကို စိုက်ကြည့်ရင်း

"ဒီအပင်က ဒန်နာရီရဲ့ပစ္စည်းလေ ဘာလို့လက်ခံလိုက်တာလဲ"

"ဒန်နာရီက မင်းကိုတိုးတက်ချင်လို့ပေးတာလေ၊ ဒါကြောင့် ကိုယ်လက်ခံတာ မှားလား" စီရက်စ်က ဘာအမှားမှမလုပ်ထားတဲ့အမူအရာနဲ့ပြောလိုက်သည်၊

"ဒန်နာရီက ငါတို့ရဲ့သူငယ်ချင်းလေ သူ့ပစ္စည်းကို ငါတို့ယူလို့မှမကောင်းတာ ပြီးတော့ ဒီပစ္စည်းကအဖိုးတန်တယ်လေ မင်း ဘာလို့လက်ခံရတာလဲ" ရှီရယ်က စိတ်တိုနေပြီး ပါးလေးတွေတောင်နီရဲနေတော့သည်၊စီရက်စ်က ရှီရယ်ကို စိုက်ကြည့်လိုက်ပြီးနောက်မှာ စိတ်မတိုဖို့ပြောလိုက်သည်၊

အမတ်ကြီးရဲ့အပယ်ခံသား Season-2 Where stories live. Discover now