Chapter-144

1.3K 246 2
                                    

Zawgyi

ဂျော့ဖရေးက ဒန်နာရီရဲ့လက်ကိုဆုပ်ကိုင်ထားရင်း စစ်မြေပြင်ကအတွေ့အကြုံတွေကိုပြောပြနေတော့သည်၊ဒန်နာရီကလည်း စိတ်ဝင်စားစွာနားထောင်ရင် သူ့သွေးများက ပွက်ပွက်ဆူနေတော့သည်၊သူက ငယ်ရွယ်သေးတာကြောင့် ကျောင်းတော်က သူ့ကိုလွှတ်မည်မဟုတ်သလို ဂျော့ဖရေးကလည်း ခွင့်ပြုမည်မဟုတ်ပေ၊

အရင်ဘဝတုန်းကတော့ ဖြစ်ပျက်ခဲ့တဲ့စစ်ပွဲမှာသာ ချာမက်လက်စ်က ဒန်နာရီကို လွှတ်ခဲ့သည်၊အဲတုန်းက ဒန်နာရီရဲ့အသက်က ဆယ့်ခြောက်နှစ်တောင်မပြည့်သေးပေ၊ဒါပေမယ့် ပါရမီရှိလှတဲ့ဒန်နာရီက စစ်ပွဲမှာကောင်းမွန်သောရလဒ်ကို ယူဆောင်နိုင်ခဲ့ပြီး ရိုစဲဆလပ်အိမ်တော်ကို ဂုဏ်ကျက်သရေတိုးမြှင့်စေခဲ့သည်၊ဒါပေမယ့် နောက်ဆုံးမှာကတော့ ပျက်စီးသွားခဲ့တာပဲလေ၊

"နောက်သုံးနှစ်လောက်ဆိုရင် ကိုယ်နဲ့အတူ ဒန်လည်း စစ်မြေပြင်ကို သွားလို့ရပြီ...ဒါကြောင့် မလောနဲ့နော်" ဂျော့ဖရေးက ဒန်နာရီမျက်ဝန်းထဲကစိတ်အားထက်သန်မှုတွေကိုတွေ့လိုက်ရတာကြောင့် ဒန်နာရီရဲ့ပါးလေးကို ဖွဖွလေးပွတ်ပေးရင်းပြောလိုက်သည်၊ ဒန်နာရီကလည်း ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်၊

"ကျွန်တော်လည်း ကိုကို့ကို ကူညီပေးချင်တယ်...ကြည့်ရတာ သုံးနှစ်စောင့်ရမယ် ထင်ပါတယ်..."

"ငါတို့လည်း စစ်မြေပြင်ကို သွားချင်လိုက်တာ စီနီယာဂျော့ပြောပြတာကိုနားထောင်ရင်း အခုချက်ချင်းကိုသွားတိုက်ခိုက်ချင်လိုက်တာ" ရှီရယ်က တက်ကြွစွာပြောလာတော့သည်၊ သူတို့လည်း ခေါင်းညိတ်ရင်း လက်ခံလိုက်မိသည်၊

"စစ်မြေပြင်ကို ကလေးကစားကွင်းများထင်နေလား၊ မင်းတို့သာသွားရင် ချက်ချင်းတောင်အသက်ပျောက်သွားအုံးမယ်" ခနဲ့စွာဝင်ပြောလာတဲ့လူငယ်တစ်ဦးကြောင့် ရှီရယ်တို့မျက်မှောင်ကြုတ်သွားကာ ကြည့်လိုက်တော့ လဲနိုရာဖြစ်နေတော့သည်၊လီအာလ်က ဘေးနားမှာ သူတို့အား အားနာစွာကြည့်နေပြီး စိတ်ထဲမှာလည်း လဲနိုရာကိုကျိန်ဆဲလိုက်သည်၊

သူတို့က မိုင်နိုးရက်စ်ကျောင်းတော်မှာရှိနေပြီး ရှင်းရှင်းပြောရရင် သူများရဲ့နယ်မြေအတွင်းမှာရောက်နေတာဖြစ်သည်၊စီနီယာရှဲနစ်က သူ့ကို သတိပေးခဲ့တာတောင် ဘာလို့ခေါင်းထဲမှာမထည့်ထားရတာလဲ၊ မဟာကျောင်းတော်ကို ပြန်ရောက်ရင် မည့်သိုသောဆိုးကျိုးများဖြစ်ပါစေ လဲနိုရာနဲ့ မပတ်သတ်ဖို့ လုပ်ရလိမ့်မည်၊

အမတ်ကြီးရဲ့အပယ်ခံသား Season-2 Where stories live. Discover now