Chapter-145

1.2K 234 10
                                    

Zawgyi

တိုက်ခိုက်ရေးကွင်းပြင်မှာ ကျောင်းသားတွေက လူစည်လာတာကို နားမလည်စွာဖြစ်နေရင်း သူတို့အနီးနားက ကျောင်းသားတွေကို မေးမြန်းလိုက်ချိန်မှာ သူတို့ကျောင်းတော်က ဝိညာဉ်ထိန်းကျောင်းသူနဲ့ အခြားကျောင်းတော်က ဝိညာဉ်ထိန်းကျောင်းသူပြိုင်ပွဲဆိုတာကို ပြောလာတော့သည်၊

"ဝိညာဉ်ထိန်းကျောင်းသူပြိုင်ပွဲလား" အများအားဖြင့် ဝိညာဉ်ထိန်းကျောင်းသူတွေက တိုက်ခိုက်တာရှားလှသည်၊ဒါကြောင့် ကျောင်းသားတွေက စိတ်ဝင်စားစွာ တိုက်ခိုက်ရေးကွင်းပြင်မှာ လူစုလာတော့သည်၊

"ဘာကို ဦးတည်ယှဉ်တိုက်ကြမှာလဲ" ကျောင်းသားတစ်ဦးက အသံကျယ်ကျယ်နဲ့မေးလိုက်ချိန်မှာ ဒန်နာရီတို့အဖြစ်အပျက်ကို ကြည့်ရှုနေတဲ့ကျောင်းသားတွေထဲက တစ်ဦးက ပြောပြလာတော့သည်၊

"ဝိညာဉ်သားရဲကို လုယူခြင်းတဲ့"

တကယ်တော့ ကျောင်းသားပြောတာက လဲနိုရာပြောတာနဲ့ဆင်ပေမယ့် လဲနိုရာက လူကြားကောင်းအောင်သုံးနူန်းပြောဆိုပေမယ့် ဘယ်သူကမှ သူ့ကိုအကောင်းမမြင်ကြပေ၊ဒါကြောင့် အဲကျောင်းသားက လဲနိုရာက ပထမနှစ်ရဲ့မင်းသားလေးဒန်နာရီ၏ဝိညာဉ်သားရဲကို လိုချင်တပ်မက်စိတ်ဝင်ပြီး စိန်ခေါ်ခဲ့ကြောင်း ဖွပစ်လိုက်တော့သည်၊

တိုက်ခိုက်ရေးကွင်းပြင်က ကျောင်းသားတွေကလည်း အကြောင်းအရာကိုသိသွားတော့ လဲနိုရာကို ရှုံ့ချတော့သည်၊ဒါတင်မက ဒန်နာရီတို့ကိစ္စကို အစအဆုံးမြင်တဲ့ကျောင်းသူတစ်ဦးကလည်း လဲနိုရာက ဒန်နာရီရဲ့ခင်ပွန်းလောင်းကိုပါ လိုချင်တပ်မက်စိ​တ်ဝင်ခဲ့ကြောင်း အတင်းပြောလိုက်ချိန်မှာ သူတို့မှာ စင်မြင့်ထက်မှာ လှလှပပရပ်နေတဲ့လဲနိုရာကို ရွံရှာတဲ့အကြည့်တွေနဲ့ကြည့်လိုက်သည်၊

"စာအုပ်တစ်အုပ်ကို အပေါ်ယံအဖုံးကြည့်ပြီး မဆုံးဖြတ်နဲ့လို့ပြောတာ အမှန်ပဲ၊ ချဲလ်တုန်းကလည်း အဲလိုပုံစံမျိုးပဲ"

"ဟုတ်ပ... အပေါ်ယံသကြားဖြူးထားပြီး အထဲကအသားက တူးပြီးပုပ်နေတာ" လဲနိုရာကို ဝေဖန်အပြစ်တင်ပြောဆိုသံတွေက မတိုးသလို ကျယ်လည်းမကျယ်ပေမယ့် တဖြေးဖြေးအနီးနားကလူတွေကနေတဆင့် လူတိုင်းနီးပါးသိကုန်ကြတော့သည်၊

အမတ်ကြီးရဲ့အပယ်ခံသား Season-2 Nơi câu chuyện tồn tại. Hãy khám phá bây giờ