Chapter-146

1.3K 245 0
                                    

Zawgyi

"ကျွန်တော့်အလှည့်ရောက်ပြီ"

ဒန်နာရီက ပြောလိုက်ပြီးနောက်မှာ ရှေ့တန့်လာပြီး လဲနိုရာကို ဝိညာဉ်နတ်သူငယ်ထုတ်ဖို့ပြောလိုက်သည်၊လဲနိုရာက ဘုရင်အဆင့်ဝိညာဉ်သားရဲကိုတောင် ဆွဲဆောင်နိုင်တဲ့သူက သူရဲ့အလင်းနတ်သူငယ်ကိုပါ ဆွဲဆောင်နိုင်စွမ်းရှိလိမ့်မည်ဟုတွေးမိလိုက်ပြီး သူက အလင်းနတ်သူငယ်ကို ထုတ်လိုက်သည်၊

"သူ့ကို ဘာပစ္စည်းနဲ့မှာ မဆွဲဆောင်နဲ့"

လဲနိုရာစကားကြောင့် အနီးနားကလူတွေရဲ့မျက်နှာမှာအထင်သေးမှုများဖြတ်သန်းသွားတော့သည်၊ဒန်နာရီဝိညာဉ်သားရဲတုန်းကတော့ အဖိုးတန်ရတနာနဲ့ဆွဲဆောင်ခဲ့ပြီး ဒန်နာရီအလှည့်ကျတော့ ဘာပစ္စည်းမှ သုံးခွင့်မရှိဘူးတဲ့လား၊

"ဒါက မဟာကျောင်းတော်ကလူတွေရဲ့စိတ်ဓာတ်လား"

"ရွံစရာကောင်းလိုက်တာ"

"သူတစ်ယောက်တည်း ကွက်ရွံစရာကောင်းတာနေမှာပေါ့၊ အခြားသူတွေက မဆိုးလောက်ပါဘူး"

"ဒီလိုလူမျိုးက မဟာကျောင်းတော်ကမို့လို့ ငါတို့ကံကောင်းတယ်"

ကျောင်းသားတွေရဲ့ဝေဖန်စကားကြောင့် မဟာကျောင်းတော်ကကျောင်းသားတွေရဲ့အမူအရာကရှုံ့မဲ့နေပြီး ရှက်ရွံမှုကြောင့် မျက်နှာတွေကနီရဲနေတော့သည်၊

မဟာကျောင်းတော်က ကျောင်းသူလေးတွေဆို မျက်ရည်များတောင်ဝဲပြီး လဲနိုရာကိုမုန်းတီးစွာစိုက်ကြည့်နေကြသည်၊ကျောင်းသားတွေက သူတို့ရဲ့ဂုဏ်သိက္ခာကို အသက်ထက်တောင်တန်ဖိုးထားကြသူတွေဖြစ်တာကြောင့် အခြားသူတွေဆီက အစော်ကားခံရချိန်မှာ ရင်ထဲမကောင်းဖြစ်နေကြတော့သည်၊

လီအာလ်ကလည်း လက်သီးကိုကျစ်ကျစ်ဆုပ်ထားပြီး လဲနိုရာကို စိတ်ပျက်စွာကြည့်နေတော့သည်၊လဲနိုရာက အဲလိုလူမျိုးလားလို့ သူတွေးကြည့်တော့လဲ လဲနိုရာက အဲလိုလူမျိုးဆိုတာ သူသိပြီးသားပင်၊

ရှင်းရှင်းပြောရရင် လဲနိုရာရဲ့အလင်းနတ်သူငယ်က သူတစ်ပါးရဲ့ပိုင်ဆိုင်မှုဖြစ်ခါနီးဖြစ်ပြီး လဲနိုရာက လုယူခဲ့ခြင်းဖြစ်သည်၊ဒါကို လီအာလ်တောင် မတော်တဆသိခဲ့ရပြီး လဲနိုရာကို မေးမြန်းခဲ့ပေမယ့် လဲနိုရာက မဟုတ်ကြောင်းဖြေရှင်းပြခဲ့သည်၊အခုအဖြစ်အပျက်ကို ကြည့်လိုက်တဲ့အခါမှာတော့ တကယ့်လိမ်လည်သူက လဲနိုရာသာဖြစ်နေတာကိုး၊

အမတ်ကြီးရဲ့အပယ်ခံသား Season-2 Où les histoires vivent. Découvrez maintenant