part-1

187 9 0
                                    

" မြို့အုပ်မင်း နေမကောင်းလို့ ဆရာဝန်လေးကို ခေါ်လိုက်ရတာ၊ မြို့အုပ်မင်းက ခုတစ်လောအရမ်းစိတ်ဓာတ်တွေ ကျနေသလိုဘဲ၊ ဆရာဝန်လေးကော ဘယ်လိုထင်လဲ။ "

"ဗျာ... ကျတော်က ဘယ်လိုထင်ရမှာလဲ၊ မြို့အုပ်မင်း အရက်တွေသောက်နေသေးလား။ "

"‌နည်း နည်းတော့ သောက်သေးတယ်ဗျ။ "

"ရောက်ပါပြီ၊ ဒါက မြို့အုပ်မင်းအခန်းပါ"

ဘေးဘက်သို့စောင်းလှည့်ကာလှဲနေရာမှ ဆရာဝန်လေး လာသည့်ဆိုသောအသံကြောင့် တဖက်လှည့်ကာ ကြည့်လိုက်သော မြို့အုပ်မင်း ဂျွန်...

ဆရာဝန်လေးအား တွေ့သည်နှင့် မျက်နှာ၌ အပြုံးရိပ်များ ဝင်းလဲ့သွားသော
မြို့အုပ်မင်းဂျွန်။

"မောင်သံလုံး... ဆရာဝန်လေး အတွက် အအေးဖျော်လာခဲ့ပေး။ "

"ဟုတ်ကဲ့..မြို့အုပ်မင်း။ "

*မောင်သံလုံးကာ မြို့အုပ်မင်းအိမ်၌
ကားမောင်း သန့်ရှင်းရေးသာ မက မြို့အုပ်မင်း၏ ဝေယဝစ္စ အကုန် လုပ်ပေးရသူဖြစ်လေသည်။ *

မောင်သံလုံးထွက်သွားသည်နှင့်
မြို့အုပ်မင်း ဂျွန်လဲ ငေါက်ကနဲ ထထိုင်လိုက်ပြီးနောက်

"ထယ်.. မောင့်ဆီ လာတာလား။ မောင်ဖြင့်  မင်းကို လွမ်းနေတာ၊ မောင် ဝမ်းသာလိုက်တာ ထယ်ရယ်။ "

"ကျတော် မြို့အုပ်မင်းဆီလာတာ မြို့အုပ်မင်းရဲ့ ကျန်းမာရေး ကြောင့်ပါ တစ်ခြား ဘာမှ မပါဘူး။ "

"ထယ်ရယ်... စိမ်းကားနေပါလားကွာ၊ ဒီကမောင်ကို မသနားတော့ဘူးလား။ "

*မောင်လုပ်ချင်တာ လုပ်သွားတုန်းကရော ထယ့်ကို မသနားခဲ့ဘူးလား မောင်ရယ်။

"ကဲပါ.. မြို့အုပ်မင်း ကြည့်ရတာ အရက်နာကျနေသလိုဘဲ.. မြို့အုပ်မင်းရဲ့ အိမ်သူက ဂရုမစိုက်ဘူးလား။ "

"မောင်သူနဲ့ ကွာရှင်းလိုက်ပြီ..."

" မြို့အုပ်မင်း ဒါကြောင့် အရက်သောက်နေတာလား။ "

" မောင် နောင်တရနေမိလို့ပါ။ "

"ဒါ မြို့အုပ်မင်းရွေး ချယ်ခဲ့တဲ့ ကံကြမ္မာဘဲလေ။ "

နွေဦး သက်သေWhere stories live. Discover now