Part-3

83 7 0
                                    

ထယ်လဲ သားငယ်လေးအား အပေါ်၌ သိပ်ထားခဲ့ပြီးနောက် မြို့အုပ်မင်း ဂျွန်ရှိရာ စာဖတ်ခန်းထဲသို့ ဝင်သွားလေသည်။

*ဒေါက်...ဒေါက်...ဒေါက်..*

"မြို့အုပ်မင်း ကျတော် ထယ်ပါ ဝင်လာခဲ့လို့ရမလား။ "

မြို့အုပ်မင်းဂျွန်လဲ ထယ်ဆိုသောအသံကြောင့် တံခါးအား အမြန်ပင်လာဖွင့်ပေးလေသည်။

"အော်! ထယ် လာလေ မောင့်ဆီကို လာတာလား။ မောင့်ကိုပြောစရာရှိလို့လား ထယ်။ "

"နေပါအုံး မြို့အုပ်မင်းရယ် ဖြေးဖြေးမေးပါ၊ "

"အဟက်! ရုတ်တရက်ထယ်က မောင့်ဆီလာတော့ မောင်က အံ့ဩသွားလို့ပါ။ "

"ဟုတ်ပါပြီ၊ ထားပါတော့...ထားပါတော့"

"လာ ထယ် ဒီမှာလာထိုင်.. ထယ် အဖန်‌ရည် သောက်မလား၊ မောင်ထည့်ပေးမယ်လေ။ "

"ဟုတ် သောက်မယ် မြို့အုပ်မင်း။ "

မြို့အုပ်မင်းဂျွန်လဲ အဖန်ရည်အိုးထဲမှ အဖန်ရည်အား ကြွေခွက် လှလှလေး ထဲ ထည့်ကာ ထယ့်အား ကမ်းပေးလိုက်လေသည်။

"အင်း! သောက်လို့ကောင်းသားဘဲ အနံလေးကလဲ မွှေးနေတာဘဲ။ "

"ဟုတ်တယ် ထယ်! မောင် တစ်ခေါက်
ရှမ်းပြည်ဘက်သွားတုန်းက အဲ့က တပည့်လေး တယောက်က လက်ဆောင်ပေးလိုက်တာ မောင်တောင်သဘောကျလို့ လူကြုံရှိရင် ထပ်မှာမလို လုပ်ထားသေးတယ်။ မောင့် ထယ် ကြိုက်တယ်ဆိုရင် မောင် လက်ဆောင်ဝယ်ပေးမယ်လေ နော်။ "

"အယ်! မဟုတ်တာ ရပါတယ် မြို့အုပ်မင်းရယ် တကူးတကကြီးတွေ မလုပ်ပါနဲ့။ "

"တကူးတကရယ်လို့တော့ ဘယ် ဟုတ်ပါ့မလဲ ထယ်ရယ် မောင့် စေတနာ မေတ္တာ အချစ်တွေနဲ့ ပေးတဲ့လက်ဆောင်လို့သဘောထား လိုက်ပေါ့။ "

"အမယ်! လူလည်ကြီးပါလား ဟင်! "

"လူလည်ကြီးပေါ့ ဟောဒီက မောင့် ထယ်လေးကို ချစ်လွန်းတဲ့ လူလည်ကြီးပေါ့ ဟား ဟားး"

နှစ်ယောက်သာ တယောက်နှင့်တယောက် အရွှန်းဖောက်ကာ ပြောနေကြရင် တဝါးဝါး ပွဲကျနေတော့လေသည်။

"ထယ်... မောင်လေ မင်းကိုအရမ်းချစ်တာဘဲ၊ မောင့်အနားမှာ ထယ် တယောက်ထဲကိုဘဲ ခေါ်ထားချင်တယ်၊ မောင်ရယ် ထယ်ရယ် သားငယ်လေးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။ "

နွေဦး သက်သေWhere stories live. Discover now