part-4

68 8 11
                                    

"ဒီနေ့မှ မိုးကလဲ သဲကြီးမဲကြီး ရွာနေတယ်ကွာ၊ သားငယ်လေး ဦး သား‌ငယ်လေးဘေးမှာရှိတယ်နော်၊ ဘာမှမကြောက်နဲ့။ "

ထယ်လဲ သားငယ်လေးအား သိပ်နေရင် သားငယ်လေးကြောက်မှာဆို၍ သားငယ်လေးအား ဖက်ထားလေသည်။

ခနကြာသောအခါ သားငယ်လေး အိပ်ပျော်သွားလေသည်၊ ထယ်လဲ အိပ်မပျော်သောကြောင့် အခန်းအပြင်သို့ ခနထွက်လာလေသည်။
ထိုအချိန်အောက်ထပ်၌ လူရိပ်တခုအားတွေ့လိုက်လေသည်။

"ဘယ်သူလဲ...ဘယ်သူလဲလို့မေးနေတယ်လေ အောက်ထပ်မှာဘယ်သူလဲ။ "

တအိမ်လုံး သားငယ်လေးရယ်၊ ထယ်ရယ် ဒေါ်ကြီးပုရယ် သုံးယောက်သာရှိလေသည်။

"ဒေါ်ကြီးပုလား..."

အောက်ထပ်မှ ထိုလူဆီမှ ဘာသံမှ ပြန်မလာပေ၊ ထိုအချိန်ရုတ်တရက်မီး ပျက်သွားလေသည်။ ထယ်လဲ ရေနံဆီ မီးအား အမြန်သွားယူပြီ နောက် သားငယ်လေးရှိရာ အခန်းထဲသို့ပြန်ဝင်ကာ ရေနံဆီ မီးအိမ်အား စားပွဲပေါ်၌ တင်ကာ သားငယ်လေးဘေး၌ ထိုင်နေလေသည်။

ထိုအချိန် လှေကားမှ နေ၍ အပေါ်ထပ်သို့ တစုံတယောက်တက်လာသံကြားလိုက်လေသည်။ ထယ်လဲ ကြောက်သည်ထက် သားငယ်လေး ကြောက်မည်ကိုသာ ပိုစိုးရိမ်နေမိလေသည်။

တံခါးဝမှ တံခါးခေါက်သံကြောင့် ပိုကာ ကြောက်စိတ်ဝင်မိလေသည်၊ ကြိုးစားကာ တံခါးထဖွင့်ရန် ကြိုးစားပေမဲ့ဘခြေထောက်တို့ကာ လေးလံနေလေသည်။

တံခါးကာ မဖွင့်ပေးရဘဲ သူ့ဘာသာပွင့်သွားပြီ ဝင်လာသော ထိုသူကြောင့် စိတ်အားလုံးလွှတ်ချကာ ပြေးဖက်မိသည်ထိ၊ ထိုသူ့ရင်ခွင်ထဲတွင် လူဟာ အရုပ်ကြိုးပြတ်ပမာ ခွေလဲကျမတက်။

"မောင်... မောင် လား။ မောင်... အဟင့်... အင့် ... ကျတော်ကြောက်တယ်၊ ထယ်ကြောက်တယ် မောင်။ "

"ထယ်... မောင့် ထယ် ဘာဖြစ်လို့လဲ။ မောင်ပါ... ထယ့်ရဲ့ မောင်ပါ ထယ်။ "

ထယ်လဲ မြို့အုပ်မင်းဂျွန်အား တင်းကြပ်စွာ ဖက်ထားလေသည်၊ လူကတော့ တကိုယ်လုံးတုန်ရီနေလေသည်။

>>>>>>>>>>>>>>>>>>

"မောင်...ဘယ်လို ဖြစ်လို့ အစောကြီးပြန်လာတာလဲ၊ တစ်ညအိပ်ကြာမယ်ဆို။ "

နွေဦး သက်သေWhere stories live. Discover now