part -5

73 5 0
                                    

"ထယ်.. မောင် လိုက်ပို့ပေးမယ်လေ ဆေးရုံထိ။ "

"မဟုတ်တာဘဲ မောင်ရယ်၊ ဆေးရုံက နီးနီးလေးဘဲ ကျတော့်ဘာသာ စက်ဘီးစီးသွားလိုက်ပါ့မယ်။ "

"မသွားရပါဘူး၊ မောင်လိုက်ပို့ပေးမယ်။ "

"ပြီးရော..ပြီးရော "

မြို့အုပ်မင်းလဲ ထယ်အာ့ ဆေးရုံ သို့ဝင်ပို့ပေးခဲ့လေသည်။

>>>>>>>>>>>>>>>

ကတ်ဆက်မှ လာနေသော သီချင်းသံကာ အရင်ချိန်တွေကို ပြန်ကာ လွမ်းမောစေတာ အမှန်ပင်

"မောင်နဲ့ ဒီလို အတာသင်္ကြန်ရောက်ခါနီး လေးမှာ တွေ့ခဲ့တာ မဟုတ်ပါလား။ "

ထယ်လဲ မြို့အုပ်မင်းနှင့် စတွေ့ခဲ့သော အချိန်တွေအား ပြန်လွမ်းမောနေရင်

(အခုကနောက်ကြောင်းပြန်မှာပါ)

"ထယ်ရေ..ငါတို့ ကန်တင်းမှာ တခုခုသွားစားရအောင်"

"အင်းသွားကြမယ်။ "

ထ်ိုအချိန် ဘေး၌ ရုတ်တရက်ဝင်ထိုင်လာသော လူတယောက်

"အဟမ်း! ဒီက ဆေးကျောင်းသားလေး
ခဗျ၊ ကျတော့်အမည်က ဂျွန်ပါ မကြာခင် ဘီအေဘွဲ့ရပြီ မြို့အုပ်မင်း ဖြစ်လာမယ့် မြို့အုပ်မင်းလောင်းလျာလေးပါ။ "

"အမ်! ဘာလို့ ကျတော့်ကို လာပြောပြနေတာလဲ၊ ကျတော်နဲ့ ဒီက မြို့အုပ်လောင်းလျာကြီးနဲ့က သိမှ မသိတာဘဲ။ "

"နောက်ပြီး ကျောင်းထဲဘယ်လိုဝင်လာတာလဲ၊ သိရသလောက်တော့ ရန်ကုန်ကောလိပ်က ထင်တယ်။ "

"အဟမ်း! ဒါကတော့ ဒီကမောင်က အစွမ်းအစနည်းနည်းသုံးပြီး မင်းလေးကို တွေ့ချင်လို့ စွန့်စားလာတာပေါ့ဗျာ။ "

"အလိုလေး! မြို့အုပ်လောင်းလျာကြီးက ဘာကိစ္စ ကျတော့်ကို တွေ့ချင်ရတာလဲ။"

" ဒီကမောင်ကို ဂျွန်လို့ဘဲ ခေါ်ပါလား။ မခေါ်ချင် မောင် လို့ခေါ်လေနော်။ "

"လူကို ပိုင်စိုးပိုင်နက်နဲ့ဗျာ။ "

"ဖြစ်နိုင်ရင် ဟောဒီက အလှလေးရဲ့
မူပိုင်ရှင်တောင် ဖြစ်ချင်မိတယ်။ "

နွေဦး သက်သေWhere stories live. Discover now