part-6

86 8 1
                                    

နွေရောက်ပြီလေ×××ရိုးတံကြဲကြဲ အပင်အိုတို့ အလှချင်းလဲပြိုင် ×××× လေးရူးအဝှေ့ ရွက်ဝါတွေ လိပ်ပြာတွေရယ်××××အကချင်ပြိုင် နေသလိုပင် ××××××

"အမယ်! မြို့အုပ်မင်းကြီး သီချင်းတွေဘာတွေ ဆိုလို့ပါလား။ "

မြို့အုပ်မင်းလဲ ပါးစွန်းလေးကွေးသည် အထိ ပြုံးလိုက်ပြီး

"မောင့်ထယ်... မောင်နဲ့ ထယ် ဒီလို နွေ နေပူကြဲကြဲ ငုဝါပင်ကြီး အောက်မှာ ငုဝါပန်းတွေ ကို ပိတောက်ပန်းအစား မောင် ထယ့် ကိုခူးပေးခဲ့တာ မှတ်မိလား။ "

"အင်း မှတ်မိတာပေါ့ မောင်ရဲ့၊ အဲ့တုန်းကဆို ကျတော့်မှာ မောင့်ကို စိတ်တိုရအခက် ဖြစ်ခဲ့ရတာလေ၊ မောင်ဘဲ ပေါက်ပေါက်ရှာရှာ တွေး တတ်တယ်၊
ဘာတဲ့ ! ငုဝါပန်းတွေက ပိတောက်ပန်းတွေနဲ့ အရောင်တူလို့ ဒါဘဲယူပါ မောင့်ထယ် တဲ့။ "

"ဟားး မောင် တကယ်တော့ ပိတောက်ပင်က ခပ်လှမ်းလှမ်း ရောက်နေတော့ မောင့်ထယ်အနားကနေ တစ် စက္ကန့်လေးတောင် မခွဲချင်လို့ ငုဝါပန်းတွေ ခူးပေးလိုက်တာ။ "

"လူလည်ကြီးပါလားနော်။ "

"အချစ်လူလည်ကြီးပါကွာ၊ ခုတောင် ချစ်ချင်နေတာ မယုံဘူးလား၊ စမ်းကြည့်ကြမလား။ "

"ဘာစမ်းမှာလဲ မောင်က ...."

မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် နားမလည်နိုင်စွာ မေးလာသော ချစ်သူလေးကို အသဲယားမိတာတော့ အမှန်ပင်။

"မောင်တို့ ဘာစမ်းကြမလဲ၊ အမ်! ကုတင်ပေါ်မှာ......"

မြို့အုပ်မင်းစကား မဆုံးသေးခင် ပါးစပ်အား လက်နှင့်အတင်း လှမ်း ပိတ်လိုက်သော ထယ်။

"မောင်... ဘာဖြစ်နေတာလဲ ၊ သူများတွေကြားကုန်တော့မယ်။ "

"မောင်တို့ သူများတွေမကြားအောင် အခန်းထဲသွားကြမလား။ "

‌မြို့အုပ်မင်းလဲ ထယ့်အား လက်ဆွဲကာ ခေါ်သွားလေတော့သည်။

"မောင်...မောင်... သားငယ်လေး ရှိတယ်လေ အခန်းထဲမှာ နောက်ပြီး နေခင်းကြောင်တောင်ကြီး ဘာဖြစ်နေတာလဲ။ "

"သားငယ်လေးမရှိဘူး၊ မောင် သားငယ်လေးရယ် ဒေါ်ကြီးပုရယ်ကို ဒေါ်ဒေါ်တို့ဆီပို့ထားတယ်၊ဒေါ်ဒေါ်တို့က ‌သားငယ်လေး ကို တွေ့ချင်လို့တဲ့၊ မောင်သံလုံးကို ကျတော့ ဈေးထဲလွှတ်ထားတယ်၊ လိုအပ်တာတွေ သွားဝယ်ဖို့။ အိမ်မှာ မောင်နဲ့ ထယ် နှစ်ယောက်ထဲ။ "

You've reached the end of published parts.

⏰ Last updated: Mar 08 ⏰

Add this story to your Library to get notified about new parts!

နွေဦး သက်သေWhere stories live. Discover now