Part-2

132 10 0
                                    

"မောင်သံလုံး ကားထုတ်ထားလိုက်"

"ဘယ်သွားမလို့လဲမြို့အုပ်မင်း"

*ဘန်ကောက်ပုဆိုးနှင့်အတူ အညိုရောင် ရှပ်အင်္ကျီ နှင့် ခန့်ညားနေသော
မြို့အုပ်မင်းဂျွန်။ *

"ဆရာဝန်လေးဆီ သွားမလို့။ "

"မြို့အုပ်မင်း နေမကောင်းလို့လား၊ မြို့အုပ်မင်းကြည့်ရတာ အလတ်ကြီးပါ၊ ဝတ်စားထားပုံ ကြည့်ရရင် နေမကောင်း လို့သွား တေ‌ွ့တာ တော့ မဟုတ်လောက်ပါဘူးနော်။ "

"တယ်!! မောင်သံ လုံး စကားတွေရှည် လှချည်းလား၊ ငါ ခေါက်ထဲ့လိုက်ရ။ "

"အော့..အဲ့ ကျတော် ကားသွား ထုတ်ထား‌လိုက်မယ်နော် မြို့အုပ်မင်း။ "

"အေး..အေး။ "

>>>>>>>>>>>>>

"မြို့အုပ်မင်း သားငယ်လေးကို ခေါ်မသွားဘူးလား။ သားငယ်လေးက လိုက်ချင်နေတဲ့ပုံ ဘဲ။ "

" ကလေးက ဘာလိုက်လုပ်မှာလဲ၊ ဒေါ်ကြီးပု နဲ့ ထားခဲ့လိုက်။ "

"မနေ့ကဆရာဝန်လေးက သားငယ်လေးကို တွေ့ဖို့ထပ်လာမယ်ပြောတယ်၊ အဲ့တာ တခါထဲ ခေါ်သွားလိုက်ပါလား မြို့အုပ်မင်း။ "

"ဆရာဝန်လေးက ဒီလိုဘဲ ပြောသလား။ "

"ဟုတ်ကဲ့ မြို့အုပ်မင်း။ "

" ဒါဆို သွားခေါ်ခဲ့ချေ။ "

>>>>>>>>>>>>>>>>

ဆရာဝန်လေးထယ်လဲ အိမ်ရှေ့မှ ကားသံကြောင့် ခြံရှေ့သို့ ထွက်လာသောအခါ တွေ့ရသော မြို့အုပ်မင်းဂျွန်....

"ဟင်! မြို့အုပ်မင်းပါလား၊ ကလေးငယ်လေးလဲ ပါလာတာဘဲ၊ လာကြပါ လာ အိမ်ထဲ ဝင်ပါအုံး။

မြို့အုပ်မင်း ဂျွန်လဲ ကလေးငယ်လေးအား ချီကာ ဆရာဝန်လေး၏ အိမ်ထဲသို့ ဝင်သွားလေသည်။

" မြို့အုပ်မင်း ဘာကိစ္စများရှိလို့ အိမ်ထိ လာရတာပါလဲ။ "

"အော် ထယ်ရယ် မောင်က ကိစ္စရှိမှ ထယ့်ဆီလာရမှာလား။ "

" မြို့အုပ်မင်းရယ် ဒီလောက်နေပူတာ ကလေးငယ်လေးကို ဘာလို့ခေါ်လာတာတုန်း။ "

နွေဦး သက်သေWhere stories live. Discover now