00.

438 50 10
                                    

" woohoo ~ ကျွန်တော်ဒီကောင့်ကိုအမျိုးဖြုတ်ပြီး
သူ့ဘိုးဘေးတွေဆီပြန်ပို့ပေးလိုက်ပါပြီဗျ ! "

monitor မှာပေါ်နေတဲ့ Apex Legends ရဲ့ game over ဆိုတဲ့စာတန်းကိုကြည့်ပြီး ဂယူဘင်းတွေးမိတာ သူဟာတော်တော့်ကိုအံ့သြဖို့ကောင်းတယ်ဆိုတာပါပဲ ။ ဆက်တိုက်ဆိုသလို You are the champion နဲ့ချည်းပွဲသိမ်းနေမိတာ ဒီပွဲစဥ်ဟာ ဘယ်နှစ်ပွဲမြောက်ဖြစ်နေပြီလဲ ဂယူဘင်းမမှတ်မိတော့ပါ ။

ဦးခေါက်ထက်မှာနေရာယူထားတဲ့ headphone ကို လည်ပင်းထက်မှာနေရာပြန်ချထားလိုက်ပြီး အနည်းငယ် လျှောကျချင်နေတဲ့မျက်မှန်ကို ပြန်ပင့်တင်လိုက််မိတယ် ။ အဲ့ဒီ့နောက် streaming interface ဆီကိုအကြည့်ပို့လိုက်တော့ chat ထဲမှာ သူ့ကိုချီးကျူးနေတဲ့ comment တွေက လျင်လျင်မြန်မြန်ဖြတ်ပြေးလို့ ။

[ ဒါမှ ငါ့ရည်းစားလေး ဂယူဘင်း ! ]

[ W bro! ]

[ bro is always cooking 🗣🔥 ]

[ ကဲကဲ ငါနဲ့ ဂယူဘင်း wedding မှာလည်း
အဲ့ဒီလိုလေး ဝိုင်းဂုဏ်ပြုပေးကြနော် ]

[ kim goatvin ]

[ အရမ်းတော် အရမ်းချောတာပဲ အိုပါးရေ
နာမည်လေးပဲခေါ်ပေးပါလား ဖိတ်စာပြေးရိုက်လိုက်ချင်ပြီ ]

[ I'm not gay but damn u good looking bro ]

[ I'm gay ]

[ သားရေ ဘယ်ရောက်နေတာလဲ
ဒီမယ် မင်းကိုကို,ကို အကုန်ဝိုင်းလုနေကြပြီ ]

[ အဲ့ကလေးစုတ် မပေါ်လာလေကောင်းလေပဲ
အဲ့ကျမှ ငါ့အိုပါးကို သေချာကြူးလို့ရမှာ ]

[ ဟိုကလေး စာလုပ်နေတုန်းလားမသိဘူး ]

[ ဘယ်သူလဲ ပိုဒိုရီလား
ဟုတ်သားနော် သူ့ကိုမမြင်ဘူး ]

[ ပိုဒိုရီမလာခင် အပီကြူးထားကြဟေ့ !
သူလာရင် ငါတို့နေစရာမရှိတော့ဘူး ]

[ ငါတို့ဘဝကလည်း ဒုတိယလူဆန်လိုက်တာ *ငိုသံ* ]

ကင်မ်ဂယူဘင်းဆိုတဲ့သူဟာ online game streaming နယ်ပယ်က အပျော်တမ်း streamer တစ်ယောက် ။ သူ့ရဲ့အရည်အချင်းက esports ဘက်က professional player တွေလောက်ထူးချွန်မနေရင်တောင် အဲ့ဒီလိုထူးချွန်လာနိုင်ဖို့ အလားလာကောင်းတွေအများကြီးရှိတဲ့လူငယ်တစ်ယောက်လို့လည်းပြောလို့ရသေးတယ် ။ ဒါပေမယ့် ကျောင်းမပြီးသေးတာကြောင့်ရော ၊ streaming ကို အပျော်တမ်းဝါသနာပါလို့လုပ်နေတာကြောင့်ရော professional ဘက်ကိုအခြေမချဖြစ်သေးဘူး ။

My crush is my top fan !Where stories live. Discover now