01.

200 39 4
                                    

ကျောင်းဖွင့်တဲ့ရက်တွေကို ဂယူဘင်းသဘောမကျဘူး ။

နှစ်သစ်ကူးရက်ရှည်ကျောင်းပိတ်ရက်ပြီးလို့ ကျောင်းပြန်ဖွင့်တဲ့ရက်တွေဆို ပိုလို့တောင် သဘောမကျသေးတယ် ။ အထက်တန်းဒုတိနှစ်ကတည်းက သူဝါသနာပါလို့လုပ်နေတဲ့ streaming ကိုလည်း အချိန်တွေပြန်ညှိရမယ် ၊ အဲ့ဒါထက် game ဆော့လို့ရမဲ့အချိန်တွေနည်းသွားပြန်ပြီလို့ အသိဝင်လာတာနဲ့ သူ့စိတ်တွေညစ်ညူးပြီး ကျောင်းတက်ရမှာပျင်းသွားတာပဲ ။ အဲ့ဒီလိုနဲ့ ဒီနှစ်ကျောင်းစဖွင့်တဲ့ ပထမနှစ်ရက်မှာ သူကျောင်းမသွားဖြစ်ဘူး ။ တတိယရက်ကျ " ကျောင်းမသွားရင် တုတ်နဲ့ညားမယ် " ဆိုတဲ့ မွေးသမိခင်ရဲ့ သတိပေးသံအောက်မှာ မျက်မှန်တစ်လတ် ၊ လွယ်အိတ်တစ်လုံးကောက်ဆွဲပြီး အိမ်ကထွက်လာရတော့တာ ။

ဒီနှစ်တက်ပြီးရင်တော့ အထက်တန်းကျောင်းပြီးပြီမို့ နည်းနည်းလောက်ဆက်သည်းခံလိုက်ကြတာပေါ့ဆိုတဲ့ စိတ်ကလေးကိုနှလုံးမှာသွင်းရင်း ဂယူဘင်းကျောင်းလာတက်မိတယ် ။ ပြီးတော့ အရင်ဆုံး 5 လတက်ပြီး June လရောက်ရင် နွေရာသီကျောင်းပိတ်ရက်လာမှာပဲကို ၊ 5 လမပြောနဲ့ ဒီအပတ် 5 ရက်တက်ပြီးရင်ကို ကျောင်းပိတ်ရက် 2 ရက်လာမှာ ။ အဲ့ဒီအချိန်ကျ ဂိမ်းတစ်နေကုန်ဆော့လို့ရပြီဆိုပြီး အခုမှကျောင်းစဖွင့်တာကို အခုကျောင်းပိတ်ရက်ထိုင်တွက်နေမိတဲ့ ဂယူဘင်းရယ်ပါ ။

" ဘာလာလုပ်တာလဲ ..
ငါဖြင့်မင်းကို ကျောင်းထွက်ပြီး
တောင်းစားနေပြီထင်လိုက်တာ "

ဒီနှစ်အတွက် ဂယူဘင်းတက်ရမဲ့ အတန်းက အထက်တန်းတတိယနှစ် ၊ Class 3 ။ အတန်းထဲရောက်ရောက်ချင်း သူ့ကိုချိုသာတဲ့စကားလေးနဲ့ နွေးနွေးထွေးထွေးဆီးကြိုတာကတော့ သူ့ရဲ့အလယ်တန်းကတည်းကသူငယ်ချင်းအရင်းခေါက်ခေါက်ကြီး ရှန်ချွမ်ရွေ့ ။ သကောင့်သားထိုင်နေတဲ့ခုံရဲ့ ဘေးကခုံပေါ်မှာ တင်ထားတဲ့လွယ်အိတ်ကို ဖယ်ပြီး ဂယူဘင်းဝင်ထိုင်လိုက်မိတယ် ။ ချွမ်ရွေ့ထုတ်မပြောလည်း ဒီခုံက သူ့အတွက်နေရာဦးပေးထားတယ်ဆိုတာ ဂယူဘင်းသိပြီးသားလေ ။

" ဘာကောင်လဲကွာ ..
မင်းမျက်နှာကိုပဲ ကျောင်းပြီးတဲ့ထိမြင်နေရဦးမယ် "

My crush is my top fan !Where stories live. Discover now