05.

236 47 19
                                    

ဘဝဆိုတာ တိုက်ပွဲ ၊ အချစ်ဆိုတာ လိုက်ပွဲ ။

ကြမ်းတမ်းပြီး ခက်ခဲလှတဲ့ ဒီလောကကြီးမှာ ကိုယ့်ဘဝနဲ့ကိုယ် တိုက်ပွဲဝင်နေကြတဲ့သူတွေထဲ ဂယူဘင်းလည်းအပါအဝင်ပါပဲ ။ အခုဆိုရင်လည်း သူဟာကျောင်းပေါက်ဝက နံရံကိုကွယ်ပြီး အထဲကိုချောင်းကြည့်နေရကာ အန္တရာယ်တောထဲတိုးဝင်ရနိုးနိုး ၊ မဝင်ရနိုးနိုး ဝေခွဲမရဖြစ်ရင်းနဲ့ တိုက်ပွဲဝင်နေရတာပဲဖြစ်တယ် ။

ကျောင်းဝန်းထဲက ကြိမ်လုံးတစ်ချောင်းကိုင်စောင့်နေတဲ့ ကာယဆရာ မမြင်ရလေအောင် ပုန်းလျှိုးကွယ်လျှိုးနေနေရတာ သိပ်တော့အဆင်မပြေလှဘူး ။ ဒါပေမယ့် ကျောင်းဝန်းထဲ ဒီတိုင်းဝင်သွားဖို့ဆိုတာက ပိုလို့တောင် အဆင်မပြေတာမို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဂယူဘင်းအကြပ်ရိုက်နေရတယ် ။

အဲ့ဒီအချိန် ဘောင်းဘီအိပ်ကပ်ထဲထည့်ထားတဲ့ဖုန်းက တုန်ခါလာတာမို့ ထုတ်ပြီးကြည့်လိုက်တော့ မြင်လိုက်ရတဲ့ contact name က " ခွေးချီခံရမဲ့ လမ်းဘေးကကြောင် " တဲ့ ။ ဖုန်းကိုင်လိုက်တော့လည်း နားထဲတိုးဝင်လာတဲ့အသံက ခွေးချီသွားရင်တောင် ဂယူဘင်းမှတ်မိနေမဲ့ ကြောင်တစ်ကောင်ရဲ့ အသံဖြစ်နေခဲ့တယ် ။

" ဟျောင့် မင်းကျောင်းမလာဘူးလား "

" အခုကျောင်းရှေ့မှာ မင်းဖေက ရောက်နေပြီ
လူအိုကြီးပန်ပန်နဲ့တိုးနေလို့ အပေါက်ဝမှာတစ်နေတာ "

" prfff မင်းမိသွားရင်တော့ ဖင်ပုတ်အောင် ဆော်ခံရမှာပဲ
ဘိုးတော်က အရင်တစ်ပတ် PE ချိန်ကတည်းက
မင်းကို အသေကြိတ်ချင်နေတာ .. "

" အေးကွာ ငါဖွားဖက်တော်လေးတဲ့မှ "

" break a leg ပါ ဖေ့သားကြီးရေ ..
ဖင်လှလှလေးနဲ့ အတန်းထဲရောက်လာပါစေ "

" မင်းဘိုးအေ "

လှောင်ရယ်သံကြီးနဲ့ဖုန်းချသွားတဲ့ ချွမ်ရွေ့က ဂယူဘင်းဒုက္ခရောက်နေတာကို တကယ်ကြီးအူမြူးနေပုံရတာမို့ နေနှင့်ဦး ၊ အတန်းထဲရောက်မှ အဲ့ကောင်ရဲ့ဖင်ကိုလည်း သူ့ခြေထောက်နဲ့မိတ်ဆက်ပေးရမယ်ဆိုပြီး ဂယူဘင်းတေးမှတ်ထားလိုက်တယ် ။ ဒါပေမယ့် အတန်းထဲမရောက်ခင် အခုအရင်မိတ်ဆက်သွားနိုင်ချေရှိတာက ကာယဆရာရဲ့ကြိမ်လုံးနဲ့ ဂယူဘင်းရဲ့ဖင်ပဲ ။

My crush is my top fan !Where stories live. Discover now