04.

227 45 10
                                    

ရက်ရာဇာတွေ ၊ ပြသဒါးတွေကို တခြားသူတွေက ဘယ်လိုခွဲခြားသတ်မှတ်ကြတာလဲ ။ ဂယူဘင်းအတွက်ကတော့ ရက်ရာဇာတွေ ၊ ပြသဒါးတွေဆိုတာ ပြက္ခဒိန်လှန်ကြည့်ရမှ သိရတဲ့အရာတွေမဟုတ်ဘူး ။ ဟန်ယူဂျင်းသတ်မှတ်ပေးမှ ခွဲခြားလို့ရတဲ့ အရာတွေဖြစ်နေခဲ့တာ ကြာရောပေါ့ ။

စိတ်ထဲရှိတဲ့အတိုင်း ဂယူဘင်းပြောရမယ်ဆို ဟန်ယူဂျင်းကို ငေးခွင့်ရတဲ့ နေ့ရက်တွေဟာ ရက်ရာဇာ ၊ ဟန်ယူဂျင်းကိုမမြင်ရတဲ့ နေ့ရက်တွေဟာ ပြသဒါး ။

အခုဆို ဂယူဘင်းအတွက် ပြသဒါးနေ့တွေဟာ နှစ်ရက်ဆက်တိုက်ရှိနေပြီ ။ ပိတ်ရက်တွေပါ ထည့်ပေါင်းရင် လေးရက်ဆက်တိုက် ပြသဒါး ။ အရင်တုန်းကဆို ပိတ်ရက်တွေကို ဂိမ်းဆော့လို့ရတယ်ဆိုပြီး ရက်ရာဇာလို့ထင်မှတ်ထားခဲ့သမျှ ဟန်ယူဂျင်းနဲ့တွေ့မှပဲ ဂယူဘင်းရဲ့ ဘဝကြီးက ဇောက်ထိုးမိုးမျှော်တွေကိုဖြစ်လို့ ။

" မင်းဟာကလည်း ..
အစာရှာမရလို့ မှိုင်နေတဲ့ လဒကြီးကျနေတာပဲ "

" ... "

ကျောင်းက ထမင်းစားဆောင်မှာထိုင်ရင်း ဗန်းထဲကဝက်သားပြားကြော်ကို စိတ်မပါလက်မပါ တူနဲ့ထိုးဆွနေတဲ့သူ့ကို ချွမ်ရွေ့ကပျစ်ပျစ်နှစ်နှစ်ဝေဖန်တယ် ။ အဲ့ဒီဝေဖန်ချက်ကို ဂယူဘင်းမျက်စိလှန်ပြပြီးပဲ တုံ့ပြန်လိုက်ပေမယ့် လေးလံနေတဲ့စိတ်ကြောင့် သက်ပြင်းတစ်ချချ ။

" ဟန်ယူဂျင်းကြောင့် လွမ်းနာကျပြီးသေနေဦးမယ်
ပေး အဲ့အသားပြား မင်းမစားရင် ငါစားမှာ .. "

သူ့ထမင်းဗန်းထဲက ဝက်သားပြားကြော်ကို ပြောပြောဆိုဆို တူနဲ့လုစားသွားတဲ့ ချွမ်ရွေ့ ။ ဂယူဘင်းရန်ရှာပစ်လိုက်ရမဲ့အစား ချွမ်ရွေ့ပါးစပ်ကနေ ဟန်ယူဂျင်းဆိုတဲ့နာမည်လေးထွက်ကျလာတော့ လွမ်းတဲ့စိတ်တွေသာ ပိုပိုတိုးသွားတယ် ။

ကလေးလေးကိုမမြင်ရတာ လေးရက်မြောက်ကိုရောက်လာပြီမို့ ချွမ်ရွေ့ပြောသလို ဂယူဘင်းလွမ်းနာကျပြီး သေရတော့မယ်ထင်တယ် ။ ပိတ်ရက်တွေတုန်းက လွမ်းနေခဲ့ရတဲ့မျက်နှာလေးကို ကျောင်းရောက်တာနဲ့ မြင်ရမလားဆိုပြီး ပထမရက်တုန်းက ချက်ချင်းပြေးသွားမိတာ ၊ ဟန်ယူဂျင်းကျောင်းမလာဘူးဆိုတဲ့ အကြောင်းအရာတစ်ခုက ပြေးလာတဲ့ ဂယူဘင်းကို ခြေထိုးခံလိုက်သလိုပဲ ။ မျှော်လင့်ထားသလို ဖြစ်မလာတော့ အရှိန်ပြင်းပြင်းနဲ့ ချော်လဲသွားသလို ခံစားလိုက်ရတယ် တကယ် ။ အဲ့ဒီလိုနဲ့ လွမ်းနာကျတာက ရက်ဆက်လာတော့ ရင်ထဲအသည်းထဲဗိုက်ထဲက ရှိရှိသမျှအရာအားလုံး ဆွဲထုတ်ယူခံထားရသလို လစ်ဟာလို့နေတာ ။

My crush is my top fan !Where stories live. Discover now