Chapter : 4

433 26 15
                                    

Unicode-

"မင်းနဲ့ငါတစ်ခန်းနေမှာလား"

"မနေလို့ငါက၊ ဘယ်သူနဲ့သွားနေရမှာလဲ"

"မသိဘူးလေ၊ မင်းကနွယ်ရတီဝင်း နဲ့များသွားနေမလို့လားလို့ပါ"

"ကြောင်တောင်တောင်နဲ့"

"ကဲကဲ၊ ကလေးတွေ ဒီ​နေ့ခရီးရောက်လက်စဆိုတော့အနားယူကြအုံးပေါ့၊ တစ်ခန်းကိုနှစ်ယောက်နေမယ်၊
ကုတင်ကတော့နှစ်ယောက်အိပ်ကုတင်စီစဥ်ထားပေးတယ်၊ အခန်းမကူးရဘူး၊
မိန်းကလေးနဲ့ယောက်ျားလေး တူတူမနေရဘူး ဟုတ်ပြီနော် ၊ မနက်ဖြန်ကြရင်မန္တလေးတောင်ပေါ်အရင်သွားကြမယ်"

ဆရာမြတ်သူရ ၏အပြောကြောင့်
အားလုံးကခေါင်းငြိမ့်ပြီး သော့ကိုယ်စီ
ယူလိုက်ကြသည်။

ထက်ပိုင်မှာလဲ အခန်းနံပါတ်206အားယူရင်း သူ့ဟာသူတစ်ယောက်ထဲရှေ့ကသွားနှင့်နေပြီဖြစ်သည်။

နွယ်ရတီဝင်းတို့က အခန်း201ဖြစ်သည်မို့ သူတို့နှင့်နွယ်ရတီဝင်းတို့ကြားတွင်
၄ခန်းသာခြားလေသည်။

အရင်ဆုံး ထက်ပိုင်ကအိပ်ယာသို့
လှည့်ပတ်ကြည့်လေသည်။

"ဘာလုပ်နေတာလဲ၊ရေမချိုးဘူးလား"

တစ်ကယ်ကို လရောင် စိတ်မရှည်နိုင်အခန်းထဲရောက်သည်နှင့် အိပ်ယာကိုလှည့်ပတ်ကြည့်နေတာဘာလုပ်မလို့လဲသူကဒီလို လှည့်ပတ်ကြည့်နေတော့
ကိုယ်ကထိုင်ဖို့တောင် အင်တင်တင်ဖြစ်နေရသည်။

တစ်ခြားတော့မဟုတ် ထက်ပိုင်ကသူအာရုံစိုက်သည့် အရာဆိုလျှင် တစ်ခြားသူဝင်ရောက်နှောက်ယှက်ခွင့်မပြု၊

အရင်ကဆို သူထမင်းမစားပဲငါးပန်းကန်ကြီးထိုင်ကြည့်နေလို့ လရောင်က စိတ်မရှည်ပဲ ထိုငါးပန်းကန်အား
ယူကာ ထက်ပိုင် အရိုးများလို့မစားပဲကြည့်နေသည်အထင်နှင့် ထွင်ပေးခဲ့ဖူးသည်။

သို့သော် အဖြစ်မှန်မှာ ထိုငါးသည်ဘာငါးမှန်းမသိ၍ သိရန်ကြည့်နေခြင်းပါတဲ့၊
ပြီးတော့လဲ ငါးဆိုတာက အရိုးကြားကအသားကို ယူစားရတာမို့လို့ သူများအရိုးထွင်ပြီးသားကိုသူမစားတက်ပါဘူးတဲ့လေ၊

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔUnde poveștirile trăiesc. Descoperă acum