Chapter : 10

270 15 1
                                    

Unicode-

ပြတင်းပေါက်မှကျော်ဝင်လာသော
ခပ်စူးစူးနေရောင်ကြောင့် ထက်ပိုင် နိုးသွားရသည်။

ဘေးတွင် လူတစ်ယောက်ရှိနေသည်ကို
သတိထားမိကာ ကြည့်မိတော့
လရောင်ရမ်း။

"လရောင်"

လရောင် ကဘယ်လိုလုပ် ပြန်ရောက်နေတာလည်း၊ သူတို့ ရန်ဖြစ်ခဲ့ကြပြီး
လရောင် သူ့အိမ်သူပြန်သွားတာ။

ဘယ်လိုလုပ်ပြန်ရောက်နေတာလည်း၊
စိတ်စွဲလန်းလွန်းလို့ မြင်မိနေတာလား၊
အခုထိ အိပ်ရာကမနိုးသေးပဲ
အိပ်မက် မက်နေတုန်းလား....

အတွေးထဲနစ်မျောနေစဥ် မျက်စိရှေ့ရှိ
လူသားမှာ နိုးလာလေသည်။

မိမိအား စိုက်ကြည့်နေသည်ဟု
ခံစားရ၍ အအိပ်စက်သူပီပီလရောင်
နိုးလာသော အခါ ထက်ပိုင်က
သူ့အား ယခုမှ အိပ်ယာထလာသည့်
ဆံပင်စုတ်ဖွား ပုံနှင့် စိုက်ကြည့်နေလေသည်။

မျက်နှာပူကနဲဖြစ်သွားရသည်။

တစ်ကယ်ဆို သူညကဘာလုပ်မိလည်း
ဆိုတာ သူမှတ်မိနေသေးတာပဲ....

ညကသူလည်း မူးနေတာ၊
ထက်ပိုင်ဆီ လာချင်စိတ်တွေများနေပေမယ့် သူကြောက်နေမိလို့
ရဲဆေး အနေနဲ့သူသောက်လာမိတာ။

အများကြီးမဟုတ်ပေမယ့်
သောက်လေ့သောက်ထမရှိသည့်
အတွက် အသိစိတ်အနည်းငယ်
လွတ်ခဲ့သောလည်း သူဘာလုပ်ခဲ့လည်း
ဆိုတာတော့သူ မှတ်မိပါသည်။

ထက်ပိုင်ကရော မှတ်မိနေတာလား။

မဖြစ်နိုင်ဘူး...ထက်ပိုင်မှတ်မိရင်
ဒီလိုသူ့ကိုထိုင်ကြည့်နေမှာမဟုတ်ဘူး။

"ဟို....ဟို၊ ငါညကမူးပြီး အရင်လိုမင်းအိမ်မှာလာအိပ်နေကျဆိုတော့မှားသွားတာ၊ဆောရီး"

အတွေးကိုယ်စီရှိနေကြရာမှ၊
လရောင်က အိုးတိုးအမ်းတမ်းနှင့်
စကားစလိုက်လေသည်။

"အော်......ရောက်လက်စနဲ့တော့ပြန်မနေနဲ့တော့လေ"

"အမ်......"

"ဟုတ်တယ်.....ငါမင်းကိုပြောခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်။
ငါစိတ်ထဲကမပါ ပါဘူး၊ ဒေါသထွက်သွားလို့"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWo Geschichten leben. Entdecke jetzt