Chapter : 7

339 14 6
                                    

Unicode-

"ကျွန်တော်တို့ သက်သေနဲ့တစ်ကွ လာရောက် ဖမ်းဆီးတာပါ၊ စာသင်နေတာ
ခဏလောက်ရပ်ပေးလို့ရမလား"

သင်တန်းဝန်းထဲတွင် ရဲကားများနှင့်
ပြည့်နေလေသည်။

အားလုံးကတရားခံကိုသိချင်နေကြသလို၊ သက်သေကိုလဲသိချင်နေကြပုံ၊

အတန်းထဲတွင် လရောင် ရှိနေပြီး
ထက်ပိုင်ကတော့မရှိ၊

ပုလဲရှင်းသန့်မေတစ်ယောက်
တုန်ရီနေပြီး ခေါင်းငုပ်ထားလေသည်။

အရာရှိက ပုလဲရှင်းသန့်မေ ၏ခုံနေရာသို့သွားကာ၊

"ဒီကညီမက ကျွန်တော်တို့နဲ့အတူ စခန်းကိုလိုက်ခဲ့ရပါလိမ့်မယ်"

"ဘာကိုလဲ၊ ဘာလို့လိုက်ရမှာလဲ၊ ဘာကိစ္စလဲ"

"နွယ်ရတီဝင်း သေဆုံးမူမှာတိုက်ရိုက်သက်ဆိုင်နေတဲ့သူဟာ မပုလဲရှင်းသန့်မေလို့သိရပါတယ်၊ ထပ်ပြီး ကျွန်တော်တို့ဆီမှာ အသံဖိုင်နှင့်တကွ နောက်ကျောvedioလဲရှိပါတယ်၊"

"မဟုတ်ဘူး၊ ငါကသူ့ကိုဘာလို့သတ်ရမှာလဲ၊ တမင်ချောက်ချခံရတာပါ၊
ကျွန်မမသတ်ပါဘူး"

"ကျွန်တော်တို့က တိုက်ရိုက်သက်ဆိုင်
နေတယ်လို့ပဲပြောတာပါ၊
မပုလဲရှင်းသန့်မေ သတ်တယ်လို့
မပြောရသေးဘူးထင်တယ်"

ထိုစကားအပြီးတွင် ပုလဲရှင်းသန့်မေ
တစ်ယောက် ပြောစရာစကားမရှိတော့ပါပဲ ပတ်ဝန်းကျင်ကိုကြည့်နေလေသည်။

ထိုအချိန် အတန်းထဲသို့ဝင်လာသူကို
တွေ့သောအခါ ပုလဲရှင်းသန့်မေ
ထိုလူ့ထံသို့ပြေးသွားကာ.....

"ကို....ပုလဲကိုကယ်ပါအုံး၊ သူတို့က
ပုလဲကိုဖမ်းတော့မယ်၊ ကယ်ပါအုံး"

"ဘာလို့ဖမ်းမှာလဲ....အော် ဒါကြောင့်လား"

ဖုန်းထုတ်ကာ အသံဖိုင်အားဖွင့်ပြလိုက်လေသည်။

ထက်ပိုင် အား အားကိုးတကြီး ဖြစ်နေသော ပုလဲရှင်းသန့်မေ တစ်ယောက်
မျက်လုံးပြူးကာ မယုံနိုင်ဖြစ်သွားလေသည်။

"မဟုတ်ဘူး၊ အဲ့တာeditကြီး ကျွန်မအသံမဟုတ်ဘူး ကျွန်မအဲ့လိုမပြောဘူး"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now