❗️Chapter : 9❗️

362 14 10
                                    

Unicode-

ဒီနေ့တွင်တော့ သင်တန်းသူ၊သင်တန်းသားများ အံ့သြနေကြသည့်
နေ့ပင်ဖြစ်သည်။

အကြောင်းမှာ လရောင်ရမ်း မပါလျှင်
သင်တန်းမလာတက်သော ထက်ပိုင်ဦး
ဒီနေ့တွင်တော့ သင်တန်းကိုတစ်ယောက်ထဲလာကာ အတန်းထဲတွင်
မျက်မှောင်ကြုတ်၍ထိုင်နေချင်း၊

လရောင်ရမ်းဘာလို့သင်တန်းမလာတာလဲကိုမေးဖို့ရာလည်း အားလုံးမှာ
ထက်ပိုင်ဦး၏ စူပုတ်နေကာ အလိုမကျဖြစ်နေသော မျက်နှာကို အတိုင်းသား
မြင်နေရသဖြင့် မမေးရဲကြ၊

ထိုထဲတွင်တော့ ရှိန်းသူမပါ၊

အမြဲတမ်းသင်တန်းမှန်သော လရောင်
ကယခုတွင်မလာ၊ ထိုထက်ပိုထူးဆန်းသည်က မလာလျှင်လည်းနှစ်ယောက်၊
လာလျှင်လည်းနှစ်ယောက် ကိုမှ
ယခုတွင်ထက်ပိုင်ဦးတစ်ယောက်ထဲ
သင်တန်းလာချင်းပင်၊

"လရောင် နေမကောင်းဘူးလား"

မိမိဘက်မှစ၍မေးခွန်းထုတ်လိုက်ပါသောလည်း ကြားရက်နဲ့ပြန်မဖြေပဲ
လက်ပိုက်ရင်းသာ ရှေ့ရှိစာရေးခုံအားစိုက်ကြည့်နေလေသည်။

ဒေါက်~ဒေါက်

စာရေးခုံအား လက်ဖြင့်နှစ်ချက်ခေါက်လိုက်တော့ ထက်ပိုင်အသိများပြန်ကပ်လာပြီး ရှေ့ကြည့်ရာတွင် ပြဿနာ၏
အရင်းအမြစ်အားတွေ့လိုက်ရသည်။

"လရောင် နေမကောင်းဘူးလားလို့"

"မင်းစောက်ကြောင်းလား"

"ဟရိုင်းလှချီလား၊ လရောင်ကမင်းတစ်ယောက်ထဲရဲ့အပိုင်များမှတ်နေတာလား၊ "

"ဟုတ်တယ်....လရောင်ရမ်းကငါတစ်ယောက်ထဲရဲ့အပိုင်!"

"ဟားဟားဟား....ဘဝင်မြင့်လှချီလား၊
လရောင်ကိုလည်း သွားမေးကြည့်အုံး၊
မင်းကငါ့အပိုင်လားလို့၊"

"ဘာကွ....လူပါးလာဝနေတာပဲမင်း"

"ဒီမှာထက်ပိုင်ဦး၊ မင်းလရောင်အပေါ်
ဘယ်လိုသဘောထားလဲငါသိတယ်၊
ဒါပေမယ့် လရောင်ကိုမင်းတစ်ယောက်ထဲရဲ့အပိုင်လို့သက်မှတ်ထားလို့မရဘူး၊
တစ်ကယ်လည်းဟုတ်မနေဘူး၊
ကုန်ကုန်ပြောမယ်ကွာ....မင်းလရောင်ကို မင်းရဲ့အရုပ်တစ်ရုပ်လို ချုပ်ချယ်
ခွင့်မရှိဘူး.....မင်းကလရောင်ကို
ကြိုက်လို့မင်းအပိုင်လို့သက်မှတ်ထားတာဆိုရင်ငါလည်းလရောင်ကိုကြိုက်တယ်၊ အဲ့တော့ သူကလည်းငါ့အပိုင်ပဲ"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔDonde viven las historias. Descúbrelo ahora