Chapter : 13

134 12 2
                                    

အချိန်ကား ညနေပင်ရောက်နေလေပြီ။

လူတစ်ချို့ပြန်သွားကြပြီး၊ တစ်ချို့ကတော့ အဖွဲ့လိုက်သောက်စားနေကြသည်။

လရောင်၊ထက်ပိုင်၊ရှိန်းသူ၊သွေးစစ်၊
ဗညားတို့ ၅ယောက်တစ်ဖွဲ့ ဖွဲ့ကာ
ကန်ဘေးတွင်ထိုင်နေကြသည်။

ဒါကလည်း ဗညားမှ သောက်ရအောင်ဟုဆိုကာ အဖွဲ့ ဖွဲ့ခိုင်းသောကြောင့်၊

အားလုံးက ငြိမ်နေကြလေသည်။

ဘာမသိညာမသိ ဗညားကတော့
ဘီယာဘူး များကို ဖောက်ပေးရင်း

"သင်္ကြန်ဆိုတာပျော်စရာပါကွာ၊
မင်းတို့ကဘယ်လိုဖြစ်ပြီး ညစ်နေတဲ့
ပုံပေါက်နေကြတာလဲ။"

ဗညား၏ စကားကြောင့် သွေးစစ်က

"စိတ်မညစ်ပါဘူးဗျ၊ ဟိုတွေးဒီတွေး၊
ရေဆော့ရတာပင်ပန်းသွားလို့ပါ၊
နော် ကိုထက်။"

မိမိဘက်မြှားဦးလှည့်လာသောကြောင့်
ဘီယာ ဘူးတစ်ဘူးကောက်ယူကာ
တစ်ငုံသောက်ပြီး၊

"သင်္ကြန်ဆိုတိုင်းပျော်ရမှာလား။ထ

ထုံးစံအတိုင်းပင် ထက်ပိုင် ၏ ဂျစ်တစ်တစ် အပြောပါပင်။

အကြောင်းသိဖြစ်သော လရောင်ကတော့ ထက်ပိုင် ဘာဆက်ပြောလာမည်ကို စောင့်ဆိုင်းရင်း။

လူတွေကိုစကားကောင်းကောင်း
ပြောလို့မရတာ သူ့ရဲ့အားနည်းချက်လား၊ အားသာချက်လား။

ထက်ပိုင်က ဆန်းတော့ပွင့်ပါသည်။

ဘယ်လောက်ပဲ လူမူရေးမရှိပါစေ၊
ခင်မင်သူကတော့ ရှိစမြဲပါပဲ။

အခုလဲ ပြန်ပတ်ခံလိုက်ရေသော
ဗညားကစိတ်ခုသွားသောအရိပ်ယောင်ပင်မရှိ။

"အေးပါကွာ၊ ငါကပျော်စေချင်လို့ပါ။"

"ကဲကဲ၊ ဂိမ်းဆော့ကြမလား။"

သွေးစစ်က ကြားမှ စကားဝင်ဖြတ်လိုက်သည်။

ထိုအခါ စကားဝင်မပြောပဲ ငြိမ်နေသော
ရှိန်းသူက

"ဘာဂိမ်းလဲ"

"အမ်း...စဥ်းစားကြည့်ရအောင်။"

"ငါမပါဘူး။"

"အာ...ကိုထက်ကလည်း၊ ခဏလေးပဲ
ဆော့မှာလေ တစ်ကယ်ခဏလေးပဲ။"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now