Chapter : 15

151 10 3
                                    

"ဘာတွေများဖြစ်နေလို့ ခုထိသတိမရသေးတာလဲ မင်း"

အန်တီသူဇာ အား အိမ်ပြန်အနားယူ
ခိုင်းပြီး လူနာစောင့်အဖြစ် သူကျန်နေခဲ့သည်။

ဆိုင်ကယ်မှောက်ရုံလောက်နှင့် အခုထိ
သတိမရသေးတာ မဖြစ်နိုင်ပါ။

ဖျော့တော့နေသည့် နှုတ်ခမ်း
ကိုငေးကြည့်ရင်း လရောင် မွန်းကျပ်
လာမိသည်။

"ငါဘယ်လောက်ပြေးပြေး၊ နောက်ဆုံးတော့ သံလိုက် လို မင်းဆီကိုပဲ
ပြန်ကပ်တွယ်လာရတယ်၊ ဒီလိုပုံစံနဲ့
ငါမင်းကို ပြစ်ပယ်သွားလို့မရဘူး"

ဂွမ်းစ ကိုရေစွတ်ရင်း ထက်ပိုင် ၏ ခြောက်ကပ် နေသော နှုတ်ခမ်းသား
တို့ကို တို့ပေးလိုက်သည်။

"မင်းဒီလိုအားနည်းနေတာကိုမြင်ရတာပထမဆုံးပဲ သိလား"

"နှုတ်ခမ်းမွေးမရိတ်ဘူးလားမင်း၊
ပေစုတ်စုတ်နဲ့ဖြစ်နေတာတောင်
ကြည့်လို့ကောင်းနေတုန်းပဲ"

ထက်ပိုင် ၏ နှုတ်ခမ်းမွှေးရေးရေးလေးအား ထိကိုင်ရင်း တစ်ယောက်ထဲ
ပြောနေမိသည်။

"မေးစရာတွေရှိတယ်၊ မြန်မြန်သတိရလာတော့"

"ငါ....ငါဘယ်ရောက်နေတာလဲ။"

"သတိရလာပြီလား၊ ဆေးရုံရောက်နေတာ.... ဗိုက်ဆာလား"

"ဘာလို့ဆေးရုံမှာရှိနေရတာလဲ"

"ဆေးရုံရောက်တဲ့အကြောင်းက
ဆိုင်ကယ်မှောက်လို့၊ ဆေးရုံမှာဆက်နေရတဲ့အကြောင်းက တစ်ခြား ရောဂါကြောင့်တဲ့ ဘာလို့ငါ့ကိုမပြောပြခဲ့တာလဲ"

"ငါ့မှာ ဘာရောဂါမှမရှိဘူး"

"ဒါဆို ဒီဆေးရုံက ဆရာဝန်တွေက
လိမ်ပြောတာထင်တယ်။"

"..........."

"ထားပါ အဲကိစ္စနောက်မှပြောကြတာပေါ့၊ အခု ဗိုက်ဆာတယ်မလား၊
ဆန်ပြုတ်ဝယ်ထားတာ မင်းက သတိရမလာသေးတော့ ဆန်ပြုတ်တွေအေးသွားတာနဲ့ ငါစားလိုက်တာ၊ အသစ်သွားဝယ်ပေးမယ်လေ၊ ပြီးတော့
အိုဗာတင်း ဖျော်ပေးခဲ့မယ်။"

"မဆာပါဘူး ၊ မင်းသွားစရာရှိတာသွားလို့ရတယ်၊ ငါဘာမှမဖြစ်ဘူး။"

𝑾𝒉𝒆𝒏 𝑻𝒉𝒆 𝑻𝒊𝒎𝒆 𝑰𝒔 𝑹𝒊𝒈𝒉𝒕 ʕᵒⁿᵍᵒⁱⁿᵍʔWhere stories live. Discover now