Part - 1

338 29 1
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းလို့မရလို့ ဖြည့်ဖတ်ပေးပါ)

တနေ့ ဂျယ်ယွန်း ညနေဘက် အချိန်ပိုင်းအလုပ်ကနေပြန်လာချိန် အိမ်ရှေ့မှာ အနက်ရောင် ကားတွေ 2/3 စီးလောက်တွေ့နေတာမို့ ဒေါ်လေးတစ်ခုခုများဖြစ်နေပြီလားလို့ စိုးရိမ်စိတ်နဲ့ပြေးဝင်လာခဲ့တယ်။

"ဒေါ်လေး!"

"ဟိုမှာ ဟိုမှာပါ သူ့ကို ရှင့်သားက သဘောကျရင် ယူသွားလို့ရပါတယ်"

"ဟင်"

ဂျယ်ယွန်းကြောင်သွားတယ်။ ဒေါ်လေးက သူ့ကိုလက်ညှိုးပြီး သန့်သန့်ပြန့်ပြန် နဲ့ အနက်ရောင်ဝတ်ဆုံကိုဝတ်ဆင်ထားတဲ့ ဦးလေးကြီးရယ် သူ့ဘေးက ရုပ်ချောချောကောင်လေးတစ်ယောက်ရယ်ကိုပြောနေတယ်။

"သူက?"

"ကျွန်မတူလေးပါ ရှင်တို့လိုချင်ရင်ယူသွားပါ"

"ဒေါ်လေး ကျွန်တော် မလိုက်ဘူးနော်"

"မလိုက်လို့မရဘူး ရှင်းမ်ဂျယ်ယွန်း ငါနင့်ကိုတစ်သက်လုံးစောင့်ရှောက်လာတာ ဒီတစ်ခါတော့ ငါ့သဘောအတိုင်းလိုက်ရောပေးစမ်းပါ"

ဂျယ်ယွန်းလည်းဘာမှဆက်မပြောတော့ဘူး။ ဟုတ်တယ်လေ ဒေါ်လေးက သူ့ကို နှိပ်ဆက်နေတယ်ဆိုပေမဲ့ ဒေါ်လေးမရှိရင် သူဘယ်မှာသွားနေရမှာလဲ။ အခုလိုက်သွားရင် ဒေါ်လေးလည်းပျော်ရမယ်။ သူလည်း နှိပ်ဆက်မခံရတော့ဘူး။ ဒါမဲ့ဟိုကြရင် သူ့တို့ကဘာလုပ်မှာလဲ။ ညီလေးကရော?။

"သား ဘယ်လိုလဲ"

"သဘောကျတယ် အ့ပါး"

"ကောင်းပြီ ကျုပ်တို့ သူ့ကို ခေါ်သွားပါမယ် အကြွေးတွေပေးစရာမလိုတော့ဘူး"

"ကျေးဇူးပါရှင် ဂျယ်ယွန်း အပေါ်မှာအထုပ်တွေသွားပြင်တော့"

"ဒေါ်လေး ညီလေးကရော"

"သူကငါနဲ့နေခဲ့မှာ"

"ညီလေးကို ကျတော်မရှိတုန်း မနှိပ်ဆက်ပါနဲ့နော်"

ဆောင်ဟွန်းက ထိုအဒေါ်ကြီးကို ကြည့်လိုက်တယ်။ 6နှစ်ကလေးကို နှိပ်ဆက်နေတာလားပေါ့။

"မင်းဘာတွေပြောနေတာလဲ သွားပြင်တော့သွား"

"ယူမနေပါနဲ့ ကျုပ်တို့ဘက်က အကုန်အဆင်ပြေအောင်ထားပေးပါ့မယ်"

if i was your boyfriend // JakeHoonDonde viven las historias. Descúbrelo ahora