part - 4

164 18 2
                                    

( တချို့ စာလုံးတွေ uni နဲ့ပေါင်းလို့မရလို့ဖြည့်ဖတ်ပေးပါ)

"ဟင့် ဆောင်ဟွန်း ဆောင်ဟွန်း!"

"ယွန်း! ဘာလို့လဲ ယွန်းငယ်"

ဂျယ်ယွန်း က ငိုပြီးအိမ်ထဲကိုပြေးဝင်လာပြီးဆောင်ဟွန်းကိုရှာတာကြောင့် အပေါ်ကနေ ပြေးဆင်းလာတဲ့ဆောင်ဟွန်း။

"ဟင့် ဆောင်ဟွန်း မင်လေး ပျောက်သွားပြီ"

"မင်လေး ပျောက်သွားတယ် ဟုတ်လား"

"ဆောင်ဟွန်း မင်လေးကို ရှာပေး"

"ကိုယ်ရှာပေးမယ်နော် ခနလေး"

"မရဘူး အခု ရှာပေးလို့ ဟင့်"

ဂျယ်ယွန်းက အရမ်းငိုပြီးပြောတယ်။

"ယွန်းငယ် ကိုယ်ရှာပေးမှာမို့ ယွန်းက ဘယ်လိုပျောက်ခဲ့တာလဲဆိုတာ ကိုယ့်ကိုပြောပြရမယ်"

"ငါ..ငါပြောပြမယ်
ဆောနူ မနက်က လာခေါ်တာ မင်းသိတယ်မလား။ ငါတို့ ကစားကွင်းကိုလာခဲ့ကြတာ။ ငါတို့သုံးယောက်လုံး ကားမောင်းတဲ့ဂိမ်းဆော့နေတာ ငါလဲ တစ်ချိန်လုံး မင်လေးကို ကြည့်နေခဲ့တာ..ဟင့် ဒါမဲ့ ငါနောက်တစ်ခါထပ်ကြည့်တော့ မင်လေးမရှိတော့ဘူး။ ငါလဲ ကစားကွင်းတစ်ခုလုံးပတ်ရှာပါသေးတယ်။ ဒါမဲ့မတွေ့ခဲ့ဘူး ဟင့်"

"ဟုတ်တယ်ဟျောင်းရဲ့"

"ယွန်းဘာမှစိတ်မပူနဲ့ ကိုယ်ရှာပေးမယ်"

(sunoo became a third preson)

ဆောင်ဟွန်းလဲ သူ့လူတွေလွှတ်ပြီး ရှာခိုင်းထားပေမဲ့ 10နာရီထိုးတဲ့ထိပြန်မလာခဲ့ဘူး။ ဂျယ်ယွန်းက အရမ်းငိုနေခဲ့တယ်။

"ယွန်းရယ်မငိုပါနဲ့ မင်လေးက ပြန်လာမှာပါ"

*တီတီတီ*

"ဟယ်လို ဒေါ်လေး"

"ရား ရှင်းမ်ဂျယ်ယွန်း နင်ကလေးကို ဘယ်လို စောင့်ရှောက်ထားတာလဲ"

"ဟင်"

"ဂျယ်မင် ပျောက်သွားတယ်မလား အခု ငါ့အိမ်မှာ အမြန်လာခဲ့"

"ဟင် မင်လေးက ဒေါ်လေးအိမ်မှာလား ကျတော်အခုလာခဲ့မယ်"

ဆောင်ဟွန်းနဲ့တူတူထွက်လာခဲ့လိုက်တယ်။

if i was your boyfriend // JakeHoonWhere stories live. Discover now