Part - 5

167 19 4
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ဖတ်လို့မရလို့ ဖြည့်ဖတ်ပေးပါ)

နောက်တစ်နေ့ည ဂျယ်ယွန်း ဆောနူနဲ့ အတူ ညစာစားမလို့လာနေတုန်း တွေ့လိုက်ရတဲ့ စားသောက်ဆိုင် တစ်ခုကမြင်ကွင်း။ ဆောင်ဟွန်းနဲ့မိန်းကလေးတစ်ယောက်ပါ။ ဆောင်ဟွန်းက မတ်တပ်ရပ်လိုက်တော့ ထိုမိန်းကလေးက လှမ်းဆွဲတယ်။ ဂျယ်ယွန်းလဲ သူတို့ဝင်စားမဲ့ဆိုင်ကလဲ ဒီဆိုင်ဆိုတော့ဝင်လာခဲ့တယ်။ အထဲရောက်တော့ ထိုမိန်းကလေးက ငယ်စဥ်က သူနဲ့ ရန်ညှိိုးတွေရှိခဲ့တဲ့ မိန်းကလေး။ ထိုမိန်းကလေးက သူ့ကိုမြင်တော့ ဆောင်ဟွန်းကိုဆွဲနမ်းလိုက်တယ်။ ထိုမြင်ကွင်းက ဂျယ်ယွန်းရင်ဘက်ကို ဓားနဲ့ဆောင့်ထိုးလိုက်သလိုပဲ။

ဂျယ်ယွန်းငိုပြီးထွက်ပြေးသွားခဲ့မိတယ်။

"ဂျယ်ယွန်း!"

ဆောနူကလှမ်းအော်တယ်။

ဆောင်ဟွန်းကလဲဂျယ်ယွန်းကိုမြင်သွားတော့ ထိုမိန်းကလေးကို ဆောင့်တွန်းလိုက်ပြီး ဂျယ်ယွန်းနောက်ကိုလိုက်လာခဲ့လိုက်တယ်။ လိုက်လာခဲ့ပေမဲ့ ဂျယ်ယွန်းကိုရှာမတွေ့ခဲ့ဘူး။ ဆောနူနဲ့ လူခွဲရှာခဲ့ကြပြီး ညမိုးချုပ်လာခဲ့ပြီး မိုးတွေလည်းရွာချလာခဲ့သည်။ ဂျယ်ယွန်း မိုးချိန်းသံကိုကြောက်တာ ဆောင်ဟွန်းသိသည်။ မိုးတွေအရမ်းရွာပြီး မိုးချိန်းသံတွေပါဆူညံနေတာကြောင့် ပိုပြီးစိုးရိမ်လာမိသည်။

"ယွန်းရယ် ယွန်းအခု ဘယ်မှာများရှိနေမလဲ"

နောက်ဆုံး ကားမှတ်တိုင်တစ်ခုက ခုံဘေးမှာ ထိုင်ပြီးငိုနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်သည်။ ထိုကောင်လေးက ဆောင်ဟွန်း ရဲ့ ခွေးပေါက်လေးမှန်းသိသာနေခဲ့တယ်။ ဆောင်ဟွန်းလည်း တွေ့တာနဲ့ ချက်ချင်းပြေးဖက်ခဲ့တယ်။

"ယွန်း!"

"မထိနဲ့သွား ငါ့ကို လာမထိနဲ့"

"ယွန်း ကိုယ် ဟိုမိန်းကလေးနဲ့ဘာမှမဟုတ်ဘူး"

"လာမထိနဲ့ ငါ့ကို! မင်း..မင်းငါ့ကို ချစ်တယ်ပြောပြီး တခြားမိန်းကလေးနဲ့ မင်းနမ်းတယ်!"

"ကိုယ် သူနဲ့ တကယ်မနမ်းမိခဲ့ဘူး ကိုယ့်ကိုယုံပါ သူက ကိုယ့် အကျီ်မှာတစ်ခုခုပေနေလို့ပြောပြီး ယွန်းအထင်လွဲအောင်လုပ်ခဲ့တာ!"

if i was your boyfriend // JakeHoonWhere stories live. Discover now