part - 2

218 23 4
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ ပေါင်းလို့မရလို့ ဖြည့်ဖတ်ပေးပါ)

မနက်ပိုင်း မနက်စာစားနေရင်း ဂျယ်ယွန်းမှာ ဆောင်ဟွန်းကို လုံးဝ မျက်နှာချင်းမဆိုင်နိုင်ခဲ့ပါ။ ဆောင်ဟွန်းကို ကြည့်မိရင် ညက အကြောင်းကပဲခေါင်းထဲ​ ပေါ်ပေါ်လာတာကြောင့်ဖြစ်သည်။ ဆောင်ဟွန်းကတော့ အဲ့လိုမဟုတ်ပဲ ဂျယ်ယွန်းကို တစ်ချက်တစ်ချက် စိုက်ကြည့်သည်။ စားပြီးတော့လဲ ဆောင်ဟွန်းနဲ့မျက်နှာချင်းမဆိုင်ချင်တာကြောင့် အိမ်အကူတွေ ပန်းကန်ဆေးနေတာကို ကူညီချင်တယ်ဆိုပြီး ဝင်ကူပေးနေလိုက်ပါတယ်။ ရုတ်တရပ် အိမ်အကူတွေက ပျောက်သွားပြီး ဆောင်ဟွန်းဝင်လာခဲ့တယ်။ ဂျယ်ယွန်းက သတိမထားမိဘဲ ပန်းကန်ဆေးနေရင်း အနောက်ကနေ ဆောင်ဟွန်းကလာသည်။ မျက်နှာကို ဆွဲလှည့်လိုက်ပြီး နမ်းလိုက်တဲ့ဆောင်ဟွန်း။ ဒီတစ်ခါလည်း ဂျယ်ယွန်းက အတင်းရုန်းသည်။

"မလုပ်နဲ့ ဆောင်ဟွန်း သူများတွေမြင်ရင်မကောင်းဘူး"

"အခု ဒီနေရာမှာ ကိုယ်တို့ပဲရှိတာ sex လုပ်နေရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူး"

"တော်ပြီး ငါသွားတော့မယ်"

ဂျယ်ယွန်းက လက်တွေဘာတွေဆေးကြောပြီးထွက်လာဖို့လုပ်ပေမဲ့ ဆွဲလှည့်ခံလိုက်ရတယ်။

"မ​ပြေးပါနဲ့လား ဟွန်"

ဆောင်ဟွန်းက ဂျယ်ယွန်းနားကိုတိုးလာခဲ့တယ်။

"ငါ့ကို ဘာမှမလုပ်ပါနဲ့"

ဆောင်ဟွန်းက ခါးကို အတင်းလာဖက်တယ်။ နှုတ်ခမ်းကို နမ်းနေရင်း လည်းပင်းကိုရောက်လာခဲ့တယ်။

"မလုပ်ပါနဲ့"

ဆောင်ဟွန်းက ဂျယ်ယွန်း အကျီ်ကြယ်သီးကို တစ်လုံးချင်းဖြုတ်နေပေမဲ့ ဂျယ်ယွန်းက ငိုလာတာကြောင့် ပြန်တပ်ပေးလိုက်တယ်။

"မငိုနဲ့ ကိုယ် မကြိုက်ဘူး"

"မင်း..မင်းက ငါစိတ်မပါတာကို အတင်းလုပ်..လုပ်နေတာကို ဟင့်"

"ကိုယ် အခုဘာမှမလုပ်တော့ဘူးလေ မငိုနဲ့တော့ လာ"

ဆောင်ဟွန်းလဲ ငိုနေတဲ့ ​ခွေးပေါက်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ မြင်တောင်မမြင်ရတော့ပဲ ဆောင်ဟွန်းရင်ခွင်ကျယ်ကြီးထဲမှာ မြုပ်ဝင်သွားတဲ့ ပိစိလေး ဂျယ်ယွန်း။

if i was your boyfriend // JakeHoonजहाँ कहानियाँ रहती हैं। अभी खोजें