Part - 8 (end)

184 12 2
                                    

(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းမရလို့ ဖြည့်ဖတ်ပေးပါ)

အနှစ် 20 ကြာသွားတဲ့အခါ

ဆောင်ဟွန်းတို့လည်း သားလေးနှစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေပြီ ဂျွန်ဆောင်းကတော့ ထောင်ထဲမှာပဲ သေဒဏ်ပေးခံလိုက်ရတယ်။ သူတို့သားတွေနာမည်က သူတို့နာမည်နဲ့မတူဘူး။ အကြောင်းကတော့ ဆောင်ဟွန်းကြောင့်ပင်။ ဆောင်ဟွန်းက "ရှင်းဂျယ်ယွန်း" ဆိုတဲ့နာမည်လေးကို သိပ်မြတ်နိုးတာကြောင့် ကလေးတွေ နာမည်မှာ တစ်လုံးလေးတောင် မထည့်ချင်ဘူးတဲ့ နောက်ပိုင်း သူ့တို့ကလေးတွေကလဲ အိမ်ထောင်ကျလို့ ကလေးရလာတဲ့အခါ ယွန်းရဲ့ နာမည်လေးတစ်လုံးလောက်ပါသွားမှာကိုတောင် မလိုလားလို့ပါတဲ့။

သားအကြီးလေးရဲ့နာမည်က ယန်းဂျောင်ဝန်း

သားငယ်လေးနာမည်က နီရှီမူယာ ရီကီတဲ့

သားအကြီးလေးက ကိုရီးယား စစ်စစ် ကိုရီးယားမှာပဲမွေးတာ
သားငယ်လေးက ဂျပန်ကိုအလည်သွားရင်း မွေးတာဆိုတော့ ဂျပန်ကောင်ကြီး ဂျပန်တစ်ပိုင်း ကိုရီးယားတစ်ပိုင်းပေါ့။

ကဲအတွေးတွေခဏဖျောက်မယ်။

"ပါးပါး"

"ဟင် သား မင်းဘေးက ကောင်လေးက?"

"သူကလား ဘိုးဘိုး အကြွေးတောင်းခိုင်းလိုက်တဲ့ အိမ်ကလေ သားသဘောကျလို့ခေါ်လာတာ နာမည်က ကင်မ်ဆောနူတဲ့"

ပြောပြီးချက်ချင်း ဂျောင်ဝန်းကလည်း အထုပ်တွေဆွဲပြီးဆင်းလာတယ်။ အိမ်ပေါ်က ဆင်းတော့မလို့တဲ့ ဘာတွေဖြစ်ကုန်ကြတာလဲ။

"ပါးပါး သားအိမ်ပေါ်ကဆင်းတော့မယ်"

"ပတ်ဆောင်ဟွန်းရေ လာပါအုံး ရှင့်သားတွေကိုထိန်းပါအုံး"

"ယန်းဂျောင်ဝန်းမင်းက ဘာ ကိစ္စ အိမ်ပေါ်ကဆင်းမှာလဲ"

"သားသူငယ်ချင်းပေါ် အကြွေးတင်နေတာ သူက သားကိုသိမ်းမယ်တဲ့ အဲ့ဒါအခုလိုက်သွားတော့မလို့"

"မသွားရဘူး မကျေနပ်ရင် မင်းလင်ကို အိမ်ခေါ်ထား"

"အိုကေ ဒယ်ဒီ အခုပဲ ဖုန်းဆက်လိုက်မယ်"

"အမ်..."

ဆောင်ဟွန်း နဲ့ ဂျယ်ယွန်းလဲ ဘာမှမတက်နိုင်တော့။ အကြွေးသွားတောင်းခိုင်းတာ တောင်းမလာပဲ သဘောကျလို့အိမ်ခေါ်လာတဲ့သားနဲ့ ဘာအကြွေးတင်နေမှန်းမပြောပဲ အတင်းအိမ်ပေါ်က ဆင်းမယ်ပြောတဲ့သားနဲ့ အို ရူးချင်ပါတယ်။ အခုတော့ အိမ်မှာ ဆောင်ဟွန်းအ့ပါးရယ် ဆောင်ဟွန်းရယ် ဂျယ်ယွန်းရယ် သူတို့သားတွေရယ် သူတို့သားတွေရဲ့ရည်းစားတွေရယ်နဲ့အတူနေရသည်။

"ယွန်းရေ မောင်က ယွန်း နာမည်လေးကို မြတ်နိုးလို့ သူတို့ နာမည်မှာ တစ်လုံးလေးတောင်မထည့်တာ အခုကြတော့လဲ အကြွေးကစတဲ့ အချစ်က ရာဇဝင်တွင်တော့မှာပဲကွာ"

အတူ ထမင်းစားနေရင်း ဆောင်ဟွန်းစကားကြောင့် ထမင်းဝိုင်းက ရယ်သံတွေနဲ့ဖြစ်သွားခဲ့သည်။

----------------------------

တို့ ရေးတာတွေအကုန်လုံးက HE တွေပဲပေါ့နော်

ပြီးရင် ကိုယ်တွေကရေးလိုက်ရင် ဘယ် uke မဆို သားအိမ်က ပါလာရသေး 😆

fic လေးတစ်ခုနဲ့ နောက်ကြရင် မိတ်ဆက်ပေးမယ် ><

ခွဲရပါပြီပေါ့နော် အာဘွားယူ ^-^

if i was your boyfriend // JakeHoonWhere stories live. Discover now