Part-1

597 59 27
                                    

ရွှေရောင်တဝင်းဝင်းတောက်ပနေသည့် စံအိမ်ကြီးတစ်ခုက ဆိုးလ်မြို့​၏အလယ်ပိုင်းတွင် ခန့်ခန့်ညားညားတည်ရှိနေခဲ့သည်။ ထိုစံအိမ်ကြီးတွင် နေထိုင်သူများက တခြားသူတော့မဟုတ်။

ပြည်ထောင်စုသမ္မတကိုးရီးယားနိုင်ငံတော်​၏ ၉၅ရာခိုင်နှုန်းသော စီးပွားရေးများကို ချုပ်ကိုင်ထားသည့် Jမိသားစုပင်ဖြစ်သည်။ မျိုးရိုးဘက်ကိုကြည့်လျှင်လဲ တစ်မိသားစုလုံးဟာ Dominant Alpha ဖြစ်သည့်အပြင်၊ IQပိုင်းသာမက EQလဲ အတော်လေးမြင့်​၏။

ထိုကဲ့သို့အရှိန်အဝါကြီးမားသည့် Dominant Alpha မိသားစုကို ဦးဆောင်နေသူမှာ အသက်ကြီးကြီး အဖွားကြီးတစ်ယောက်ဟုသိထားကြပေမဲ့ တကယ့်လက်တွေ့မှာတော့ အသက် ၂၃နှစ်ကျော် ကောင်လေးတစ်ယောက်သာဖြစ်သည်။

Dominant alphaမျိုးရိုးက ဆင်းသက်လာသည့် ထိုအမျိုးသားက ညာဘက်လက်တွင် တက်တူးအပြည့်ထိုးထားသေးသည်။ သို့ရာတွင် ခပ်ကြမ်းကြမ်းမျက်နှာပိုင်ရှင်ဟုမထင်လေနှင့်၊ ရုပ်ရည်အရမှာလဲ တော်တော်လေးကြည့်ကောင်းသည်မို့ Nation's first loveအဖြစ် နာမည်ပြောင်ပေးခြင်းခံထားရ​၏။

မိခင်ဝမ်းထဲရှိစအရွယ်ကတည်းက ထိုသူကို သယ်ဆောင်ထားရသည့်အမျိုးသမီးမှာ ရွာတစ်ရွာအပေါ် မိုးတွေကျလာပြီး ထိုမိုးစက်များနှင့်ထိသမျှအရာတိုင်းဟာ ရွှေဖြစ်သွားသည်ဟူသော အိပ်မက်ကိုမြင်မက်ခဲ့တာမို့ Jမိသားစုရဲ့ Golden Maknaeတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ထို့အပြင် ဝမ်းဗိုက်ထဲမှကျွတ်၍ ကမ္ဘာကြီးထဲသို့ စတင်ရောက်လာသည့်နေတွင် Jလုပ်ငန်းစု​၏ရှယ်ရာများ တဟုန်ထိုးတိုးတက်လာခဲ့တာကြောင့် အဖိုးဖြစ်သူမှာ လူမျိုးစုတစ်စု​၏မဏ္ဍိုင်ဟု အဓိပ္ပာယ်ရသော 'ဂျောင်ကု'ဆိုသည့် နာမည်ကိုပေးခဲ့​၏။

'ဂျွန်'မိသားစု​၏ မဏ္ဍိုင်ဖြစ်လာသည့် 'ဂျွန်ဂျောင်ကု'အကြောင်းကိုပြောရမည်ဆိုလျှင် ပြောလို့တောင်ကုန်နိုင်မည်မဟုတ်။

ပညာရေး၊ အားကစား၊ လူမှုဆက်ဆံရေး အစရှိသဖြင့် ဘက်ပေါင်းစုံထူးချွန်သူဖြစ်တာမို့ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူဟုသာ တင်စားချင်ပါသည်။

Dada JeonWhere stories live. Discover now