"ဂျွန်ဂျောင်ကု!"
"မာမီ!"
သားအမိနှစ်ယောက် တစ်ယောက်တစ်ခွန်းအပြန်အလှန်အော်ရင်း ပြင်းထန်သည့် pheromone များဟာလဲ အခန်းထဲတွင်ပြည့်နှက်လျက်။
"မာမီ သဘောမတူနိုင်ဘူး"
"မာမီသဘောမတူလဲ သားကတော့ ခွဲနေမှာပဲ မာမီ"
အိမ်ခွဲနေဖို့ကိစ္စပြောရင်း အနည်းငယ်ကတောက်ကဆတ်ဖြစ်ကြခြင်းဖြစ်သည်။ မာမားဘက်က ကြည့်ရင်လဲ တစ်ဦးတည်းသော သားယောကျ်ားလေး၊ Jလုပ်ငန်း၏ ခေါင်းဆောင်ဖြစ်သည်မို့ Jအိမ်တော်က ထွက်မသွားစေချင်။
ဂျောင်ကုဘက်ကကြည့်လျှင်လည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်သည်မို့ Jအိမ်တော်က အတတ်နိုင်ဆုံးထွက်သွားချင်ပါသည်။
Jအိမ်တော်မှာ ဘယ်လောက်ပဲပြည့်စုံတယ်ဆိုဦးတော့ အန်တီငယ်နှင့် မမလတ်တို့၏ ဒဏ်က မသေးဘူးမို့လား။ အလိမ်တန်းပြောရလျှင် အန်တီငယ်က မာမားရဲ့အမွေတွေကို မျက်စောင်းထိုးနေတာကြာခဲ့ပြီ။
ဒါကတော့ ထားလိုက်ပါ၊ သူတို့ညီအစ်မကိစ္စမို့ သူဘာမှဝင်မပြောချင်။ သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ထယ်ယောင်းကိုမထိလာဖို့သာ။
"မသွားရဘူး သား! မင်း ဒီအိမ်ကနေ ခြေတဖဝါးတောင် မခွာရဘူး!"
"မာမီက တကယ် တကိုယ်ကောင်းဆန်တာပဲ"
ထိုစကားက တည်ငြိမ်နေသည့်ကန်ရေပြင်ထဲကို ခဲလုံးတစ်လုံးပစ်ချလိုက်သလိုပင်။ ဒါမှမဟုတ် အနာပေါ် တုတ်ကျသွားတာများလား။
"မင်း-မင်း ဘယ်လိုပြောလိုက်တာလဲ" "မာ-မာမီက တကိုယ်ကောင်းဆန်တယ်တဲ့လား"
"ဟုတ်တယ်လေ မာမီက အမြဲတကိုယ်ကောင်းဆန်တယ်" "မာမီဖြစ်ချင်တာကိုပဲသိတယ်....မျှမျှတတရှိတဲ့ပုံစံနဲ့ မာမီခြယ်လှယ်ချင်တိုင်း ခြယ်လှယ်တာ အဲ့တာ မာမီ့အကျင့်လေ"
"ဂျွန်ဂျောင်ကု! မင်းစကားတွေမလွန်လာနဲ့နော်! မာမီ့သားက ဒီလိုအရိုင်းအစိုင်းမဟုတ်ဘူး!"
"မာမီ့ရဲ့ တကိုယ်ကောင်းဆန်တဲ့စိတ်ဓာတ်ကြောင့် အဖေဆုံးသွားရတာလေ!"
YOU ARE READING
Dada Jeon
Fanfictionအေးစက်ကာ အထီးကျန်မှုအတိပြီးနေသော အသူရာချောက်နက်ထဲ နစ်မြုပ်နေခဲ့သည့်သူ့အတွက် ထယ်ယောင်းက တစ်ခုတည်းသောတောက်ပမှုလေးအဖြစ်တည်ရှိနေခဲ့သည်မို့ ထို့သူကို အမိအရလှမ်းဆွဲထားချင်မိသည်။