Part-7

244 43 3
                                    

ပတ်ဝန်းကျင်တစ်ခုလုံးဟာတိတ်ဆိတ်နေသည်။ ပုံမှန်ဆိုရင် တိတ်ဆိတ်နေတတ်သည့်နေရာမဟုတ်သော်လည်း အချိန်အားဖြင့် စောနေသေးသည်ကြောင့်လား။

သို့သော်လည်း သူတစ်နှစ်တာအချိန်ယူပြီး ပြင်ဆင်ခဲ့ရသည့် မိဘမဲ့ဂေဟာလေးကိုအဝေးကလှမ်းကြည့်ရင်း အနည်းငယ်ပြုံးမိပါသည်။

ထိုဂေဟာလေးမှာ သည်းခံတတ်ပြီး မေတ္တာပြည့်ဝတဲ့ ဖာသာကြီးရှိနေလို့တော်သေးတယ်ပြောရမည်။ ကလေးတွေအကုန်လုံးကို တစ်မိုးအောက်ထဲထားပြီး ပြုစုဖို့ဆိုတာ လွယ်မှမလွယ်ပဲ။

နယ်ဘက်က ဂေဟာလေးက အရင်ကဆို ခေါင်မိုးတွေကအစမိုးယိုလို့။ အလှူရှင်မရှိသည့်ရက်တွေဆို သုံးနပ်စလုံးကို ဆန်ပြုတ်ကြီးသာကျွေးခဲ့ရတာ။ တခါတလေများ မိုးသည်းပြီဆိုရင် တာလပတ်တွေနဲ့ဟိုကာ ဒီကာနှင့်ကာရသေး။

တော်တော်ခက်ခဲကြမ်းတမ်းလောက်မည်ဟုယူဆမိတာကြောင့် ထိုနေရာကိုပြုပြင်ဖို့သူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ဂျောင်ကု​၏ ဆုံးဖြတ်ချက်ကတော်တော်လေးမှန်ကန်သည်ဟုပြောရမလား။

ဖာသာကြီးက သူလှူသမျှအလှူငွေအကုန်လုံးကို ခြွေခြွေတာတာနှင့် အသုံးဝင်မည့်နေရာလေးတွေမှာသုံးသည်မို့ စိတ်ချဝမ်းသာရသည်။

ဂေဟာထဲဝင်မသွားပဲ ကားပေါ်ထိုင်နေသည်မှာသိပ်မကြာလိုက်၊ ဖာသာကြီးမှာ ဂေဟာထဲကထွက်လာပြီး အပင်များကို ရေလောင်းနေ​၏။ အထဲကအသံလေးတွေဟာလဲ တကျက်ကျက်နှင့်ဆူညံလို့လာကာ ထိုဂေဟာလေးက အသက်ဝင်လာခဲ့ပြီဖြစ်သည်။

အချိန်အားဖြင့်ဆိုရင်တော့ နံနက် ၆နာရီထိုးခဲ့ပြီ။

ထို့ကြောင့် ကားပေါ်မှာဆက်ပြီးမနေတော့ပဲ ဂေဟာဆီကိုဦးတည်လာတော့ ဖာသာကသူ့ကိုလှမ်းကြည့်လာ​၏။ ထို့နောက် လက်ထဲကရေပုံးကိုချကာ သူ့ဆီကိုလျှောက်လာပြီး

"အလှူရှင်ကြီး ရောက်လာတာပဲ"  "အထဲဝင်ပါဦး"

ဂျောင်ကုကို ဧည့်ဝတ်ပြုရန် ရုံးခန်းထဲကိုသာ တန်းခေါ်သွားခဲ့သည်။ တခြားနေရာဆိုရင် ကလေးတွေနဲ့ဆူညံနေဦးမှာမဟုတ်လား။

Dada JeonKde žijí příběhy. Začni objevovat